ရန်ကုန်တွင် ဗုံးပေါက်ကွဲမှု ၁၂ ကြိမ်ဖြစ်ပွားခဲ့ပြီး ၄ဦးသေဆုံး

ရန်ကုန်တိုင်းအတွင်းရှိ အင်းစိန်မြို့နယ် ၊လှိုင်သာယာမြို့နယ်၊ မဂ်လာဒုံ မြိုနယ်အပါအဝင် မြို့နယ်အချို့တွင် ဗုံးပေါက်ကွဲ မှု ၁၂ ကြိမ်ဖြစ်ပွားခဲ့ပြီး လှိုင်သာယာ နှင့် အင်းစိန်မြို့နယ်တို့ ဖြစ်ပွားသည့် ပေါက်ကွဲမှုများတွင် လေးဦးသေဆုံး ခဲ့ကြောင်း ရန်ကုန်မြို့ခံများထံက သိရသည်။

“ညက ၈နာရီလောက်ပဲရှိသေးတယ်၊ ဗုံးတွေပေါက်တာ။ မဂ်လာဒုံမြို့နယ်မှာ (၃)လုံး လှိုင်သာယာဘက်မှာ (၆)လုံး အင်စိန်ဘက်မှာ (၃)လုံး အင်းစိန်နဲ့ လှိုင်သာယာဘက်မှာတော့ လူ (၄) ယောက် ဗုံးထိမှန်ပြီး နေရာမှာပဲ ပွဲချင်းပြီးသေတယ်” ဟု ရန်ကုန်မြို့ခံတစ်ဦးကပြောသည်။

ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များနှင့် ပတ်သက်ပြီး စစ်ကောင်စီ၏ ဝါဒဖြန့် မီဒီများတွင် ဗုံးထောင်သူများနှင့် သယ်လာသူများ သေဆုံးသည်ဟု ဖော်ပြနေသည်ကို တွေ့ရသော်လည်း သတင်းမှန်မှာ စစ်ကောင်စီနှင့် ပတ်သက်သူများသာ ထိခိုက်ခြင်းဖြစ်ကြောင်း ရန်ကုန်မြို့ခံအချို့က ဆိုသည်။

ရန်ကုန်တွင်လုံခြုံရေး တင်ကြပ်ထားပြီး ပတ်ကင်းလှည့်ကင်း ကင်းပုန်းများကို စစ်ကောင်စီကချထားသည့်အပြင် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တည်းခိုးခန်း၊ဟိုတယ်များနှင့် ကားဂိတ်များ အပါအဝင် လူနေရပ်ကွက်များကိုပါ ဧည့်စာရင်းစစ်ဆေးမှုများ လုပ်ဆောင်နေသည်။

မတ်လ ၁ ရက်နေ့ အစောပိုင်းကလည်း ဦးပိုင်ဆီလှောင်ကန့်သို့ လေယာဉ်ဆီ တင်ဆောင်လာသည့် ရေယာဉ်ကို မိုင်းထောင်ဖောက်ခွဲခဲ့ကြောင်း ရန်ကုန်တိုင်း ပကဖက သတင်းထုတ်ပြန်ထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *