စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် အကြမ်းဖက်စစ်တပ် ကင်းပုန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ် ကောင်စီတပ်သား ၁ ဦးသေဆုံးခဲ့ကြောင်း Danger Force LPDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။
ယမန်နေ့ မတ်လ ၇ ရက် နံနက် ၇ နာရီ ၄ မိနစ်အချိန် အရာတော်မြို့နယ် အမတ ၃၆၉ တပ်မှ စခတ အမှတ် ၁၀ တပ်သို့ သွားရောက်သည့် ခြေလျင်စစ်ကြောင်းကို ကာကွယ်ပေးရန် ကန်ပေါ်ရွာ၏ အ နောက်ဘက် ဖိုးသာကျော်ကန်အနီး၌ ကင်းပုန်းဝပ်နေသော အကြမ်းဖက်စစ်သား ၈ ဦးကို ပဒေသာ မိုင်း ၂ လုံးဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးပြီး ၃ ဦး အပြင်း အထန် ဒဏ် ရာရရှိခဲ့ကြောင်း သိရသည်။
ထိုသို့ မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်သားများက လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ကာ သေဆုံးဒဏ်ရာရ စစ်သားများကို အရာတော်မြို့နယ် စခတ အမှတ် ၁၀ တပ်ထဲသို့ သယ်ဆောင်သွားကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Danger Force LPDF ၊ မုံရွာခရိုင် ပကဖ နှင့် လင်းယုန်တပ်ဖွဲ့တို့မှ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့သည့် နေရာကို ရှင်းလင်းရေး လုပ်ဆောင်စဉ် စစ် လွယ်အိတ်၊ ကျည်ဆံများနှင့် ရိက္ခာအချို့ တွေ့ရှိခဲ့ကြောင်း သိရသည်။
စစ်ဆင်ရေးကြေငြာချက်(၂/၂၀၂၄)
၂၀၂၄ခုနှစ် ၊ မတ်လ (၇)ရက် ၊ နံနက် (၇) နာရီ (၄) မိနစ်အချိန်တွင် အမတ (၃၆၉ ) တပ်မှ စ.ခ.တ (၁၀) တပ် သို့သွားသော အကြမ်းဖက်စစ်ကောင်စီ၏ ခြေလျင်စစ်ကြောင်း (၆၀)ခန့်ကို အကာကွယ်ယူပေးသည့် ကင်းပုန်း (၈) ဦးခန့်အား ကန်ပေါ်ရွာ၏ အနောက်ဘက် ဖိုးသာကျော်ကန် အနီးတွင် ပဒေသာမိုင်း (၂) လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ တပ်သား (၁) ဦးသေဆုံးပြီး တပ်သား(၃) ဦး ဒဏ်ရာအပြင်းအထန်ရရှိသည်ဟု တပ်တွင်းဖရဲသီးများထံမှ သိရှိရသည်။
အဆိုပါတိုက်ခိုက်မှု အပြီးတွင် အကြမ်းဖက်စစ်ကောင်စီ၏ တပ်သားများသည် ရမ်းသမ်းပစ်ခတ်မှုများပြုလုပ်ပြီး သေဆုံးသွားသော တပ်သား နှင့် ဒဏ်ရာရ တပ်သားများအား ခေါ်ဆောင်၍ အရာတော် စ.ခ.တ (၁၀) တပ်ထဲ သို့ဝင်သွားကြောင်းသိရှိရပါသည်။
Leave a Reply