မံစီတွင် KIA က သိမ်းပိုက်ခဲ့သော စစ်တပ်၏ မဂျီဂုံ ဗျူဟာကုန်း စခန်းမှ ဟောင်ဝစ်ဇာ အမြောက် လက်နက်ကြီး ၂ လက် အပါအဝင် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

ကချင်ပြည်နယ်၊ မံစီမြို့နယ်တွင် KIA က သိမ်းပိုက်ခဲ့သော စစ်တပ်၏ မဂျီဂုံ ဗျူဟာကုန်း စစ်စခန်းမှ ဟောင်ဝစ်ဇာ အမြောက် လက်နက်ကြီး ၂ လက်အပါ အဝင် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း KIA ၏ စစ်ရေး သတင်းရင်းမြစ်ကပြောဆိုသည်။

မတ်လ ၁ ရက်နေ့တွင် အဆိုပါစခန်းကို စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မတ်လ ၃ ရက်နေ့တွင် မံစီမြို့နယ်၊ မဂျီဂုံ စစ်တပ်၏ ဗျူဟာကုန်းစခန်းကို KIA က အပြီး သတ် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ယင်းစခန်းမှ ဟောင်ဝစ်ဇာအမြောက် လက်နက်ကြီး ၂ လက်အပါအဝင် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“၁၀၅ မမ ဟောင်ဝှစ်ဇာ အမြောက် ၂ လက်ရတယ်။ လက်နက်ခဲယမ်းတွေနဲ့ လက်နက်ကြီးတွေလည်း သိမ်းဆည်းရရှိတယ်။ လက်နက်ကြီးကျည်တွေက မြေအောက်တွင်းမှာ အများအပြား ကျန်ရှိသေးတယ်” ဟု KIA ၏ စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

KIA က သိမ်းပိုက်ရရှိခဲ့သော အဆိုပါစခန်းတွင် စစ်ကောင်စီ၏ ခလရ၁၀၂၊ ခလရ ၂၅၀ ၊ ခမရ ၄၂၇ တပ်ရင်း ၃ ခု အထိုင်စခန်းချထားခြင်းဖြစ်ကြောင်း၊ စစ်တပ်က အခိုင်အမာတပ်စွဲထားသော စခန်းကြီးတစ်ခုဖြစ်ကြောင်း သိရှိရသည်။

KIA၏ မဂျီဂုံစခန်းသိမ်းပိုက်မှု လက်နက်ခဲယမ်းများနှင့် ဟောင်ဝစ်ဇာနှစ်လက်ရ

ကချင်ပြည်နယ် မံစီမြို့နယ် စစ်ကောင်စီ​၏ မဂျီဂုံစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ယမန်နေ့ (မတ်လ ၃ရက်)တွင် တိုက်ခိုက် သိမ်းပိုက်ရာ စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့ပြီး ဟောင်ဝစ်ဇာအမြောက် နှစ်လက်ပါဝင်ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။

” ၁၀၅ မမ ဟောင်ဝစ်ဇာအမြောက် နှစ်လက်ရတယ်”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က မတ်လ ၃ရက် မဂျီဂုံစခန်း သိမ်းပိုက်မှုအတွင်း လက်နက်ခဲယမ်းရရှိမှု အခြေအနေကို ပြောသည်။

အခြား KIA သတင်းရင်းမြစ်တစ်ဦးကလည်း ဟောင်ဝစ်ဇာအမြောက် နှစ်လက်ရရှိမှုကို အတည်ပြုသည်။

“သိမ်းဆည်းရရှိ(လက်နက်ခဲယမ်းသိမ်းဆည်းရရှိ)တာ ကားနှစ်စီးစာရှိတယ်ပြောတယ်။ ပုံတော့ မရဘူး။ ဟောင်ဝစ်ဇာအမြောက် ၂ လက်ရတယ်ဆိုတာ ဟုတ်တယ်။ ၁၀၅ မမ”ဟု KIA သတင်းရင်းမြစ် တစ်ဦးက ပြောသည်။

မဂျီဂုံစခန်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သားများ စခန်းကို စွန့်ခွာထွက်ပြေးသွားခြင်းဖြစ်ပြီး ဖမ်းဆီးရရှိမှုနှင့် စစ်ကောင်စီတပ်သေဆုံးမှု အခြေအနေ အသေးစိတ် မသိရသေးဟု ဆိုသည်။

KIA အနေဖြင့် စခန်းသိမ်းတိုက်ပွဲများ၌ နှစ်ဖက်သေဆုံးထိခိုက်မှု၊ လက်နက်ခဲယမ်းရရှိမှုများကို တရားဝင် ထုတ်ပြန်လေ့မရှိပေ။

ယခုနှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီအတွင်း မံစီမြို့နယ်ရှိ စစ်ကောင်စီစခန်းများကို KIAက တိုက်ခိုက်သိမ်းပိုက်မှုများ လုပ်ဆောင်ခဲ့ရာ မံဝိန်းကြီးတပ်စခန်း၊ ကိုက်ထိပ်တပ်စခန်းနှင့်စီခမ်းကြီး(ဂျယ်ခမ်း)စခန်းတို့မှ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တို့က အသိပေးပြောကြားထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *