မြိုင်မြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲပြီး မိုင်းဆွဲ တိုက်ခိုက်ခြင်းကြောင့် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု များပြား

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲပြီး မိုင်းဆွဲ တိုက်ခိုက်ခြင်းကြောင့် အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃၁ ဦးသေဆုံးခဲ့ကြောင်း မြိုင်ပကဖ မှ တာဝန်ရှိသူ တစ်ဦးကပြောကြားသည်။

ယနေ့ မတ်လ ၈ ရက် နံနက် ၉ နာရီ မိနစ် ၃၀ အချိန်ခန့်က မြိုင်မြို့နယ်၊ တွင်းမပျူစောထီး ကျေးရွာနှင့် သရက်ကန် ပျူစောထီး ကျေးရွာမှ အင်အား ၄၀ ခန့်ဖြင့် ထွက်လာသော အကြမ်းဖက်စစ်တပ် စစ် ကြောင်းကို နှင်းဆီကန်ရွာ အနောက် မြောက်ဘက် အရောက်တွင် ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်း၊ ကြို တင်ထောင်ထားသော အကြီးစားမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခြင်း လုပ်ဆောင်ခဲ့ရာ အကြမ်းဖက် စစ်သား၊ ပျူစောထီး ၆ ဦးခန့်သာ လွတ်မြောက်သွားပြီး ကျန်အကြမ်းဖက်စစ်သား ၂၈ ဦးထက်မနည်း သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက်စစ်သားများသည် ပခုက္ကူတပ်မ လက်အောက်ခံ ၂၅၁ ၊ ၂၅၆ နှင့် ၂၅၈ တပ်ရင်းတို့ တို့မှ စစ်သားများ၊ ညောင်ဂျစ်ပင်ရွာမှ ပျူစောထီးများနှင့် ကမ္မရဲစခန်းမှ ရဲများဖြစ်ပြီး ၎င်းတို့ကို လာရောက် ကြိုဆိုရန် စောင့်ဆိုင်းနေသော အကြမ်းဖက်စစ်သားများ သည်လည်း နောက်ကြောင်းပြန် လှည့်ကာ ကမ္မမြို့ထဲသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။

တိုက်ခိုက်ခံရမှုကြောင့် အထိနာသော အကြမ်းဖက်စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၆ ရက်နေ့က မြိုင်မြို့သို့ စတင်ဝင်ရောက်ခဲ့ပြီး သေဆုံး၊ ထိခိုက်မှုများပြားခြင်း၊ စစ်ကြောင်းအတွင်းမှ တပ်သာများ ထွက်ပြေးမှုများပြားခြင်းတို့ကြောင့် လိုရာခရီးသို့ ရောက်ရှိခြင်းမရှိပဲ ကြန့်ကြာနေသည့် စစ်ကြောင်း တစ်ခုဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိုင် ပကဖ အဖွဲ့ဝင်များဖြစ်သော တပ်ရင်း ၁ တပ်ခွဲ ၁ ဂဠုန် ၊ တပ်ခွဲ ၄ စင်္ကြာ၊ ဝံပုလွေ ပြောက်ကြားတပ်ဖွဲ့ ၊ Myaing Worries ၊ MRTF ၊ Black cobra ၊ Young Force ၊ Black Cheetah ၊ Super Fighter ၊ MRDF ၊ ပေါက် ပကဖ ၊ ဧရာအနောက် တပ်ဖွဲ့၊ ကင်တိုတပ်ဖွဲ့ ၊ PKU သူရိန် ၊ DMG တပ်ဖွဲ့၊ အလင်းတန်းပြောက်ကြားတပ်ဖွဲ့၊ Earthquake Defense Force ၊ ကမ္မ တပ်ပေါင်းစုများ‌ဖြစ်သော KMDF နှင့် PDF ကမ္မ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မတ်လ ၆ ရက် နံနက် ၇ နာရီ ၃၅ မိနစ်မှ ၈ နာရီ ၁၅ မိနစ်အထိ မြိုင်မြို့နယ်၊ သရက်ကွ ပျူစောထီး ကျေးရွာမှ ထွက်လာသော စစ်သား၊ ပျူစောထီးများကို စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး၊ ပျူစောထီး ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို အညာမြေပြောက်ကျားတပ်ဖွဲ့၊ Myaing Fighter Defence Force (MFDF) နှင့် မြိုင် ပကဖ တပ်ရင်း-၂ နယ်မြေ-၂ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ပူး ပေါင်းတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ မတ်လ ၆ ရက် မွန်းလွဲ ၂ နာရီခန့်တွင် ပခုက္ကူမြို့နယ်၊ မန်ကျည်းတန်းရွာကို မီးရှို့ပြီးထွက် လာသော စစ်ကြောင်းကို အင်းဘတ်ရွာအရောက် Black Cobra ၊Pku Thurain/DMG -ဓားမင်းကြီး တပ်ဖွဲ့၊ မြိုင် ပကဖ တပ်ခွဲ ၂ ဂဠုန်တပ်ဖွဲ့နှင့် MRTF တပ်ဖွဲ့တို့ ပူးပေါင်းပြီး အီနာဂါဗုံးသီး ၇ လုံး ကျဲ ချတိုက်ခိုက်ခဲ့ ကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *