သင်္ဃန်းညီနောင်ရှိ ခမရ ၃၅၅ တပ်စခန်းကို သိမ်းပိုက်ပြီးကြောင်း အတည်ပြု ၊လက်နက် ၅၀ ကျော်ရရှိ 💥

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊သင်္ဃန်းညီနောင်မြို့သစ်ရှိ စစ်ကောင်စီတပ်ရင်း ခမရ ၃၅၅ အထိုင်ချရာတပ်စခန်းကို တော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိကြောင်း တော်လှန်ရေးတပ်ဘက်က အတည်ပြုသိရသည်။

တော်လှန်ရေးရဲဘော်တစ်ဦးက ” ၃၅၅ တပ်စခန်းကို မနက်ကတည်းက သိမ်းပြီးပြီ။ ၃၅၅ ကနေ အတော်ရလိုက်တယ်။ လက်နက် ၅၀ ကျော်ရတယ်” ဟု ပြောသည်။

သင်္ဃန်းညီနောင် ဗျူဟာကုန်းကို ဝန်းရံပေးထားသည့် အခြားတပ်ရင်း ၂ ခုဖြစ်သော ၃၅၆ နှင့် ၃၅၇ တို့အထိုင်ချရာတပ်စခန်းတို့ကိုလည်း တိုက်ခိုက်​နေကြောင်း သိရသည်။

စစ်ကောင်စီတပ်တွင်း သတင်းအရမူ ၃၅၆ တပ်ရင်းစခန်းလည်း အခြေအနေမကောင်းဟု သိရသည်။

ယနေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က လေကြောင်းပစ်ကူ ၁၀ ကြိမ်ထက်မနည်း အသုံးပြုခဲ့ကြောင်း သိရသည်။

ယမန်နေ့က တိုက်ပွဲတွင် ကော်ဘရာစစ်ကြောင်း (၁)၊ တပ်ခွဲ (၃)မှ ဒုတပ်ခွဲမှူး ကျဆုံးခဲ့ကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *