ဖလူးစခန်းသိမ်းပိုက်မှု မှတ်တမ်းဓာတ်ပုံ ကော်ဘရာစစ်ကြောင်း(၂) ထုတ်ပြန်

▪️စခန်းသိမ်းပိုက်မှု ၅မိနစ်ခန့်သာကြာဟု စစ်ကြောင်းမှူး ပြော

ကရင်ပြည်နယ် မြ၀တီမြို့နယ် စစ်ကောင်စီ၏ ဖလူးစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၆)လုံခြုံရေးစစ်ကြောင်းနှင့် မဟာမိတ် ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စခန်းသိမ်းမှတ်တမ်းဓာတ်ပုံများကို တိုက်ပွဲအတွင်းပါဝင်သည့် ကော်ဘရာစစ်ကြောင်း စစ်ကြောင်း(၂)က ယနေ့ညနေပိုင်းတွင်း ထုတ်ပြန်သည်။

ဖလူးစခန်းကို မတ်လ ၁၁ရက်တွင် တိုက်ခိုက်ခဲ့ရာ မိနစ်အနည်းငယ်အတွင်း သိမ်းရခဲ့ဟု ကော်ဘရာ စစ်ကြောင်း(၂)စစ်ကြောင်းမှူး ဗိုလ်စောဝင်းမြင့်က အသိပေးသည်။

“ဖလူးစခန်းကို ငါးမိနစ်နှင့် အသာလေး ကိုင်တွယ် လိုက်ပါပြီ။ ပြည်သူလူထုများ ဆက်လက်အားတင်းထားကြပါ”ဟု ဗိုလ်စောဝင်းမြင့်က ထုတ်ပြန်သည်။

စခန်းသိမ်းဓာတ်ပုံမှတ်တမ်းများ ဖော်ပြရာကော်ဘရာ စစ်ဆင်ရေးမှူး ဗိုလ်ဒါဘော၊ စစ်ကြောင်း(၂) စစ်ကြောင်းမှူး ဗိုလ်စောဝင်းမြင့်နှင့်အတူ ရဲဘော်များ အောင်ပွဲခံနေမှုကို ဖော်ပြသည်။

ဖလူးစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီနှင့် ပြည်သူ့စစ်များ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးသွားခြင်းဖြစ်သည်။

အဆိုပါ တပ်စခန်းတွင် စစ်အင်အားအနည်းငယ် သာရှိပြီး ပြည်သူ့စစ်များနှင့် တွဲထားခြင်းဖြစ်ကြောင်း ကရင်သတင်းရင်းမြစ်က ပြောပြသည်။

ဖလူးစခန်းတွင် စစ်ကောင်စီတပ်က ၃၅နှစ်ကြာ တပ်စွဲထားခြင်းဖြစ်ပြီး ကရင်အမျိုးသားအစည်းအရုံး(KNU)က ယမန်နေ့တွင် ပြန်လည် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

(စစ်ကောင်စီ၏ ဖလူးစခန်းအား KNLA ပူးပေါင်းတပ်သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ – ကော်ဘရာစစ်ကြောင်း – ၂)


Comments

Leave a Reply

Your email address will not be published. Required fields are marked *