ကန်သာယာပန်းခြံရှိ ရှစ်လေးလုံး အထိမ်းအမှတ် ကျောက်တိုင် စစ်ကောင်စီဖျက်ဆီး

ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် ကန်သာယာပန်းခြံရှိ ရှစ်လေးလုံးအထိမ်းအမှတ်ကျောက်တိုင်ကို စစ်ကောင်စီက ဖျက်ဆီးလိုက်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

” မနေ့က(မတ်၈) ည ၁၁နာရီ‌လောက်မှာစပြီးအကြမ်းဖက်စစ်တပ်နဲ့ ရခတွေပေါင်းပြီး ဖျက်ဆီးတာ။ ဒီမနက် ၃နာရီလောက်မှာ ပြီးသွားတယ်။နောက်ပြီးတော့ ဇကာအစိမ်းကြီးတွေနဲ့ ကာလိုက်တယ်”ဟု ၎င်းက ပြောသည်။

မတ်လ ၉ ရက်နံနက်တွင် ယင်းနေရာ၌ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ လုံခြုံရေးယူထားပြီး ပြည်သူများကို ဝင်ရောက်ခွင့်မပေးဝောာ့ကြောင်း ၎င်းက ဆိုသည်။

“ဒီကျောက်တိုင်က မြောက်ဥက္ကလာအတွက် အထင်ကရတစ်ခု ။မြောက်ဥက္ကလာမှာလုပ်တဲ့ပွဲတွေဆိုရင် ကျောင်းသားတွေအားလုံးက ကန် သာယာဝင်းထဲက ကျောက်တိုင်ကို အလေးပြုကြတယ်”ဟု စစ်ကောင်စီက ဖျက်ဆီးလိုက်သည့် ကျောက်တိုင်နှင့်ပတ်သတ်၍ ဒေသခံတစ်ဦးက ပြောသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *