အရာတော်မြို့ရှိ ဝါသဝ၏ ပျူစောထီးများ သင်တန်းပေးနေသည့် ၅၀၀၄ တင့်ကားတပ်ရင်းနှင့် စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ အရာတော်မြို့ရှိ ဝါသဝ၏ ပျူစောထီးများ သင်တန်းပေးနေသည့် ၅၀၀၄ တင့်ကားတပ်ရင်းနှင့် စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း BGS Ayadaw Drone Force မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

မတ်လ ၇ ရက်နေ့ ညနေ ၅ နာရီခန့်တွင် အရာတော်မြို့ရှိ တင့်ကား တပ်ရင်း ၅၀၀၄ တပ်ရင်းစခန်းအတွင်း၌ ဝါသဝ၏ ပျူစောထီးများ သင်တန်းပေးနေစဉ် BGS Ayadaw Drone Force က လက်လုပ် ၆၀ မမ ဗုံးသီး ၃ လုံးဖြင့် ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် အရာတော်မြို့ မြောက်ဘက် အထွက်ရှိ အကြမ်းဖက် စစ်တပ်၏ အမှတ် ၂ စစ်ဆေးရေးဂိတ်ကိုလည်း BGS Ayadaw Drone Force မှ လက်လုပ် ၁၂၀ မမ ဗုံးသီး ၁ လုံး ထပ်မံ ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ရှိရာနေရာများကို ဗုံးသီးများ ကျရောက် ပေါက်ကွဲခဲ့သော စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးဘဲ စစ်ကောင်စီ တပ်သားများက ပွိုင့် ၅ လက်နက်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“စစ်ခွေးတွေ တိုက်ခိုက်ခံရပြီးတော့ စစ်ဆေးမှုတွေ အရမ်းကြမ်းနေလို့ ခွေးသေစာရင်းတော့ အတိအကျ မသိရသေးဘူး။ စစ်ခွေးတွေ ရှိနေတဲ့ နေရာပေါ်ကိုတော့ တည့်တည့်ကျပါတယ်” ဟု BGS Ayadaw Drone Force မှ တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို BGS Ayadaw Drone Force နှင့် Ayadaw Rocket ဦးဆောင်ပြီး အရာတော်မြို့နယ်၊ တိုက်နယ် အမှတ်‌ ၄ ရဲဘော်များ၊ မိုင်းမင်းသား ပြောက်ကျားအဖွဲ့၊ မုံရွာခရိုင် တပ်ရင်း ၁၉ တို့ကပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အရာတော်မြို့ တကရ ၅၀၀၄ တပ်ရင်း အတွင်း ဦးဝါသဝ၏တပည့် များက သင်တန်းပေးနေသည်ကို သတင်းရ၍ ဒရုန်းဖြင့် ဗုံးကြဲခဲ့ပြီး၊အရာတော်မြို့ မြောက်အထွက် အမှတ်၂ စစ်ဆေးရေးဂိတ် ဆက်ကြေးကောက်နေသည် သိရ၍ ထပ်မံဗုံးကြဲခဲ့။

မတ်လ ၇ ရက် ညနေ ၅ နာရီအချိန်တွင် အရာတော်မြို့ တကရ ၅၀၀၄ တပ်ရင်းစခန်းအတွင်းတွင် ဦးဝါသဝ၏တပည့်များက သင်တန်းပေးနေသည်ကို သတင်းရရှိ၍ သင်တန်းနေရာအပေါ်သို့ BGS Ayadaw Drone Force မှ လက်လ်ု ၆၀မမဗုံးသီး ၃လုံး နှင့် ညနေ ၅:၃၀ နာရီအချိန်တွင် အရာတော်မြို့ မြောက်အထွက် အမှတ်၂ စစ်ဆေးရေးဂိတ် ဆက်ကြေးကောက်နေသည် သိရှိရ၍ ဂိတ်စခန်းတည့်တည့်အပေါ်သို့ BGS Ayadaw Drone Force မှ လက်လုပ် ၁၂၀မမ ဗုံးသီးတစ်လုံးဖြင့် ကောင်းကင်ယံမှ ထပ်မံ ဒရုန်းဗုံးသီးဖြုတ်ချ တိုက်ခိုက်ခဲ့ပါသည်။

တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီ တပ်သားများ ထိခိုက်မှုကို စုံစမ်းဆဲ ဖြစ်ကြောင်းနှင့် တပ်ရင်းစခန်းမှ ပွိုင့်(5)လက်နက်များဖြင့် ပြန်လည်ပစ်ခတ်သော်လည်း မိမိတို့ ပြည်သူ့ ကာကွယ်ရေး ရဲဘော်များ အထ်ိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါသည်။

၎င်းတိုက်ခိုက်မှုအတွင်း BGS Ayadaw Drone Force နှင့် Ayadaw Rocket ဦးဆောင်၍ အရာတော်မြို့နယ်၊တိုက်နယ် အမှတ်‌(၄)ရဲဘော်များ၊မိုင်းမင်းသား ပြောက်ကျားအဖွဲ့၊မုံရွာခရိုင် တပ်ရင်း (၁၉) တို့ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း မိဘပြည်သူများသို့ အသိပေးတင်ပြအပ်ပါသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *