ရက္ခိုင့်ကံကြမ္မာ ရက္ခိုင်များဖမ်တီးမည့်နိုင်ငံရေးရည်မှန်းချက် အာမခံချက်ရအောင် ကိုယ်တိုင်လုပ်မည်ဟု AA ပြော

ချင်းပြည်နယ် ပလက်၀ဒေသအုပ်ချုပ်ရေး AA စီမံသွားမည်ဖြစ်ဟု အသိပေး

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) အနေဖြင့် ချမှတ်ထားသည့် ရက္ခိတ လမ်းစဉ်အတိုင်း တသွေမတိမ်း ဆက်လက်ချီတက်သွားမည်ဖြစ်ပြီး အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေး အကောင်းဆုံးပြင်ဆင်နေကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ယနေ့ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။

ထိုသို့ ဆောင်ရွက်ရာ၌ သူများဘက်က ပေးလာသည့် အာမခံချက်ထက် ကိုယ့်ဘာသာကိုယ် ပြင်ဆင်သည့် အာမခံချက်ကို ပိုသဘောကျသည်ဟု အသိပေးသည်။

ယခုအချိန်ထိ ခွဲထွက်ရန် အစီအစဉ်မရှိကြောင်း၊ AA အနေဖြင့် ကွန်ဖက်ဒရေးရှင်းထက် မနိမ့်သည့် အဆင့်ကို ရကို ရရမည်ကို ရှင်းလင်းစွာ ပြောထားပြီးဖြစ်ကြောင်း၊ ယင်းအပေါ် လိုချင်သည့် နိုင်ငံရေးရည်မှန်းချက်ကို ကိုယ်တိုင် အာမခံချက်ရရှိရေး ဆက်လက်လုပ်ဆောင်မည်ကြောင်း ဦးခိုင်သုခက ပြောသည်။

ထို့အပြင် လိုချင်သည့် နိုင်ငံရေးအဆင့်အတန်းရရှိရေး AA အနေဖြင့် လက်တွေ့ကျကျ ကြိုးစားနေသည်ဟု ဆိုသည်။

သေချာသည်မှာ မည်သည့် အခြေအနေဖြစ်စေ ရက္ခိုင့်ကံကြမ္မာကို ရက္ခိုင်များ ဖန်တီးခွင့် ရကို ရရမည်ဖြစ်ကြောင်း ဦးခိုင်သုခက ပြောသည်။

သီးခြား ခွဲထွက်ရေး၊ မခွဲထွက်ရေးသည် အတူတူနေ၍ ရမရ ဆိုသည့် အချက်နှင့် တိုက်ရိုက် အချိုးကျကြောင်း၊ လက်ရှိ စစ်ကောင်စီက လူမျိုးရေးပဋိပက္ခ ဖြစ်အောင် လုပ်ဆောင်နေသကဲ့သို့ မြို့ရွာများကို တစ်ခုပြီးတစ်ခုမီးတိုက်နေကြောင်း၊ စစ်ပွဲနှင့်မဆိုင် တိုက်ပွဲဖြစ်သည့်နေရာမဟုတ် ဘဲ ဗုံးကြဲ ၊ စာသင်ကျောင်း ၊ဆေးရုံများကို ဖြိုဖျက်လုပ်နေကြောင်း ဦးခိုင်သုခက ပြောသည်။

AA၏ စစ်ရေးရည်မှန်းချက်အတိုင်း ရက္ခိုင်ဒေသ တစ်ခုလုံး လွတ်မြောက်အောင် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း၊ အဖိနှိပ်ခံ မြန်မာပြည်သူတစ်ရပ်လုံးအတွက် AAကလုပ်နိုင်သည်များကို အကောင်းဆုံးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်တစ်ဦးက ချင်းပြည်နယ်အတွင်း ပါနေသည့် ပလက်၀ ကို အုပ်ချုပ်ရေးယန္တရား မည်သို့ လည်ပတ်သွားမည်ဆိုသည်ကို သိလိုကြောင်း မေးမြန်းရာ ဦးခိုင်သုခက ပလက်၀ကို သူပိုင်တယ် ငါပိုင်တယ် ပြောနေဖို့ထက် ပလက်၀ ဒေသကို စစ်အာဏာရှင် အောက်က လွတ်မြောက်ပြီး ပလက်၀ဒေသခံများ၏ ဖွံ့ဖြိုရေးတည်ငြိမ်းရေးနှင့် လုံခြုံရေး အနာဂတ်ကို မည်သို့တည်ဆောက်မည်ဆိုသည်က ပိုပြီး အရေးကြီးသည်ဟု မြင်ကြောင်း တုန့်ပြန်ဖြေကြားသည်။

ပလက်၀အပါအဝင် သိမ်းပိုက်ထိန်းချုပ်ထားသည့် ဒေသများ၌ ပညာပေးဟောပြောမှုများ လုပ်နေကြောင်း၊ ပြည်သူများ မိုင်းအန္တရာယ်လုံခြုံရေး၊ ကျန်းမာရေးနှင့် စစ်ရှောင်များ စားဝတ်နေရေးအတွက် ဦးစားပေးလုပ်နေသည်ဟုလည်း ၎င်းက ပြောသည်။

“ပလက်၀ ဒေသမှာ နေထိုင်ကြတဲ့ လူမျိုးစုတွေထဲက သင့်တော်တဲ့ သူတွေကို အုပ်ချုပ်ရေးအဖွဲ့ထဲမှာ တာဝန်ပေးဖို့ စီစဉ်ထားတာရှိပါတယ်”ဟုလည်း ဦးခိုင်သုခက ပြောသည်။

ပလက်၀ ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးများကိုလည်း AAက တာဝန်ယူပြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် တန်းတူရည်တူ စီမံခန့်ခွဲနိုင်စေရန်၊ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန် စီမံနေကြောင်း ပြောသည်။

အရည်အချင်းရှိသူများကို ဖိတ်ခေါ်နေပြီး ရပ်မိရပ်ဖများအနက်မှ သင့်တော်သူများ အုပ်ချုပ်ရေးလုပ်ငန်း၌ ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ်ထားသည်ဟု ဦးခိုင်သုခက ပြောသည်။

ရက္ခိုင့်တပ်တော်(AA)စစ်ဦးချုပ်နှင့် တပ်သားများအား တွေ့ရစဉ်။(ဓာတ်ပုံ – AA)


Comments

Leave a Reply

Your email address will not be published. Required fields are marked *