နေပြည်တော်မှာ တပ်မတော်နေ့အတွက် လုံခြုံရေးယူနေတဲ့ရဲကို ခရီးသည်ယာဥ်က ဝင်တိုက်ပြီး ပွဲချင်းပြီးသေဆုံး

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ မအူတောကျေးရွာအုပ်စု၊ စိမ်းစားပင်ကျေရွာအနီး ရန်-မန်းလမ်းဟောင်း မိုင်တိုင်အမှတ် ၂၂၇/၀ နဲ့ ၂၂၇/၁ ကြားမှာ ဒို့ညီနောင် ခရီးသည်တင်ယာဥ်က တပ်မတော်နေ့အတွက် လုံခြုံရေးဆောင်ရွက်နေတဲ့ ရဲကိုဝင်တိုက်ခဲ့ပြီး ပွဲချင်းပြီးသေဆုံးသွားတယ်လို့ သိရပါတယ်။

မတ်လ ၁၁ရက် ဒီမနက်၆နာရီ၂၀မိနစ်မှာ သိုက်ချောင်းကနေ ပျဥ်းမနားဘက်ကို မောင်းနှင်လာတဲ့ ယာဥ်မောင်းခွန်အောင်ကျော်(၃၈နှစ်)ဟိုပုန်းမြို့နယ်၊ မြို့ဦးကွက်သစ်၊ နယ်မြေ(၁) နေသူမောင်းနှင်လာတဲ့ 5P/P415 HlGER. ဒို့ညီနောင်ယာဥ်က ဝင်တိုက်ခဲ့တာလို့ သိရပါတယ်။

တောင်ကြီး- နေပြည်တော် ပြေးစွဲနေတဲ့ ဒို့ညီနောင်ယာဥ်ခရီးသည်ယာဥ်လိုင်းဟာ ရန်-မန်းလမ်း​ဟောင်းဘေးမှာ လုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်​ကြပ် သန်းလှိုင်ဟာ လမ်းဘေးမှာ လမ်းလျှောက်နေစဥ် ဝင်ရောက်တိုက်မိခဲ့တာကြောင့် ဦးခေါင်းပွင့်ထွက်ဒါဏ်ရာရရှိပြီးသေဆုံးသွားတယ်လို့ သိရပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *