ကျောက်ကြီးနယ်တိုက်ပွဲအတွင်း စစ်အုပ်စုဘက်မှ တပ်ရင်းမှူးအပါဝင် ၃၀ဦးသေဆုံး

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊နောင်ကုန်းကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကြောင်းကို ဒေသတော်လှန်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့ တယ်လို့ ရိုးမ‌စစ်ကြောင်း(၂)စစ်ကြောင်းကသတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်က တပ်ရင်းမှူးအပါဝင် ၃၀အထက်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲထဲမှာ အထိနာသွားတဲ့ စစ်ကောင်စီတပ်တွေက နောင်ကုန်းရွာကို မီးရှို့ဖျက်စီးခဲ့ပြီး ပြန်အဆုတ်မှာ ရိုးမ ၂ စစ်ကြောင်း ဒရုန်းတပ်ဖွဲ့က ဝေဟင်ကနေ ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *