ကလေးမြို့နယ်၊ သာယာကုန်းရွာနှင့် ထိုမာရွာ အကြားတွင် တိုက်ပွဲ ဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၈ ဦး သေဆုံး၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ သာယာကုန်းရွာနှင့် ထိုမာရွာ အကြားတွင် တိုက်ပွဲ ဖြစ်ပွားပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၈ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် အမှတ်-၁ စစ်ဒေသ က ထုတ်ပြန်ထားသည်။

မတ်လ ၂ ရက်နေ့တွင် ကလေးမြို့နယ်၊ ထိုမာရွာနှင့် သာယာကုန်းရွာ အကြား ဆပ်သချောက်၌ ထိုမာရွာမှ ထွက်လာသော အင်အား ၆၀ ခန့်ရှိ ခမရ-၇၀၃ မှ အကြမ်းဖက် စစ်သားများနှင့် ပျူစောထီး ပူးပေါင်း စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၈ ဦးသေဆုံးပြီး ၂၀ ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများထံမှ MA ကျည် ၃၉၀၀ တောင့်၊ G-3 ကျည် ၁၀၁ တောင့်၊ လက်ပစ်ဗုံး ၃ လုံး၊ ၄၀ မမ ၃၃ လုံး၊ ၆၀ မမ ၄ လုံး၊ အီနာဂါ ၁ လုံး၊ RPG-7 ၄ လုံး၊ RPG ပို့ယမ်း ၄ ထုတ်၊ MA ကျည်ဘောက် ၉ ခု၊ ကျည်ကာပြား ၂ ပြား၊ လက်ကိုင်ဖုန်း ၄ လုံး၊ ဓာတ်မီး ၅ လက်၊ ငွေကျပ် ၆၄၀၀၀ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ကလေးခရိုင် တပ်ရင်း ၂၊ ၄၊ ၅ ၊ Vakok PDF၊ CDF-KKG၊ RKDF တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

သာယာကုန်းရွာနှင့် ထိုမာရွာကြားတိုက်ပွဲ၌ စစ်ကောင်စီတပ်သား (၈) ဦး သေဆုံး

ကလေးမြို့နယ်၊ ထိုမာရွာနှင့် သာယာကုန်းရွာကြား ဆပ်သချောက်၌ ထိုမာရွာမှ ထွက်လာသော စကစ (တပ်စိစစ်ဆဲ)၊ ပျူစောထီး အင်အား (၃၀) ခန့်နှင့်ခမရ-၇၀၃၊ ပျူစောထီး ပူးပေါင်းအင်အား (၆၀) ခန့်အား ကလေးခရိုင် တပ်ရင်း (၂၊ ၄၊ ၅)၊ Vakok PDF၊ CDF-KKG၊ RKDF ပူးပေါင်းအဖွဲ့တို့မှမတ်လ (၂) ရက်တွင် ပစ်ခတ် တိုက်ခိုက်ခဲ့သည်။

ရန်သူ (၈) ဦး သေဆုံးပြီး (၂၀) ခန့် ထိခိုက်ဒဏ်ရာရသည်။

ရန်သူ့ထံမှ MA ကျည် (၃၉၀၀) တောင့်၊ G-3 ကျည် (၁၀၁) တောင့်၊ လက်ပစ်ဗုံး (၃) လုံး၊ ၄၀ မမ (၃၃) လုံး၊ ၆၀ မမ (၄) လုံး၊ အီနာဂါ (၁) လုံး၊ RPG-7 (၄) လုံး၊ RPG ပို့ယမ်း (၄) ထုတ်၊ MA ကျည်ဘောက် (၉) ခု၊ ကျည်ကာပြား (၂) ပြား၊ လက်ကိုင်ဖုန်း (၄) လုံး၊ ဓာတ်မီး (၅) လက်၊ ငွေကျပ် (၆၄,၀၀၀) သိမ်းဆည်းရမိသည်။

အမှတ် (၁) စစ်ဒေသ


Comments

Leave a Reply

Your email address will not be published. Required fields are marked *