0307 ✅ 🌺၃ ရက် နေရာ ၂၀ ဆို့အောက်

လိုင်ဇာဌာနချုပ် အနီးရှိ စစ်တပ် ဗျူဟာမှူး ထိုင်သော နော်ရာစင်ခန်ဘွမ်တောင်စခန်းကို KIA က ထပ်မံသိမ်း ပိုက်၊ ၃ ရက်အတွင်းသိမ်းပိုက်ရရှိသော စစ်တပ် စခန်းစုစုပေါင်း ၂၀ နီးပါးရှိလာပြီဟု ဗိုလ်မှူးကြီးနော်ဘူ ပြောဆို

ကချင်ပြည်နယ်၊ KIO ဌာနချုပ် လိုင်ဇာအနီးရှိ စစ်ကောင်စီ၏ နော်ရာစင်ခန်ဘွမ်တောင်စခန်းကို KIA ဦးဆောင်သော ပူးပေါင်းတပ်များက ယနေ့ သိမ်းပိုက်ရရှိကြောင်း KIA သတင်းပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီ နော်ဘူကပြောဆိုသည်။

“ခယာဘွမ်တောင်စခန်းနဲ့ ဆက်စပ်နေတဲ့ နောင်ရာစင်ခန်ဘွမ်တောင်စခန်းကို ဒီနေ့ ထပ်မံ သိမ်းပိုက်ရရှိပါတယ်။ အဲဒီစခန်းမှာက အကြမ်းဖက် စစ်တပ်ရဲ့ ဗျူဟာမှူး ထိုင်တဲ့စခန်းဖြစ်ပါတယ်။

အခု ၃ ရက်အတွင်းမှာ ကျနော်တို့ သိမ်းပိုက်ရရှိတဲ့ စခန်းကြီး၊ စခန်းငယ်၊ ကာကင်းတွေ အပါအဝင် စုစုပေါင်း စစ်ကောင်စီတပ်စခန်း ၂၀ နီးပါးရှိလာပါပြီ” ဟု ဗိုလ်မှူးကြီးနော်ဘူကပြောဆိုသည်။

လက်ရှိတွင် KIA အနေဖြင့် ကချင်ပြည်နယ်တစ်ဝန်း စစ်ကောင်စီတပ်များနှင့် တိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်း၊ ကချင်ပြည်နယ်တစ်ဝန်းတွင် တိုက်ပွဲများ ဆက်လက် ရှိနေဦးမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီး နော်ဘူက အသိပေးပြောဆိုသည်။

Leave a Comment