မြောက်ဥက္ကလာပမြို့နယ် လျှပ်စစ်ရုံးအနီးတွင် ဗုံး ၂ လုံးဆက်တိုက်ပေါက်ကွဲ

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ လျှပ်စစ်ရုံးတွင် ယနေ့ ညနေပိုင်း ဗုံး ၂ လုံးဆက်တိုက်ပေါက်ကွဲကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၆ ရက်နေ့ ညနေ ၆ နာရီ ၁၆ မိနစ်အချိန် မြောက်ဥက္ကလာပမြို့နယ်၊ ဃ ရပ်ကွက်၊ သုဓမ္မာလမ်းနှင့် ခေမာသီလမ်းထောင့်ရှိ မြိုနယ်လျှပ်စစ်ရုံးအနီးတွင် ဗုံး ၂ လုံးဆက်တိုက်ပေါက်ကွဲခြင်းဖြစ်ပြီး လူထိခိုက်မှုမရှိကြောင်း ဒေသပြည်သူတစ်ဦးကပြောဆိုသည်။

“အခုညနေ ၆ နာရီ ၁၆ မိနစ်အချိန် မြောက်ဥက္ကလာ ၂ လုံးဆက်တိုက် အုန်းကနဲပဲ။ အသံကတော့ အောင်ချက်ပဲ။ လူထိခိုက်မှုတော့မရှိဘူး။ မီတာရုံးကို ဖောက်တာလို့ သိရတယ်။ စစ်သားနဲ့ရဲတွေ လာစစ်ပြီး ဗုံးကျန်၊ မကျန် ထပ်လာစစ်တယ်။” ဟု ဒေသပြည်သူတစ်ဦးကရှင်းပြသည်။

မြောက်ဥက္ကလာပမြို့နယ် မြို့နယ်ခန်းမအနီးတွင် ပေါက်ကွဲမှုဖြစ်ပွားပြီး အကြမ်းဖက် ကျွန်စစ်သားများခြေရှုပ်နေကြောင်း

အကြမ်းဖက် ကျွန်ရဲတပ်သား ၂ ဦး ထိခိုက်ထားကြောင်း

မြောက်ဥက္ကလာပမြို့နယ် မြို့နယ်ခန်းမအနီးတွင် ယနေ့ညနေ ၆ နာရီ ၂၆ မိနစ်ဝန်းကျင်အချိန်၌ ပေါက်ကွဲမှုဖြစ်ပွားပြီး အကြမ်းဖက် ကျွန်စစ်သားများခြေရှုပ်နေကြောင်း ပြည်သူတစ်ဦးမှ သတင်းပေးပို့လာပါသည်။

အကြမ်းဖက် ကျွန်ရဲတပ်သား ၂ ဦး ထိခိုက်ထားကြောင်း သိရပါသည်။

ဓာတ်ပုံ- ရန်ကုန်တွင် လုံခြုံရေး ယူထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)


Comments

Leave a Reply

Your email address will not be published. Required fields are marked *