ပြည်သူ့အချစ်တော်တွေ အမှုန့်ကြိတ်ဖို့လာပြီ စွပု💥

“တပ်ဖွဲ့စတင်ဖွဲ့စည်းခြင်းနှင့် တာဝန်ပေးအပ်ခြင်း”

အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SPECIAL OPERATION FORCE – SOF) သည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၏ တစ်ခုတည်းသော တိုက်ခိုက်ရေးနှင့်ချေမှူန်းရေး အထူးလက်ရုံးတပ်ဖွဲ့ဖြစ်သည်။ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး တပ်ဖွဲ့အမှတ်မှာ ( P29999/ အထူးတပ်ဖွဲ့ ) ဖြစ်သည်။

တပ်ဖွဲ့ကို KNU တပ်မဟာ ၆၊ တပ်ရင်း (၁၈) နယ်မြေအတွင်း ပထမဆုံးသင်တန်းအမှတ်စဥ် (၁) မှ အထူးရွေးချယ်ထားသော ကွန်မန်ဒို နဲ့ စနိုက်ပါသမား (၅၄)ဦးကို အခြေတည်ပြီး စတင်ဖွဲ့စည်းခဲ့သည်။ ပထမဆုံးအထူးစစ်ဆင်ရေးသင်တန်းဆင်းချိန်တွင် တပ်ဖွဲ့ဝင်အင်အား (၁၇၀) ဦးဖြင့် တပ်ရင်းတစ်ရင်းစတင်တည်ထောင်ခဲ့သည်။

စတင်ဖွဲ့စည်းတည်ထောင်ခဲ့သည့် တပ်ရင်းတပ်ဖွဲ့ဝင်အားလုံးကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၇) ရက်နေ့ (ပြည်သူ့ခုခံတွန်းလှန်စစ်) မစတင်မှီ တောင်ပိုင်းစစ်ဒေသအတွင်းရှိ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ နှင့် မွန်ပြည်နယ် မြို့ပြအသီးသီးသို့ ကြိုတင်စေလွှတ်၍ ပြည်သူ့ခုခံတွန်းလှန်စစ်နှင့်အတူ စစ်ဆင်ရေးလုပ်ငန်းများအား ပထမဆုံး (တော်လှန်ရေးမျှားဦးအနေဖြင့်) စတင်ဆောင်ရွက်ခဲ့ကြသည်။ တောင်ပိုင်းစစ်ဒေသ၏ “ပျံလွှားအောင်” “နန်းထိုက်အောင်” မြို့ပြစစ်ဆင်ရေးတာဝန်များကို ဦးဆောင်၍ သက်စွန့်ကြိုးပမ်း ကိုယ်ကျိုးစွန့် ထမ်းရွက်ခဲ့ကြပြီး ကျေးလက်စစ်ဆင်ရေးအနေဖြင့်လည်း KNLA တပ်ရင်းများနှင့် ပူးပေါင်း၍ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သါရီစစ်ဒေသခွဲများတွင်လည်း တပြိုင်တည်း စတင်ခဲ့ကြသည်။

အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SPECIAL OPERATION FORCE – SOF) သည် ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသ စစ်ဒေသမှုး၏ တိုက်ရိုက်ညွှန်ကြားချက်များကိုခံယူ၍ S.O.F တပ်ဖွဲ့ရုံး တပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများ၏ ကြီးကြပ်ကွပ်ကဲမှူများအတိုင်း တော်လှန်ရေးတာဝန်များကို ဆက်လက်ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF (P29999 – အထူးတပ်ဖွဲ့ ) ၏ သင်တန်းအပတ်စဥ် (၅) ၊ လေ့ကျင့်ရေး (Physical Training) မှတ်တမ်းရုပ်သံ


Comments

Leave a Reply

Your email address will not be published. Required fields are marked *