မြ၀တီမြို့နယ်၊ သင်္ဃန်းညီနောင်တွင် တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး သေ ဆုံးမှုများ နေသော စစ်တပ်က လေကြောင်း တိုက်ခိုက်မှုကို မရပ်မနား လုပ်နေ၊ ခမရ ၃၅၅ တပ်ရင်း အသိမ်းပိုက်ခံရဟု စစ်လော်ဘီများ အတည် ပြု

မြ၀တီမြို့နယ်၊ သင်္ဃန်းညီနောင်တွင် တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး သေ ဆုံးမှုများ နေသော စစ်တပ်က လေကြောင်း တိုက်ခိုက်မှုကို မရပ်မနား လုပ်နေ၊ ခမရ ၃၅၅ တပ်ရင်း အသိမ်းပိုက်ခံရဟု စစ်လော်ဘီများ အတည် ပြု

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ သင်္ဃန်းညီနောင်တွင် ယနေ့ တတိယနေ့အဖြစ် တိုက်ပွဲများ ဆက် လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်း တိုက်ခိုက်မှုကို မရပ်မနား လုပ်ဆောင်နေကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

မတ်လ ၇ ရက်နေ့မှစတင်ပြီး ယနေ့ မတ်လ ၉ ရက်နေ့အထိ မြ၀တီမြို့နယ်၊ သင်္ဃန်းညီနောင်တွင် တိုက်ပွဲများ ပြင်းထန်နေခြင်းဖြစ်ကြောင်း၊ ယမန်နေ့ တစ်ညလုံးနှင့် ယနေ့ တစ်မနက်လုံးတွင်လည်း တိုက်ပွဲများ ဆက်လက်ပြင်းထန်ကာ စစ်တပ်က လေကြောင်းသုံး တိုက်ခိုက်မှုများကို မရပ်မနား လုပ်ဆောင်နေကြောင်း သိရှိရသည်။

“လေယာဉ်တွေရော၊ ရဟတ်ယာဉ်တွေရော အကုန်လာတာ။ လာတဲ့ လေယာဉ်တွေမှာ အမျိုးအစားမသိတဲ့ အရမ်းကို ဆူညံတဲ့ အသံနဲ့ လာတဲ့လေယာဉ်တွေလည်းပါတယ်။ ဟိုးအရင်ခေတ်က တိုက် လေ ယာဉ်တွေထင်တယ်။ စစ်ရှောင်တွေလည်း တိုက်ပွဲနဲ့ ဝေးရာ ပြေးနေရပေမယ့် အသံတွေက တစ်ညလုံး တစ်မနက်လုံး ဆက်တိုက် ကြားနေရတုန်းပဲ” ဟု စစ်ဘေးရှောင် ပြည်သူတစ်ဦးကရှင်းပြသည်။

စစ်တပ်လော်ဘီ တယ်လီဂရမ်ချန်နယ်များတွင် သင်္ဃန်းညီနောင်တိုက်ပွဲတွင် ခမရ ၃၅၅ တပ်ရင်းကို တော်လှန်ရေးတပ်များက သိမ်းပိုက်လိုက်ပြီး ခမရ ၃၅၆ အပါအဝင် တပ်ရင်းများမှာ စိုးရိမ်ရေမှတ်ဖြစ်နေကြောင်း ရေးသားထားကြသည်။

“ကရင်ပြည်နယ်၊မြဝတီမြိုအနီးရှိ သင်္ဃန်းညီနောင် နယ်မြေရှိ ၃၅၅ တပ် ဆုတ်ထားလိုက်ရသည်။ယနေ့ နံနက် ၉:၄၈ အချိန်အထိ ၃၅၅ တပ် နဲ့ ၃၅၆ တပ်တိုသည့် ၃၅၇ တပ်နဲ့ ပြန်လည် ပူးပေါင်းထားရသည်။ကရင်ပြည်နယ်၊မြဝတီမြိုအနီးရှိ သင်္ဃန်းညီနောင် နယ်မြေ စိုးရိမ်ရေမှတ်ကို ရောက်ရှိနေကြောင်း ” ဟု စစ်တပ်လော်ဘီချန်နယ်က ရေးသားထားသည်။

KNLA နှင့် တော်လှန်ရေး သတင်းရင်းမြစ်များကို ဆက်သွယ်မေးမြန်းရာ လက်ရှိတွင် တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ရေးအခြေအနေအရ မည်သည့်မှတ်ချက်မှ မပေးလိုကြောင်း၊ ခမရ ၃၅၅ နှင့်ပတ်သက်၍ လူမှုကွန်ရက်တွင် ဗီဒီယိုများ ထွက်ပေါ်ခဲ့ပြီးဖြစ်၍ ဗီဒီယိုတွင်ပါသည့်အတိုင်းပင် ဖြစ်ကြောင်း၊ သက်ဆိုင်ရာက အခြေအနေများ တည်ငြိမ်မှသာ တိုက်ပွဲရလဒ်နှင်အောင်ပွဲ သတင်းများ ထုတ်ပြန်မည်ဖြစ်ကြောင်း၊ တော်လှန်ရေးဘက်မှလည်း အထိအခိုက်နှင့်သေဆုံးမှုတချို့ရှိကြောင်း ပြောဆိုကြသည်။

လက်ရှိတွင် ခလရ ၂၇၅ ၊ နဗဟ တို့က လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေကြောင်း ၊ ယခုတိုက်ပွဲများတွင် စစ်တပ်ဘက်မှ အထိနာနေကြောင်း သိရှိရသည်။

ခမရ ၃၅၅ တပ်ရင်းနှင့် သင်္ဃန်းညီနောင်ရဲစခန်းတိုက်ခိုက်ရှင်းလင်းခံရပြီးနောက် ဗျူဟာကုန်း စစ်စခန်းဘက် တိုက်ပွဲဆက်ဖြစ်နေ

မြဝတီမြို့၊ သင်္ဃန်းညီနောင်အနီးရှိ စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း (ခမရ-၃၅၅) စခန်းနှင့် ရဲစခန်းကို ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရှင်းလင်းပြီးနောက် သင်္ဃန်းညီနောင် အခြေချ စစ်ဗျူဟာစစ်စခန်းတွင် တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း စစ်ရေး သတင်းအရင်းအမြစ်များက ပြောသည်။

“ကိုယ့်အဖွဲ့တွေ တိုက်နေတာ ၃၅၅ ကို ဝင်ရှင်းနိုင်တယ်။ သူတို့ စစ်တပ်က သူတို့ တပ်ရင်းကို လေယာဉ် ဗုံးကြဲ လို့ တပ်ရင်းပျက်စီးကုန်တယ်။ ညီနောင် ရဲစခန်းလည်း မီးလောင်ပျက်စီးတာမျိုးရှိတယ်။ အခုက ဗျူဟာကုန်း ဘက်ကို ဆက်တိုက်နေတယ်။ စစ်တပ်က လေယာဉ် နဲ့ ကြဲချ ပစ်ချတာရယ် (၂၇၅) စစ်တပ်က လက်နက်ကြီး ဆက်တိုက်ပစ်တာရယ်ဘဲရှိတယ်။ မြေပြင်စစ်သားက ပြေးကြတာများတယ် ” ဟု စစ်ရေး နယ်မြေသတင်း အရင်းအမြစ်ကပြောသည်။

လက်ရှိ ၃ ရက်တာတိုက်ပွဲအတွင်း စစ်တပ်လက်နက်ကြီး နှင့် လေကြောင်းပစ်ကူကြောင့် သင်္ဃန်းညီနောင် အနီး ကျေးရွာလမ်းပိုင်းများရှိ ဒေသခံနေအိမ် အလုံး ၃၀ ဝန်းကျင်ခန့် မီးလောင်ပျက်စီးနေပြီး အရပ်သား ထိခိုက်သေ ဆုံးသူ ၄ ဦးရှိကာ ဒဏ်ရာရရှိသူ ၁၀ ဦး ထက်မနည်းရှိနေကြောင်း ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူများက ပြောသည်။

ထို့အပြင် တိုက်ပွဲကြောင့် ရပ်ကွက်နေအိမ်များအတွင်း ပိတ်မိနေသူများရှိပြီး ၎င်းတို့ကို တိုက်ပွဲလွတ်ရာသို့ ကူညီ ရွေ့ပြောင်းပေးနေကြောင်း လူမှုကယ်ဆယ်ရေး လုပ်ဆောင်နေသူတစ်ဦးက ယခုလိုပြောသည်။

” မနေ့က သဘာဝ တရားရိပ်သာက ဘိုးဘွားလူနာတွေကို မြဝတီ (အ.ထ.က ၂) ဘက်ရွေ့ ပေးထားတယ်။ ရပ်ကွက်က စစ်ရှောင်သူတွေကိုတော့ သူတို့ သွားရှောင်ချင်တဲ့ နေရာတွေ ဘုန်းကြီးကျောင်းတွေ ပို့ပေးနေတယ်၊ လက်နက်ကြီးပစ်တာ လေယာဉ်ပတ်ပစ်တာတွေကို သတိထားပြီး သွားနေ ကူနေရတယ်။ (၂၇၅) စစ်တပ်က ဆက်တိုက်ပစ်နေတာ ညီနောင်ဘက်ကို အလုံးကြီးတွေနဲ့ ” ဟုပြောသည်။

ယနေ့ မတ်လ ၉ ရက်နေ့ နံနက်ပိုင်းအချိန်ထိ တိုက်ပွဲဆက်ဖြစ်နေဆဲဖြစ်ပြီး ခြေလျင်တပ်ရင်း (ခလရ-၂၇၅) တပ် ဘက်က KNLA ပူးပါင်းတပ်များ စစ်ရေးလှုပ်ရှားနေသည့် ကျောက်တောင် ၊ လက်ခတ်တောင်၊ မဲကနယ် နှင့် အတွင်းကွင်းကလေးကျေးရွာဘက်သို့ ဟာဝှစ်ဇာမြောက်များ၊ အတွဲလိုက်ပစ် ရော့ကက်ဒုံးများဖြင့် ပစ်ခတ် တိုက် ခိုက်နေကြောင်းလည်း တော်လှန်ရေးအင်အားစုဘက်က ဆိုသည်။

အဆိုပါ တိုက်ပွဲ ဖြစ်စဉ်များ နှင့်ပတ်သက်ပြီး စစ်ကောင်စီတပ်ဘက်က သတင်းထုတ်ပြန်တာမျိုး မရှိသေးသလို KNLA မဟာမိတ် ပူးပေါင်းတပ်ဘက်ကလည်း စခန်းသိမ်းပိုက်နိုင်မှု၊ လက်နက်ခဲယမ်း သိမ်းပိုက်ရရှိမှု၊ စစ်သုံ့ပန်း ဖမ်းဆီးရမိမှုများ နှင့် နယ်မြေစိုးမိုးထိမ်းချုပ်နိုင်မှု အခြေအနေကို လတ်တလော ထုတ်ပြန် ပြောဆိုခြင်းမျိုး မရှိ သေးကြောင်း တွေ့ရသည်။

ဓာတ်ပုံ- သင်္ဃန်းညီနောင် ခမရ ၃၅၅ မှ ရရှိထားသော စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများ။


Comments

Leave a Reply

Your email address will not be published. Required fields are marked *