စစ်မှုထမ်းဟောင်းတွေရဲ့ နိုင်ငံ့ကာကွယ်လိုတဲ့ စိတ်ဆန္ဒကို မကြာမီဖြည့်ဆည်းပေးတော့မယ်လို့(စကစ)ထုတ်ပြန်

စစ်မှုထမ်းဟောင်းတွေရဲ့ နိုင်ငံ့ကာကွယ်ရေးမှာ ပြန်လည်ပါဝင်လိုတဲ့ဆန္ဒကို မကြာမီဖြည့်ဆည်းပေးတော့မှာဖြစ်တဲ့အတွက်စစ်မှုထမ်းဟောင်းတွေကို အရန်တပ်ဖွဲ့မှာ စစ်မှုထမ်းဖို့ ဆင့်ခေါ်မယ့် အရန်တပ်ဖွဲ့ နည်းဥပဒေတွေကို မတ်လ ၁၀ ရက် ရက်စွဲနဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာလိုက်ပါပြီ။

အရန်တပ်ဖွဲ့ဥပဒေကို အာဏာတည်ကြောင်း အမိန့်ထုတ်ပြန်ရတာဟာ စစ်မှုထမ်းဟောင်းတွေအနေနဲ့ နိုင်ငံတော် ရဲ့ကာကွယ်ရေးအင်အားမှာ ပြန်လည်ထမ်းဆောင်ဖို့ တောင်းဆိုမှုများတဲ့အတွက် ဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖေဖော်ဝါရီ ၁၃ ရက်က နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံစဉ်မှာပြောခဲ့တာဟာက အတည်ဖြစ်လာခဲ့တာပါ။

အဲဒီအရန်တပ်ဖွဲ့ဥပဒေအရ စစ်မှုထမ်းတစ်ယောက်ဟာ စစ်မှုထမ်းခြင်းကနေ နုတ်ထွက်တာ ဒါမှမဟုတ် အငြိမ်းစား ယူခွင့်ရရှိတဲ့ နေ့ရက်ကစပြီး ငါးနှစ်အထိ အရန်တပ်ဖွဲ့မှာ စစ်မှုထမ်းဆောင်ဖို့ တာဝန်ရှိတယ်လို့ ပြဋ္ဌာန်းထားပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ စစ်မှုထမ်းခြင်းကနေ မိမိဆန္ဒ အလျောက်နုတ်ထွက်တဲ့ ဒါမှမဟုတ် အငြိမ်းစားယူတဲ့ စစ်မှုထမ်းတစ်ယောက်ကို အရန်တပ်ဖွဲ့ဝင်အဖြစ် ခန့်အပ်နိုင် တယ်လို့ ပြဋ္ဌာန်းထား ပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *