နွားထိုးကြီးမြို့နယ်နှင့် မုံရွာ-ချောင်းဦး လမ်းပိုင်းတွင် စစ်ကားများ မိုင်းဆွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၆ ဦး သေဆုံး

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော ကား ၄ စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၆ ဦးသေဆုံးခဲ့ကြောင်း Myingyan Black Tiger- MBT ခေါင်းဆောင် ဗိုလ်မိုက်ခဲကပြောကြားသည်။

ယမန်နေ့ မတ်လ ၃ ရက် နံနက် ၁၀ နာရီ မိနစ် ၂၀ ခန့်က နွားထိုးကြီးမြို့နယ်၊ နနွန်းတော်ဘိုးကျေးရွာ၌ တစ်ညအိပ်တပ်စွဲပြီး မြင်းခြံဘက်ကို ပြန်လည် ထွတ်ခွာလာသော အကြမ်းဖက် စစ်ကောင်စီတပ် သားများ စီးနင်းလိုက်ပါလာသည့် ကား ၄ စီးကို နနွန်းတော်ဘိုကျေးရွာ တောင်ဘက်အရောက်တွင် တော်လှန်ရေး တပ်ဖွဲ့များက ပဒေသာမိုင်းအကြီး ၃ လုံး ဆွဲ၍ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ကားပေါ်မှာပါတဲ့ ခွေးတွေက များတယ်။ ကား ၄ စီး ၆ ယောက်ပြုတ်သွားတာ ဒဏ်ရာရတဲ့သူတွေ လည်း မနည်းဘူး။ သေဆုံးဒဏ်ရာရ စစ်သားတွေကို မြင်းခြံမြို့ ခမရ ၁၅ တပ်ထဲကို ခေါ်သွားတယ်။ အဲဒီတပ်ထဲကနေမှ လူနာတင်ကားတွေနဲ့ မြင်းခြံဆေးရုံမြို့နယ် ပြည်သူ့ဆေးရုံကြီးကိုခေါ်သွားတာ” ဟု Myingyan Black Tiger (MBT) တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲကပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို Myingyan Black Tiger (မြင်းခြံခရိုင်တပ်ရင်း- ၉ နှင့် နွားထိုးကြီး ပကဖတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင် စွာ တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ -ချောင်းဦးလမ်းပိုင်းတွင် စစ်ကား ၁ စီးနှင့် ခြေလျင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှု ရှိကြောင်း People’s Defence Force – South Monywa တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယမန်နေ့ မတ်လ ၃ ရက်နေ့ ည ၁၀ နာရီ မိနစ် ၅၀ အချိန်ခန့်တွင် ချောင်းဦးမြို့မှ ထွက်ခွာလာသော Jammer ကား ၁ စီးပါ ခြေလျင်စစ်ကြောင်းကို မုံရွာ – ချောင်းဦး လမ်းပိုင်းတစ်နေရာ၌ ပဒေသာမိုင်း ၃ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု များပြားပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ၁၅ မိနစ် ခန့် ကြာ ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း သိရသည်။

“မိုင်းဆွဲပြီးတော့ တော်တော်ဆူညံတယ် ပြောရမယ်ဗျ၊ ပစ်တာကတော့ ရှယ်ပဲ၊ မိုင်းဆွဲလို့ အဲ လောက်ကြာအောင်ပစ်တာ မကြုံဖူးသေးဘူး၊ Jammer ကားကတော့ မြို့ထဲကထွက်လာတာပါ၊ ခြေ လျင်စစ်ကြောင်းကတော့ မြပုလဲဂိတ်က ထွက်လာတို့တော့ သိရတယ်” ဟု People’s Defence Force – South Monywa တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်းဖြစ်သော People’s Defence Force – South Monywa တပ်ခွဲ ၃ ၊ တပ်စု ၂ Youth Vigor Revolution Force နှင့် မုံရွာခရိုင်တပ်ရင်း ၁၁ ၊ တပ်ခွဲ ၂ Black Hunter People’s Task Force တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ-ချောင်းဦးလမ်းမကြီးပေါ်တွင် စစ်ကား ၂ စီးကို ၃ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း Area 71 PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြော ကြားသည်။

ယမန်နေ့ မတ်လ ၃ ရက် နံနက် ၁၀ နာရီ မိနစ် ၅၀ အချိန်ခန့်က ချောင်းဦးမြို့နယ် မြပုလဲဆီဆိုင် ဂိတ်မှ အကြမ်းဖက်စစ်သားများကို တင်ဆောင်ပြီး မုံရွာဘက်သို့ ထွက်လာသော Jammer တပ်ဆင် ထားသည့် စစ်ကား ၂ စီးကို မုံရွာ -ချောင်းဦးလမ်းမကြီးတွင် ပဒေသာမိုင်း ၅ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ဒုတိယမြောက်ကားကို ထိမှန်၍ ထိုးရပ်သွားခဲ့ကြောင်း သိရသည်။

“အလောင်းတွေ တော်တော်များတယ်လို့ သိရတယ်၊ ပထမကားက ဘာမှ မဖြစ်ဘူး၊ ဒုတိယ ကားက တော်တော်လေးထိခိုက်တယ်၊ နောက်အဖုံးပိတ်မရလို့ ဖွင့်ချထားတာ၊ အဲဒီအထဲမှာ အဲဒီထဲမှာ အ ကြမ်းဖက်စစ်သားအလောင်း‌တွေ တော်တော်များများသယ်လာတယ်၊ အဲဒီကားပေါ်က အလောင်း တွေကို မြို့တော်ခန်းမရှေ့ ဗိုလ်ချုပ်လမ်းမပေါ်မှာပဲ ခန်းမထဲက ထွက်လာတဲ့ ကားတစ်စီး နဲ့ ပြောင်း တင်ပြီး နမခတပ်ဘက်ကိုမောင်းသွားတယ်” ဟု Area 71 PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

မိုင်းထိမှန်ပြီးနောက် စစ်ကားများပေါ် လိုက်ပါလာသော အကြမ်းဖက် စစ်သားများသည် ကြောက်လန့်ပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု အရေအတွက်ကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရ သည်။

အဆိုပါ တိုက်ခိုက်မှုကို Area 71 PDF Monywa ၊ Anyar Defense Force အညာကာကွယ် ရေးအင် အားစု ၊ မုံရွာခရိုင်တပ်ရင်း ၁၂ တပ်ခွဲ ၁ နှင့် တပ်ခွဲ ၃ စသည့် မဟာမိတ်အဖွဲ့များ ပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

Aera 71 PDF Monywa တပ်ဖွဲ့ စစ်အသုံးစရိတ်များ ပြန်လည်ဖြည့်တင်းနိုင်ရန်နှင့် အောင်မြင်သော မစ်ရှင်များအား ဆက်လက်ဖော်ဆောင် သွားနိုင်ရန်အတွက် မိဘပြည်သူများမှ ဝိုင်းဝန်းထောက်ပံ့ ကူညီပေးကြပါရန် မေတ္တာရပ်ခံတောင်းဆိုထားသည်။

သတင်းထုတ်ပြန်ချက်။ ။၂၀၂၄၊မတ်လ ၄ရက်

မန္တလေးတိုင်းဒေသကြီး၊မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊နနွန်းတော်ဘို့ကျေးရွာ၌ တစ်ညအိပ်အပြီး မြင်းခြံဘက်သို့ ပြန်လည်ထွတ်ခွာလာသော စကစ တပ်သားများစီးနင်းလိုက်ပါလာသည့် ကား၄စီးအား ၂၀၂၄၊မတ်လ၃ရက်၊နံနက်(၁၀)နာရီမိနစ်၂၀ခန့်တွင် နနွန်းတော်ဘို့ကျေးရွာတောင်ဘက်တွင် မိမိတို့ Myingyan Black Tiger (MBT)နှင့် ညီနောင်မဟာမိတ်မှ ပဒေသာမို.င်း (အကြီး)၃လုံးဆွဲ၍တို.က်ခိုက်ခဲ့သည်။

၎င်းမို.င်းဆွဲတို.က်ခိုက်မှုတွင် စကစတပ်သား (၆)ဦး6သဆုံး အများအပြားထိခိုက် Dဏ်ရာရရှိခဲ့သည်။6သဆုံး စကစတပ်သားများနှင့်Dဏ်ရာရသူများအား မြင်းခြံမြို့ ခမရ (၁၅)တပ်သို့ ခေါ်ဆောင်သွားပြီး ၎င်းတပ်ထဲမှ လူနာတင်ကားများဖြင့် မြင်းခြံပြည်သူ့ဆေးရုံကြီးသို့ သယ်ဆောင်သွားခဲ့သည်။

၎င်းတို.က်ခိုက်မှုအား ကျွန်တော်တို့ Myingyan Black Tiger (မြင်းခြံခရိုင်တပ်ရင်း- ၉)နှင့် နွားထိုးကြီး ပကဖတို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့သည်။

မှတ်ချက်။ ။စည်းလုံးမှုဖြင့် တော်လှန်မည်💪💪💪💪


Comments

Leave a Reply

Your email address will not be published. Required fields are marked *