ဘုတလင်မြို့ပေါ်ရှိ စစ်တပ်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ်စခန်းကို တော်လှန် ရေး တပ်ဖွဲ့များ ဝင်ရောက် တိုက် ခိုက်ရာ စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေးမြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

မတ်လ ၄ ရက်နေ့တွင် ဘုတလင်မြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက လက်နက် ကြီး လက်နက်ငယ်များဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“စစ်ခွေး ၂ ကောင်ချက်ချင်းသေတယ်။ ၂ ကောင်ဒဏ်ရာရတယ်။ စက်လက်သမား ဦးခေါင်း ထိခိုက်ဒဏ်ရာရတယ်လို့ အတည်ပြုနိုင်ခဲ့တယ်” ဟု ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေးမြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မြို့နယ် ပကဖ ၊ ဒီပဲယင်းမြို့နယ် အခြေစိုက် (mobile team) အဖွဲ့၊ ဘုတလင်မြို့နယ် တိုက်နယ် ၂ လက်နက်ကြီးအဖွဲ့ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *