ကောလင်းမြို့နယ် ခံသာရွာတွင်သုံးရက်ဆက်တိုက်ပွဲဖြစ်

ကောလင်းမြို့နယ်၊ ခံသာရွာ၌ အင်အား ၁၂၀ ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ သုံးရက်ဆက်တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှအနည်းဆုံး သုံးဦးသေဆုံးပြီး စစ်ရေးဆက်လက်တင်းမာနေကြောငကောလင်းခရိုင်အမှတ် (၁) တပ်ရင်းက သတင်းထုတ်ပြန်သည်။

ခံသာရွာသို့ ဝင်ရောက်လာသည့် စစ်​ကောင်စီတပ်စစ်ကြောင်းကိုကောလင်းခရိုင်အမှတ်(၁) တပ်ရင်း၊ အမှတ် (၄) တပ်ရင်း ၊ ကောလင်းခရိုင်ပကဖ၊ တော်လှန်ရေးပူပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။

မတ်လ၂ရက်မှ မတ်လ၄ရက်နေ့အထိ သုံး ရက်ဆက်တိုက်ပွဲ ပြင်းထန်ခဲ့သည်ဟုသိရသည်။ တိုက်ပွဲအပြီးနယ်မြေရှင်းလင်းရေးလုပ်ဆောင်ရာ စစ်ကောင်စီရုပ်အလောင်းသုံးလောင်းသည် တွေ့ရှိပြီး MA3 တစ်လက် ကင်းထောက် ဒရုန်း၁ စီးနှင့် ငါးကြင်းမြီးပြောင်းတစ်ခု နှင့် ခဲယမ်းတချို့သိမ်းဆည်းရရှိခဲ့ကြောင်း ကောလင်းခရိုင်အမှတ် (၁) တပ်ရင်းက သတင်းဓါတ်ပုံနှင့်တကွ ထုတ်ပြန်ထားသည်။

တိုက်ပွဲအတွင်း စစ်​ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ် ပြုလုပ်ခဲ့ရာ ပြည်သူနေအိမ်အများအပြားနှင့် ရွာရှိအထက်တန်းကျောင်းဆောင်ကြီး နှစ် ဆောင် ပျက်စီးသွားခဲ့​ကြောင်းသိရသည်။

စစ်ကောင်စီစစ်ကြောင်းသည် ထိုနေ့က ကျောက်တန်းရွာသို့ပြန်လည်ဆုတ်ခွာသွားပြီး ယနေ့ (မတ်လ ၆ရက်) နံနက်တွင် ချပ်ကုန်းရွာသို့စစ်ကြောင်းထိုးနေကြောင်း သတင်းရရှိသည်။

လတ်တလောမြေပြင်အခြေအနေနှင့်ပတ်သက်၍

“ရန်သူနှင့်နီးကပ်သောအနေအထားတွင်ရှိပြီး အချိန်မရွေးတိုက်ပွဲပြန်လည်ဖြစ်ပွားနိုင်သည့်အခြေအနေတွင်ရှိသည်” ဟု ကောလင်းခရိုင်အမှတ် (၁) တပ်ရင်းက သတင်းထုတ်ပြန်ထားသည်။

“ကောလင်းဘက်မှာတိုက်ပွဲသတင်းတွေမြဲကြားနေရတယ်။ ကျနော်တို့ဘက်ကလည်းအသင့်ရှိနေတယ်” ဟု ကန့်ဘလူမြို့မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

ကောလင်းမြို့နယ်အတွင်း ကျေးရွာအချို့၌ စစ်ရေးတင်းမာနေသလိုမြို့ပေါ်တွင်လည်း တိုက်ပွဲများပြန်လည်ဖြစ်ပွားနေသည်။ ကောလင်းမြို့ မင်းတဲကြီးရပ်ကွက်၊ မင်းဂျမ်း၊ စိုင်ဒူး၊ ဆေးမင်းခုံအပြင်ကောလင်းမြို့မြောက်ဘက် အောင်ချမ်းသာ ရွာတွင်တပ်စွဲထားသော စစ်ကောင်စီစခန်းများကိုမတ်လ ၄ရက်ညတွင်ကောလင်းခရိုင်တပ်ရင်း(၂)နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များကာ တိုက်ခိုက်ခဲ့သည်။

အဆိုပါတိုက်ပွဲတွင်လည်း စစ်ကောင်စီဘက်၌ ထိခိုက်မှုများကြောင်း ကောလင်းခရိုင်တပ်ရင်း(၂)က မတ်လ ၅ရက်တွင် ကနဦးသတင်းထုတ်ပြန်ထားပြီး နောက်ဆက်တွဲသီတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထိန်းချုပ်ထားသည့် ကောလင်းမြို့ကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၃ရက်မှ၍ စစ်ကြောင်းထိုးတိုက်ခိုက်ခဲ့ပြီး ​ဖေ​ဖော်ဝါရီ ၁၃ ရက်တွင် မြို့ပေါ်ရပ်ကွက်များ၌ ပြန်လည်တပ်စွဲခဲ့ပြီး မြို့ကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထို့နောက်​တော်လှန်​ရေးအဖွဲ့များက မြို့ကို ပြန်ဝိုင်း၍ စစ်​ကောင်စီတပ်ကို တိုက်သလို ၊ စစ်​ကောင်စီတပ်ကလည်း မြို့နီးဝန်းကျင်​ကျေးရွာများကို စစ်​ကြောင်းထိုး၍ ​တော်လှန်​ရေးအဖွဲ့များကိုတိုက်ခိုက်သလို ရွာများကိုလည်းမီးရှို့ဖျက်ဆီးခဲ့သည်။

ထိုအ​ခြေအ​နေမှ မတ်လ ၄ ရက်တွင် ​ကောလင်းမြို့​ပေါ်ရှိစစ်​ကောင်စီတပ်များကို ​PDF များက ပြန်လည်တိုက်ခိုက်ခဲ့ခြင်းဖြရ်သည်။

ကောလင်းမြို့နယ်အတွင်း လတ်တ‌လောဖြစ်ပွားနေသောတိုက်ပွဲများကြောင့် ပိတ်မိနေသည့် ခရီးသွားများအပါအဝင် စစ်ဘေးရှောင်ပြည်သူ လေးသောင်းကျော်အတွက် အကူအညီများလိုအပ်နေကြောင်း​ဒေသခံအချို့က​ပြောသည်။

ဒေသတွင်း တိုက်ပွဲများကြောင့် ဘေးလွတ်ရာ​နေရာများ၌ တိမ်းရှောင်နေသော မြို့ခံစစ်ဘေးရှောင်များကို ပြည်သူ့ကာကွယ်ရေးနောက်တန်းရဲဘော်များက စားနပ်ရိက္ခာများလိုက်လံ‌ ဖြန့် ဝေပေးနေကြောင်းသိရသည်။

ကောလင်း၊ သစ်ဖုလှဘုရားကုန်းစခန်းကို စစ်ကူလာသည် စစ်တပ်ကို တိုက် ခိုက် မှု စစ်သား အလောင်း ၃ လောင်း နှင့် လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ကျောက်တန်းလမ်းဆုံ၊ သစ်ဖုလှ ဘုရားကုန်းစစ်တပ်သို့ စစ်ကူပေး ရန်လာရောက်သည့် အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာစစ်သား အလောင်း ၃ လောင်း နှင့် လက်နက်ခဲယမ်းအချို့သိမ်းဆည်းရရှိခဲ့ကြောင်း ကောလင်းခရိုင်အမှတ် ၁ တပ်ရင်းက ပြောဆိုထုတ်ပြန်သည်။

မတ်လ ၂ ရက်နေ့တွင် ကောလင်းမြို့နယ် ၊ ကျောက်တန်းလမ်းဆုံ သစ်ဖုလှ ဘုရားကုန်းမှ ခံသာရွာသို့ အင်အား ၁၂၀ ခန့် စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်တပ်ကို တော်လှန်ရေးပူး ပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ မတ်လ ၄ ရက်နေ့အထိ ၃ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်သား အလောင်း ၃ လောင်း ၊ MA 3 သေနတ် တစ်လက်၊ ကင်း ထောက်ဒရုန်း ၁ စီး၊ ငါးကြင်းမြီး ပြောင်းတစ် ခု နှင့် ခဲယမ်းအချို့ကျန်ရှိခဲ့ကာ ကျောက်တန်းရွာသို့ ပြန်ဆုတ်သွားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ကောလင်းခရိုင်အမှတ် ၁ တပ်ရင်း၊ အမှတ် ၄ တပ်ရင်း ၊ ကောလင်းခရိုင် ပကဖ နှင့် တော်လှန်ရေးပူပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အနီးကပ်အနေအထားတွင် ရှိနေပြီး အချိန်မရွေး တိုက်ပွဲဖြစ်ပွားလာနိုင်သည့် အခြေအနေ ရှိကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်၊ ဗုံးသီး ၆ လုံး နှင့် စက်လက်ပစ်ခတ်မှုပြုလုပ်ခဲ့ရာ အထက ကျောင်းဆောင်ကြီး ၂ ဆောင်အပါအဝင် ပြည်သူ့နေအိမ် အများအပြား ပျက်စီးခဲ့ကြောင်း သိရသည်။

“သစ်ဖုလကနေရှုံးပြီး ဆုတ်သွားတဲ့ စစ်ခွေးတွေက ကျောက်တန်းတို့ ဘာတို့ ခံသာရွာတို့ ဘက်ကို ဆုတ်တာ၊ သူတို့ရှုံးတော့ သူတို့ဝင်တဲ့ရွာတွေကို မီးတွေရှို့တယ်၊ အထိနာပြီး ဆုတ်တာ၊ အခုသိထားရ တာက ငါးကြီးအိုင်ရွာဘက်မှာပဲ သိထားရသေးတယ်၊ ငါးကြီးအိုင်ရွာကို ၂ ကြိမ်မြောက်ထပ် ရှို့ တယ်၊ ဒီနေ့လည်း ထပ်ရှို့နေတယ်၊ ငါကြီးအိုင်ရွာဆိုရင် စစ်ကူတက်တုန်းကတစ်ခါရှို့တယ်၊ အခု ပြန် ဆုတ်တော့ တစ်ခါထပ်ရှို့တယ်၊ ခံသာရွာ၊ ကျောက်တန်းရွာလည်းရှို့တယ်၊ နေအိမ်အလုံးရေ ဘယ် လောက်ကုန်ပြီလဲတော့ မသိရသေးဘူး၊” ဟု ကောလင်းတော်လှန်ရေး သတင်းရင်းမြစ်ကပြောကြားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *