မြ၀တီမြို့၊ သဘာဝတရားရိပ်သာဆေးရုံကို စစ်တပ်က ဗုံးကျဲ (ရုပ်သံ)

မြ၀တီမြို့၊ သဘာ၀တရားရိပ်သာဆေးရုံကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု အဘိုးအို ၂ ဦး သေဆုံးပြီး သက်ကြီးရွယ်အို ၇ ဦးဒဏ်ရာရ

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ သဘာ၀တရားရိပ်သာဆေးရုံကို စစ်တပ်က ယနေ့ လေယာဉ်ဖြင့် ဗုံးကျဲသဖြင့် ရိပ်သာတွင် ခိုလှုံနေသည့် အဘိုး ၂ ဦးသေဆုံးပြီး အဘိုးအဘွား သက်ကြီးရွယ်အို ၇ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။

ယနေ့ မတ်လ ၈ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန် မြ၀တီမြို့နယ်၊ ရွာသစ်ကျေးရွာ၊ နယ်စပ်ကုန်သွယ်ရေးဇုန်အနီးရှိ သဘာ၀ တရားရိပ်သာဆေးရုံကို တိုက်လေယာဉ်ဖြင့် စစ်တပ်က ဗုံးကျဲချခြင်းဖြစ်ကြောင်း၊ ဗုံးကျဲချမှုကြောင့် ရိပ်သာဆရာတော် ၏ အဆောင်နှင့် ဆေးရုံအဆောင်ပေါ်သို့ ဗုံးကျရောက်ပေါက်ကွဲပြီး အဘိုး ၂ ဦး ပွဲချင်းပြီး သေဆုံးကြောင်း၊ ကျန် ၇ ဦးမှာလည်း ဒဏ်ရာရရှိကြောင်း သိရှိရသည်။

“အဘိုးအဘွားတွေကို မစာမနာ ဗုံးကျဲချတာ။ လေယာဉ်နဲ့ ကျဲချတာ။ အဘိုး ၂ ဦးကတော့ ပွဲချင်းပြီး ဆုံးပါတယ်။ ကျန် ၇ ဦး ဒဏ်ရာရတယ်။ အဘိုးအဘွားတွေ အကုန်လန့်နေကြတယ်” ဟု ဒေသပရဟိတသမားတစ်ဦးက ဆိုသည်။

လက်ရှိတွင် ဒဏ်ရာရရှိသော အဘိုးအဘွားများကို ဆေးရုံတင် ပို့ဆောင်ကုသထားကြောင်း သိရှိရသည်။

မတ်လ ၈ ရက်နေ့ နံနက် ၁၁ နာရီခွဲ— မြ၀တီမြို့နယ်၊ ရွာသစ်ကျေးရွာ၊ နယ်စပ်ကုန်သွယ်ရေးဇုန်နားက သဘာ၀ တရားရိပ်သာဆေးရုံကို တိုက်လေယာဉ်နဲ့ စစ်တပ်က ဗုံးကျဲချ။

ရိပ်သာဆရာတော်ရဲ့ အဆောင်နဲ့ဆေးရုံအဆောင်ပေါ် ဗုံးကျ ပေါက်ကွဲပြီး အဘိုး ၂ ဦး ပွဲချင်းပြီး သေဆုံး၊ ကျန် ၇ ဦး ဒဏ်ရာရ။


Comments

Leave a Reply

Your email address will not be published. Required fields are marked *