ဖားကန့်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို KIA ထပ်မံ သိမ်းပိုက်

ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ သံသုံးထောင် စစ်ကောင်စီတပ်စခန်းကို ယနေ့ မနက်တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က တိုက်ခိုက်သိမ်ပိုက်လိုက်ကြောင်း ကချင်စစ်ရေသတင်းရင်းမြစ်က ပြောသည်။

“ဟုတ်တယ်။ ဖားကန့် နမ့်မှော် သံသုံးထောင်စခန်းလို့ ပြောတယ်။ ဒီမနက် ၁၁နာရီလောက်မှာ သိမ်းလိုက်တယ်” ဟု ၎င်းကပြောသည်။

သံသုံးထောင် တပ်စခန်းသိမ်းပိုက်မှု အပါအဝင် ဒေသတွင်း စစ်ရေး အခြေအနေများ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

KIAသည် ပြီးခဲ့သည့် ရက်ပိုင်းကလည်း ဖားကန့်မြို့နယ် တာမခန်တပ်စခန်း၊ ကသိုင်းတောင် တပ်စခန်းတို့ကို သိမ်းပိုက်ခဲ့သည်။

ထို့ပြင် တာမခန်တပ်စခန်းမှ ဆုတ်ခွာသွားသည့် တပ်ရင်းမှူး ဦးဆောင်သည့် စစ်ကြောင်းကိုလည်း KIAက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ဒုဗိုလ်မှူးကြီးအဆင့်ရှိ တပ်ရင်းမှူး ဖြစ်သူ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းရခဲ့ဟု စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။

တစ်ဖက်တွင်လည်း KIA အနေဖြင့် လိုင်ဇာအနီး၊ မြစ်ကြီးနား – ဗန်းမော်လမ်းတလျှောက် စစ်ကောင်စီတပ်စခန်းများကို မတ်လ ၇ရက်မှ စတင်ထိုးစစ်ဆင်ခဲ့ရာ စစ်ကောင်စီတပ်စခန်း အများအပြားကို သိမ်းပိုက်ရရှိထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *