လှည်းကူးက ဇရိုးမိုင် စစ်ကောင်စီဂိတ် ‌ဖောက်ခွဲတိုက်ခိုက်ခံရ

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ် ဇီးရိုးမိုင်ရှိ စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်အား ယနေ့ မတ်လ ၁ ရက် ညနေ ၄ နာရီ ၄၀ မိနစ်ခန့်တွင် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်အနောက်ပိုင်းခရိုင် ပကဖ တာဝန်ရှိသူမှပြောသည်။

“အရင်နေ့တွေ အင်အားမရှိဘူး၊ ဒီနေ့မှ မအလ (စစ်ခေါင်းဆောင် မင်းအောင်လှိုင်) ရန်ကုန်လာဖို့ရှိလို့ အင်အားချထားကြတာ။ ဘဲဥ (ယာဉ်ထိန်းရဲ) ရော စစ်ကောင်စီတပ်သားရော အရောပါ၊ ၂၀ ဝန်းကျင်လောက်ရှိမယ်” ဟု ရန်ကုန်အနောက်ပိုင်းခရိုင် ပကဖ တာဝန်ရှိသူက ပြောသည်။

အဆိုပါ စစ်ဆေးရေးဂိတ်အား အနောက်ပိုင်းခရိုင်ပြည်သူ့ကာကွယ်ရေး အဖွဲ့(ပကဖ) နှင့် Yangon Army(YA) တို့မှ ပူးပေါင်း၍ ပြင်းအားမြင့် အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။

ထိုတိုက်ခိုက်မှုတွင် ယာဉ်ထိန်းရဲ လေးဦးနှင့် စစ်ကောင်စီတပ်သား နှစ်ဦး သေဆုံးကြောင်း အတွင်းသတင်းပြန်လည်ရရှိထားရသည်ဟု ရန်ကုန်အနောက် ပိုင်းခရိုင် ပကဖ တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးသေဆုံးမှုနှင့် ပတ်သက်၍ သီးခြားအတည်ပြုချက် ရယူနေဆဲ ဖြစ်သည်။

အဆိုပါ စစ်ဆေးရေးဂိတ်သည် ခရီးသွားများနှင့် ယာဉ်မောင်းများထံမှ ငွေကြေး အဓမ္မကောက်ယူခြင်း၊ ခြိမ်းခြောက်ခြင်းများပြုလုပ်နေသည့်ဂိတ်ဖြစ်ကြောင်း ဆိုသည်။

အနောက်ပိုင်းခရိုင် ပကဖနှင့် Yangon Army (YA) တို့သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကလည်း ဒဂုံမြို့နယ်ရှိ စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ သားဖြစ်သူ အောင်ပြည့်စုံပိုင်ဆိုင်သည့် အောင်မြင့်မိုရ်မင်းကုမ္ပဏီ (MyTel) ကိုလည်း ပြင်းအားမြင့်အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သေးသည်။

၎င်းတို့ တပ်ဖွဲ့များအနေဖြင့် ပြည်သူလူထုအား ဖိနှိပ်နေသူအားလုံးကို ဆက်လက်၍ အစဉ်အမြဲတိုက်ခိုက်သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရန်ကုန်မြို့ MEC ထီးတန်းဆိပ်ကမ်း၌ ဆိုက်ကပ်ထားသည့် စစ်ကောင်စီ၏ လေယာဉ်ဆီတင်ဆောင်ထားသည့် သင်္ဘောကိုလည်း ယမန်နေ့ ဖေဖော်ဝါရီ ၂၉ ရက်နေ့ညနက်ပိုင်းက ရန်ကုန်တိုင်း ပကဖ (ရေငုပ်အထူးတပ်ဖွဲ့) မှ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

Zeroမိုင်တိုးဂိတ်၌ စစ်ဆေးငွေတောင်းနေသော ယာဉ်ထိန်းရဲများအား မြို့ပြပြောက်ကျားအဖွဲ့ တိုက်ခိုက်

ရန်ကုန်မြို့ လှည်းကူမြို့နယ်ရှိ အမြန်လမ်း Zero မိုင်တိုးဂိတ်တွင် ယာဉ်များအား စစ်ဆေးငွေတောင်းနေသော စစ်ကောင်စီလက်ပါးစေ ယာဉ်ထိန်းရဲများအား ပြင်းအားမြင့်အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်တိုင်းစစ်ဆင်ရေးမှ တာဝန်ရှိသူကပြောသည်။

ယနေ့ (မတ်လ ၁ရက်) ညနေ၄ နာရီ ၁၅မိနစ်တွင် အနောက်ပိုင်းခရိုင် ပကဖအဖွဲ့နှင့် Yangon Army(YA)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။

တိုက်ခိုက်မှုကြောင့် ယာဉ်ထိန်းရဲများထိခိုက်မှုရှိကြောင်း ၎င်းက ဆက်ပြောသည်။

ယနေ့ နံနက် အစောပိုင်းကလည်း ရန်ကုန်မြစ်အတွင်းမှ MEC ထီးတန်းဆိပ်ကမ်းသို့ ဆိုက်ကပ်ပြီး ဆီချရန်စောင့်ဆိုင်း​နေ​သော Jet A1 ​လေယာဥ်ဆီတင် MV သင်္ဘောအား ရန်ကုန်တိုင်းပကဖ(​​ရေငုပ်အထူးတပ်ဖွဲ့)မှ ချိန်ကိုက် TNT မိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့​ကြောင်း အဆိုပါ ပကဖ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ အတည်ပြု​ပြောသည်။

“ဒီသင်္ဘောက လွန်ခဲ့တဲ့ ၂ရက် လောက်တည်းက မြစ်ဝ​ရောက်​နေတာ။ အရင်က သီလဝါကိုပဲ ကပ်​နေတဲ့ ​လေယာဥ်ဆီတင်​တွေ ထီးတန်းဘက် လာကပ်မယ်လို့ ကြိုသတင်းရထားတာ။ ဒါ​ကြောင့် သင်္ဘော​ရောက်လာကတည်းက အချိန်ယူပြင်ဆင်ပြီး ​ရေငုပ်ကျွမ်းကျင်ရဲ​ဘော်​တွေက မစ်ရှင်​ဖော်​ဆောင်ဖို့ ​စောင့်​နေခဲ့ကြတာ”ဟု ရန်ကုန်တိုင်းပကဖမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *