မြိုင်မြို့နယ် နှင်းဆီကန်ရွာသင်္ချိုင်းအနီး အင်အား ၄၀ ခန့်ရှိ အကြမ်းဖက်စစ်တပ် မိုင်းဆွဲတိုက်ခိုက်ခံရ (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်​မြို့နယ် တွင်းမပျူစခန်းနဲ့ သရက်ကန်ပျူစခန်းက ထွက်လာတဲ့ အင်အား ၄၀ ခန့်ရှိ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေကို မတ်လ ၈ ရက် နံနက် ၉ နာရီခွဲခန့်က နှင်းဆီကန် ရွာ အနောက်မြောက်ဘက် ရွာသင်္ချိုင်းအနီး အထူးပြုလုပ်ထားတဲ့ မိုင်းအကြီးစားဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ မြိုင်ပကဖမှ သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်သားနဲ့ ပျူစောထီးအနည်းငယ်သာ ထွက်ပြေးလွတ်မြောက်သွားသော ပုံရိပ် ကို ဒရုန်းနဲ့ တွေ့ခဲ့ရပြီး ထိခိုက်သေဆုံးမှုများနိုင်တယ်လို့ သိရပါတယ်။ အဆိုပါစစ်ကြောင်းအား လာရောက်ကြိုဆိုသည့် အကြမ်းဖက်စစ်သားတွေ ကမ္မမြို့သို့ ပြန်လည်ဝင်ရောက်သွားတယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို မြိုင်ပကဖ အဖွဲဝင်များဖြစ်သော တပ်ရင်း ၁တပ်ခွဲ ၁ ဂဠုန် ၊တပ်ခွဲ ၄ စင်္ကြာ၊ ဝင်္ပုလွေ ပြောက်ကြားတပ်ဖွဲ့၊ Myaing Worries ၊ MRTF ၊black cobra, Young Force , Black Cheetah, Super Fighter, MRDF ၊ ပေါက် ပကဖ ၊ဧရာအနောက် တပ်ဖွဲ့၊ ကင်တိုတပ်ဖွဲ့၊ PKU သူရိန် ၊DMG တပ်ဖွဲ့၊ အလင်းတန်းပြောက်ကြားတပ်ဖွဲ့ ၊ Earthquake Defense Force ၊ ကမ္မတပ်ပေါင်းစုများ‌ဖြစ်သော KMDF၊ PDF ကမ္မ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *