အရာတော်မြို့နယ်တွင် စစ်တပ်ကင်းပုန်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် အကြမ်းဖက်စစ်တပ် ကင်းပုန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ် ကောင်စီတပ်သား ၁ ဦးသေဆုံးခဲ့ကြောင်း Danger Force LPDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

ယမန်နေ့ မတ်လ ၇ ရက် နံနက် ၇ နာရီ ၄ မိနစ်အချိန် အရာတော်မြို့နယ် အမတ ၃၆၉ တပ်မှ စခတ အမှတ် ၁၀ တပ်သို့ သွားရောက်သည့် ခြေလျင်စစ်ကြောင်းကို ကာကွယ်ပေးရန် ကန်ပေါ်ရွာ၏ အ နောက်ဘက် ဖိုးသာ‌ကျော်ကန်အနီး၌ ကင်းပုန်းဝပ်နေသော အကြမ်းဖက်စစ်သား ၈ ဦးကို ပဒေသာ မိုင်း ၂ လုံးဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးပြီး ၃ ဦး အပြင်း အထန် ဒဏ် ရာရရှိခဲ့ကြောင်း သိရသည်။

ထိုသို့ မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်သားများက လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ကာ သေဆုံးဒဏ်ရာရ စစ်သားများကို အရာတော်မြို့နယ် စခတ အမှတ် ၁၀ တပ်ထဲသို့ သယ်ဆောင်သွားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Danger Force LPDF ၊ မုံရွာခရိုင် ပကဖ နှင့် လင်းယုန်တပ်ဖွဲ့တို့မှ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့သည့် နေရာကို ရှင်းလင်းရေး လုပ်ဆောင်စဉ် စစ် လွယ်အိတ်၊ ကျည်ဆံများနှင့် ရိက္ခာအချို့ တွေ့ရှိခဲ့ကြောင်း သိရသည်။

စစ်ဆင်ရေးကြေငြာချက်(၂/၂၀၂၄)

၂၀၂၄ခုနှစ် ၊ မတ်လ (၇)ရက် ၊ နံနက် (၇) နာရီ (၄) မိနစ်အချိန်တွင် အမတ (၃၆၉ ) တပ်မှ စ.ခ.တ (၁၀) တပ် သို့သွားသော အကြမ်းဖက်စစ်ကောင်စီ၏ ခြေလျင်စစ်ကြောင်း (၆၀)ခန့်ကို အကာကွယ်ယူပေးသည့် ကင်းပုန်း (၈) ဦးခန့်အား ကန်​​ပေါ်ရွာ၏ အနောက်ဘက် ဖိုးသာကျော်ကန် အနီးတွင် ပဒေသာမိုင်း (၂) လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ တပ်သား (၁) ဦးသေဆုံးပြီး တပ်သား(၃) ဦး ဒဏ်ရာအပြင်းအထန်ရရှိသည်ဟု တပ်တွင်းဖရဲသီးများထံမှ သိရှိရသည်။

အဆိုပါတိုက်ခိုက်မှု အပြီးတွင် အကြမ်းဖက်စစ်ကောင်စီ၏ တပ်သားများသည် ရမ်းသမ်းပစ်ခတ်မှုများ​ပြုလုပ်​​ပြီး​ သေဆုံးသွားသော တပ်သား နှင့် ဒဏ်ရာရ တပ်သားများအား ခေါ်ဆောင်၍ အရာတော် စ.ခ.တ (၁၀) တပ်ထဲ သို့ဝင်သွားကြောင်းသိရှိရပါသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *