ဆွမ်ပရာဘွမ် ရဲမှူး ဝင်းကို အပါအဝင် ရဲ ၁၃ ဦး လက်နက်ချ

ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူး ဝင်းကို အပါအဝင် ရဲ ၁၃ ဦးသည် ယနေ့မနက်က KIA နှင့် ပူးပေါင်းတပ်ဖွဲ့များထံ လက်နက်ချအညံ့ခံခဲ့ကြောင်း သတင်းရင်းမြစ်က အတည်ပြုပြောဆိုလာသည်။

” ဟုတ်တယ်။ ရဲမှူး ဝင်းကို အပါအဝင် ဆွမ်ပရာဘွမ်ရဲ ၁၃ ဦး လက်နက်ချတယ်။ လက်နက်တွေပါရလိမ့်မယ်” ဟု သတင်းရင်းမြစ်က ပြောသည်။

ဆွမ်ပရာဘွမ်ကို ယမန်နေ့ကတည်းက KIA နှင့် မဟာမိတ်များက ဝိုင်းဝန်းပိတ်ဆို့ထားခဲ့ပြီးနောက် ယနေ့တွင် စစ်ကောင်စီရဲများ လက်နက်ချသွားခြင်းဖြစ်ကြောင်း သိရသည်။

ထပ်မံ၍ ယမန်နေ့ညက Kagvbu People Force (KPF) KPDF နှင့် KIA တို့ ပူးပေါင်း၍ ဝိုင်းမော်မြို့နယ်၊ မလိယန်အနီးနားရှိ စစ်ကောင်စီတပ်အထိုင် ကြားစခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သတင်းရရှိထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *