မဟာရန်ကုန် နေရာစုံ💥

သင်္ဃန်းကျွန်းမြို့နယ် တစ်နေရာတွင် ပေါက်ကွဲမှုဖြစ်ပွား

သင်္ဃန်းကျွန်းမြို့နယ် တစ်နေရာတွင် ယနေ့ ည ( ၈ ) နာရီ ( ၂၀ )မိနစ်ဝန်းကျင်အချိန် ၌ 🧨 ပေါက်ကွဲသံအကျယ်ကြီး 💣 ကြားရသည်ဟု ဒေသခံပြည်သူတစ်ဦးမှ သတင်းပေးပို့လာပါသည်။

မြောက်ဥက္ကလာပမြို့နယ်/ မင်္ဂလာဒုံမြို့ နယ် တစ်နေရာတွင် သုံးကြိမ်ဆက်တိုက် ပေါက်ကွဲမှုဖြစ်ပွား

မြောက်ဥက္ကလာပမြို့နယ်/ မင်္ဂလာဒုံမြို့ နယ် တစ်နေရာတွင် ယနေ့ ည ( ၈ ) နာရီ ( ၂၈ )မိနစ်ဝန်းကျင်အချိန် ၌ 🧨 သုံးကြိမ်ဆက်တိုက် ပေါက်ကွဲသံအကျယ်ကြီး 💣 ကြားရသည်ဟု ဒေသခံပြည်သူတစ်ဦးမှ သတင်းပေးပို့လာပါသည်။

♻️ မြောက်ဒဂုံမြို့နယ် ♻️

တစ်နေရာမှ 💥 ပေါက်ကွဲ 💥 သံ ၁ ချက် ကြားလိုက်ရကြောင်း ကနဦး သတင်းပေးပို့လာပါသည် ။

♻️ တောင်ဥက္ကလာပမြို့နယ် ♻️

တစ်နေရာမှလဲ 💥 ပေါက်ကွဲ 💥 သံ ၁ ချက် ကြားလိုက်ရကြောင်း ထပ်မံ သတင်းပေးပို့လာပါသည် ။

အင်းစိန်၊ လေတပ်အရာရှိအိမ်ရာဂိတ်နှင့် စော်ဘွားကြီးကုန်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဗုံးဖောက်ခွဲတိုက်ခိုက်၊ မြောက်ဥက္ကလာ၊ မင်္ဂလာဒုံ၊ တောင်ဥက္ကလာနှင့်သင်္ဃန်းကျွန်းတို့တွင်လည်း ဗုံးများပေါက်ကွဲ

မတ်လ ၁၂ ရက်

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ လေတပ်အရာရှိအိမ်ရာဂိတ်နှင့် စော်ဘွားကြီးကုန်း အုပ်ချုပ်ရေးမှူးရုံးကို ဗုံးဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Dark Shadow တပ်ဖွဲ့မှ ရဲဘော်ပန်ဒါက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မတ်လ ၁၂ ရက်နေ့ ည ၈ နာရီ ၄၀ မိနစ်အချိန် အင်းစိန်မြို့နယ်၊ လေတပ်အရာရှိ အိမ်ရာဂိတ်နှင့်စော်ဘွားကြီးကုန်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိခိုက်မှုအခြေအနေကို မသိရှိရသေးကြောင်း သိရှိရသည်။

“အင်းစိန် ဆယ်မိုင်ကုန်းကနေ ဗုံးပေါက်ကွဲသံ ၂ ချက်ကြားလိုက်တယ်။ အကျယ်ကြီးပဲ။ ဗုံးက ၂လုံးတောင်ပေါက်တာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ မြောက်ဥက္ကလာပမြိုနယ်၊ မင်္ဂလာဒုံမြို နယ်တို့တွင် ယနေ့ည ၈ နာရီ ၂၈ မိနစ်အချိန်တွင်လည်းကောင်း၊ မြောက်ဒဂုံမြို့နယ်တွင် ယနေ့ည ၈ နာရီခွဲအချိန်တွင်လည်းကောင်း၊ သင်္ဃန်းကျွန်းမြို့နယ်နှင့်တောင်ဥက္ကလာတို့တွင်လည်း ယနေ့ည ၈ နာရီ ၃၀ မိနစ်အချိန်တွင်လည်းကောင်း ဗုံးများ အသီးသီးပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ညအချိန် ကင်းလှည့်နေသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)


Comments

Leave a Reply

Your email address will not be published. Required fields are marked *