ကမ္မမြို့တွင် သားအမိ ၂ ဦးကို အုပ်စုဖွဲ့မုဒိမ်းကျင့်သတ်ဖြတ်ခဲ့သော စစ်တပ် နှင့် မြိုင်မြို့မှ ထွက်ခွာလာသော စစ်ကြောင်းကို PDF တပ်များက တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံး

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့မှ အသက် ၇၀ အရွယ်နှင့် အသက် ၄၁ နှစ်အရွယ် သားအမိ ၂ ဦး ကို အုပ်စုဖွဲ့ မုဒိမ်းကျင့်လည်လှီးသတ်ဖြတ်ခဲ့သည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် မြိုင်မြို့မှ ထွက်လာသော စစ်တပ် စစ်ကြောင်းကို PDF တပ်များက လိုက်လံ တိုက်ခိုက်ရာ စစ်သား ၁၀ ဦးသေဆုံ;ခဲ့ကြောင်း မြိုင်ပကဖ မှ တာဝန်ရှိသူတစ်ဦးကပြော ကြားသည်။

ယမန်နေ့ မတ်လ ၅ ရက် နံနက် ၁၀ နာရီခန့်အချိန် ပခုက္ကူမှ ကမ္မမြို့သို့ ထွက်ခွာလာသော အကြမ်းဖက်စစ်တပ် ထောက်ပို့စစ်ကြောင်းက အသက် ၇၀ အရွယ် အဘွားတစ်ဦးနှင့် အသက် ၄၁ နှစ် သမီးဖြစ်သူတို့ကို အုပ်စုဖွဲ့ မုဒိမ်းကျင့်ကာ လည်ပင်းလှီးသတ်ဖြတ်ခဲ့ပြီး ပခုက္ကူမြို့ နယ်၊ အင်းဖက်ကျေးရွာ ဘုန်းကြီးကျောင်းကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ရာဇဝတ်မှုများကျူးလွန်ကာ တွင်းမပျူရွာဘက်သို့ ဆက်လက်ထွက်ခွာလာသော အကြမ်း ဖက်စစ်တပ် စစ်ကြောင်းကို ကမ္မမြို့နှင့်တွင်းမ ပျူစောထီးကျေးရွာကြားတနေရာ အရောက် တိုက် မိုင်း ၁၀ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးပြီး အများအပြား ထိ ခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့နောက် တရွေ့ရွေ့ ဆက်လက်ထွက်ခွာလာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ညနေ ၄ နာရီ ခန့်တွင် ပေပါမိုင်း ၂ လုံးဖြင့် တစ်ကြိမ်၊ တိုက်မိုင်းဖြင့် တစ်ကြိမ် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စစ် ကောင်စီတပ်သား ၄ ဦးသေဆုံးပြီး ၉ ဦးခြေပြတ်လက်ပြတ်ဖြစ်သွားကြောင်း သိရသည်။

မိုင်းထိပြီး ခြေပြတ်လက်ပြတ်ဖြစ်သွားသော အကြမ်းဖက်စစ်သားများကို ပခုက္ကူမြို့သို့ပို့ဆောင်သည့် ကာားကိုလည်း ကန်တော်ရွာအနီး ညနေ ၆ နာရီခန့်အချိန်တွင် မိုင်းပွိုင့် ၂ ပွိုင့်ဖြင့် ထပ်မံတိုက်ခိုက်ခဲ့ ကြောင်း၊ အကြမ်းဖက်စစ်တပ်စစ်ကြောင်းမှာလည်း ရှေ့ဆက်မတိုးနိုင်တော့ဘဲ ကမ္မမြို့တွင် ရပ်တန့် နေကြောင်း မြိုင်ပကဖ က ထုတ်ပြန်ထားသည်။

ထို့ပြင် မတ်လ ၅ ရက် နံနက် ၁၀ နာရီခွဲဝန်းကျင်ခန့်အချိန် စက်မှု ၂ မှ ထွက်ခွာလာသော အ ကြမ်းဖက်စစ်တပ် စစ်ကြောင်းကို စက်မှု ၂ နှင့် ကိုင်းတောမစခန်းကြားတနေရာ အရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ မိနစ် ၂၀ ခန့်အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်သား ၃ ဦးသေဆုံး ကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုများကို မြိုင်ပကဖ ၊ မြိုင်ပကဖ အဖွဲ့ဝင်များဖြစ်သော တပ်ရင်း၁ ၊ တပ်ခွဲ၁ ၊ တပ် ခွဲ ၂ (ဂဠုန်) ၊ တပ်ခွဲ၄ ( စက်ြာ) ၊ ဝံပုလေပြောက်ကျားတပ်ဖွဲ ၊ Myaing UAVတပ်ဖွဲ များနှင့် ယူနီယံ ဘရားသားတပ်ဖွဲ့ ၊ Earthquake PDF တပ်ဖွဲ့ ၊ ခရိုင်တပ်ရင်း ၂ ၊ ကမ္မဒေတော်လှန်ရေးတပ်ပေါင်းစု အဖွဲ့ဝင်များဖြစ်သော KMDF၊ PDF Kamma၊ Black Cobraတပ်ဖွဲ့၊ ဧရာအနောက်တပ်ဖွဲ့၊ ပခုက္ကူ ပကဖ အဖွဲ့ဝင်များဖြစ်သော Young Force တပ်ဖွဲ့နှင့် Black Cheetah တပ်ဖွဲ့ တို့ပူးပေါင်းကာ ဟန် ချက် ညီညီတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က အထိနာတိုင်း လက်နက်မဲ့ပြည်သူများ အပေါ် အနိုင်ကျင့် သတ်ဖြတ်ခြင်း၊ မုဒိမ်းကျင့်ခြင်းနှင့် ပြည်သူ့အိုးအိမ်များကို မီးရှို့ဖျက်ဆီးခြင်းတို့ ပိုမိုယုတ်မာစွာ လုပ်ဆောင်လျက်ရှိပြီး စစ်ကြောင်းနှင့်နီးကပ်နေသောကျေးရွာများမှ ပြည်သူများ အနေဖြင့် စစ်ရေးသတင်းကို မပြတ်နားထောင်၍ သွားသတိလာသတိဖြင့် နေထိုင်ကြပါရန် မြိုင် ပကဖမှ တိုက်တွန်းထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *