စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် စစ်မှုဒုဝန်ကြီး လမ်းကြောင်းအတွက် လုံခြုံရေးယူနေသည့် ရဲတပ် ဖွဲ့ကို တိုက်ခိုက်မှု ရဲ ၄ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ ရရှိကြောင်း စစ်ကိုင်းမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။
ယနေ့ နံနက် ၇ နာရီ ၅၀ မိနစ်အချိန် စစ်ကိုင်းမြို့နယ်၊ ရွာသစ်ကြီးနယ်မြေရဲစခန်းမှ ရဲ ၄ ဦးသည် စစ်ကိုင်း-မုံရွာ- ရွှေဘိုလမ်းပိုင်းတွင် ငွေတောင်းထွက်လာစဉ် စစ်ကိုင်း ပကဖနှင့် တောတွင်းတွတ်ပီ အဖွဲ့က အနီးကပ် ဝင်ရောက် တိုက်ခိုက်ရာ ရဲ ၄ ဦးသေဆုံးပြီး သေနတ် ၄ လက်ရရှိကြောင်း သိရှိရသည်။
“ကြိုတင်ကင်းပုန်းဝပ်ပြီး အနီးကပ်တိုက်ခိုက်တာမှာ ရဲ ၄ ဦးသေတယ်။ သေနတ် ၄ လက်ရရှိတယ်။ ဒီနေ့ မွန်းလွဲ ပန်းချီရွာဘက်ကို စစ်တပ်က စစ်ကြောင်းထိုးတယ်။ ဒီနေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်မှာတော့ စစ်သားတွေက စစ်ကိုင်းမြို့နယ်၊ ကျောက်ဆည်ရွာကို ရောက်နေပြီလို့ သိရတယ်” ဟု စစ်ကိုင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ဆိုသည်။
စစ်တပ်ဘက်တော်သားများ၏ သတင်းထုတ်ပြန်မှုတွင် စစ်ကိုင်းမြို့နယ်၊ အုန်းတောကျေးရွာ တိုင်းရင်း သားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်သို့ လာရောက်သော စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့ လမ်းကြောင်းအတွက် လုံခြုံရေး ယူနေစဉ် ရဲ ၃ ဦး တိုက်ခိုက်ခံရကြောင်း၊ သေနတ်များ ပါသွားကြောင်း သတင်းဖော်ပြကြသည်။
သေဆုံးသွားကြသည့် ရဲတပ်ဖွဲ့ဝင်များမှာ ရွာသစ်ကြီးရဲစခန်းမှ ရဲတပ်ကြပ်ကြီး ဂေတမ်၊ ရဲတပ် ကြပ် ဇာနည်ထွန်း ၊ ရဲဒုတပ်ကြပ် ရန်နိုင်စိုးတို့ သေဆုံးခဲ့ကြောင်း၊ MA-13 သေနတ် ၁ လက်၊ BA-63 သေ နတ် ၁ လက်၊BA 63 သေနတ် ၁ လက်၊ ကျည်အိမ် ၃ ခု၊ ကျည် ၂၀၀ တောင့်နှင့် MG-1 ၁ လုံး ဆုံး ရှုံးကြောင်း၊ လုံခြုံရေး အတွက် အသုံးပြုနေသည့် AD VAN (အဖြူ) မော် တော်ယာဥ် ဆုံးရှုံးသွားကြောင်း သိရှိရသည်။
Taw Twin Tup Pee Local PDF အဖွဲ့၏ ထုတ်ပြန်ချက်တွင်မူ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ရွာသစ်ကြီးရဲစခန်းမှ ရဲများလိုက်ပါလာသောကားကို ပစ်ခတ် တိုက်ခိုက်ရာ ၄ ဦးလုံးသေဆုံးပြီး လက်နက် ၄ လက် သိမ်းဆည်းရရှိခဲ့ကြောင်း၊ စစ်ကိုင်းမြို့နှင့် အုန်းတော နယ်မြေအတွင်း ဖြတ်သန်းသွားလာနေသော ကားများကို အတင်းအဓမ္မ ဆက်ကြေး ကောက်ခံနေသည့် ရွာသစ်ကြီးရဲစခန်းမှ ရဲများ လိုက်ပါသောကားကို တော်လှန်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ရာ ၄ ဦးသေဆုံးခဲ့ကြောင်း၊ သေဆုံးသွားသော ရဲ ၄ ဦးမှာ ရွာသစ်ကြီးရဲစခန်းမှ ရဲတပ်ကြပ်ကြီး ဂေတမ်၊ ရဲတပ်ကြပ် ဇာနည်ထွန်း ၊ ရဲဒုတပ်ကြပ် ရန်နိုင်စိုးနှင့် ရဲတပ်သား ၁ ဦးတို့ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ရဲ ၄ ဦးထံမှ ပစ္စတို ၁ လက် ၊ ကျည်ဘောက် ၂ ခု၊ G-3 ၂ လက်၊ ကျည်ဘောက် ၄ ခု၊ ပူစီ ၁ လက် ကျည်ဘောက်၃ ခု၊ ၃၀၈ ကျည် ၂၆၉ တောင့်၊ 7.62 ကျည် ၂၄၀ တောင့်၊ လက်ပစ်ဗုံး ၁ လုံး၊ လက်ထိပ် ၂ ခု၊ ဖုန်း ၅ လုံး၊ ယူနီဖောင်း ၂ စုံ၊ ကား ၁ စီး သိမ်းဆည်းရရှိခဲ့ကြောင်း Taw Twin Tup Pee Local PDF ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
https://youtube.com/shorts/-GOP6gie2H4?feature=share
သတင်းထုတ်ပြန်ချက် ……9.3.2024
စစ်ကိုင်းနဲ့အုန်းတောနယ်မြေအတွင်းဖြတ်သန်းသွားလာနေသောကားများကိုအတင်းအဓမ္မပိုက်ဆံကောက်ခံနေသောရွာသစ်ကြီးရဲစခန်းမှရဲခွေးများအားကျွန်တော်တို့
Taw Twin Tup Pee Local Pdfနဲ့မဟာမိတ်ဖြစ်သော”နယ်စီးမခြားစစ်ကိုင်းသား”အဖွဲ့မှပစ်ခတ်တိုက်ခိုက်ခဲ့သည်
ရဲခွေး၄ကောင်ငရဲပြည်သို့ပို့ဆောင်ခဲ့သည်
သိမ်းဆည်းရမိရာ ပစ္စတို၁လတ်ဘောက်၂ခု G3 ၂လတ်ဘောက်၄ခု ပူစီ ၁လတ် ဘောက်၃ခု
308ကျည် 269တောင့်
7.62ကျည် 240တောင့်
လက်ပစ်ဗုံး 1လုံး
လက်ထိပ် ၂ခု
ဖုန်း၅လုံး
ယူနီဖောင်း ၂စုံ
ကား၁စီး
၎င်းရဲခွေးများအနက် ရွာသစ်ကြီးရဲစခန်းမှ ရဲတပ်ကြပ်ကြီး ဂေတမ်၊ ရဲတပ် ကြပ် ဇာနည်ထွန်း ၊ ရဲဒုတပ်ကြပ် ရန်နိုင်စိုးတို့ ငရဲပြည်သို့ဆင်းသွားကြောင်း
ပြည်သူများအားမျိုးစုံနိုပ်စက်နေသောခွေးများအားကျွန်ုပ်တို့အနေဖြင့်ရနိုင်သလိုချေမှုန်းသွားမှာဖြစ်ပါ၍မိိဘပြည်သူများအနေဖြင့်စကစများနဲ့ဝေးရာမှာနေပေးကျဖို့မေတ္တာရပ်ခံအပ်ပါတယ်
https://youtube.com/shorts/-GOP6gie2H4?feature=share
Taw Twin Tup Pee Local
နယ်စီးမခြား စစ်ကိုင်းသား
Leave a Reply