“ယုတ်ကန်းပြီး ဉာဏ်ရည်နိမ့်တဲ့ နယ်ခြားစောင့်ရဲ”

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ စစ်ရှုံးကောင်စီရဲ့ အောင်သပြေ နယ်ခြားစောင့် တပ်စခန်းကနေ ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲကို ခွေးပြေးဝက်ပြေး ထွက်ပြေးသွားခဲ့ကြတဲ့ နယ်ခြားစောင့်ရဲ (၁၇၉) ယောက်က စခန်းကနေ ထွက်မပြေးခင်မှာ စခန်းအတွင်း ကျန်ရှိခဲ့တဲ့ ရိက္ခာတွေနဲ့ ရေဘူးတွေပါမချန် အဆိပ်ခတ်သွားခဲ့တယ်။

ဒီလုပ်ရပ်က ဒီကောင်တွေရဲ့ ယုတ်ကန်းပြီး အောက်တန်းကျတဲ့ စိတ်ဓာတ်တွေကို မြင်လိုက်သလို ဉာဏ်ရည် ဘယ်လောက်အထိ နိမ့်ပါးတယ် ဆိုတာပါ ကွင်းကနဲ ကွက်ကနဲ တွေ့လိုက်ရတယ်။

စဉ်းစားကြည့်ပါ။

သူတို့တွေ ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲကို တစ်သက်လုံး နေနိုင်မှာတဲ့လား။ စစ်ရှုံးကောင်စီက ပြန်ခေါ်လိုက်ပြီးရင်ရော ဒီကောင်တွေကို ရန်ကုန် (သို့မဟုတ်) နေပြည်တော် အထိ ပြန်ခေါ်ပြီး တခြားဒေသတွေကို ပို့မှာတဲ့လား?

အဲ့လို မဟုတ်ပဲ အရင်အခေါက်တွေလိုပဲ စစ်တွေကိုပဲ ပြန်ခေါ်ခဲ့ရင် ဒီကောင်တွေ ရက္ခိုင့်တပ်တော်ရဲ့ လက်ကနေ လွတ်ပါ့မလား။ စိတ်ဝင်စားစွာ စောင့်ကြည့်ရမှာပါ။ နောက် ဆက်ဖြစ်မယ့် တိုက်ပွဲတွေမှာသာ အဖမ်းခံရရင် ရက္ခိုင့်တပ်တော်က သူတို့တွေကို ဘယ်လို ဆက်ဆံမလဲ?

အဲ့အချိန်ကျမှ ကျနော်တို့ မပါပါဘူးဗျာ ဆိုပြီး စောက်ခွက်လေး ဇီးရွက်လောက်နဲ့ ဘူးကွယ် ငြင်းနေရင်ရော ရက္ခိုင့်တပ်တော် တပ်ဖွဲ့ဝင်တွေက ယုံကြည်ပေးမှာတဲ့လား?

နောက်တစ်ချက်က-

သူတို့ရဲ့ ဉာဏ်နည်းတဲ့ လုပ်ရပ်ဟာ လက်ရှိ အဖမ်းခံနေရပြီး ရက္ခိုင့်တပ်တော်က ကောင်းမွန်စွာ ကျွေးမွေးစောင့်ရှောက်ထားတဲ့ စစ်သုံ့ပန်းတွေကိုရော စေတနာ ပျက်မသွားစေနိုင်ဘူးလား။

သေချာတာကတော့ ဒီလို အောက်တန်းကျတဲ့ လုပ်ရပ်အတွက် စစ်ရှုံးကောင်စီရဲ့ လက်ပါးစေ ကျွန်သပေါက်တွေဟာ သူတို့ဘဝနဲ့ ရင်းပြီးတော့ကို တန်ဖိုးကြီးကြီး ပေးဆပ်ရပါလိမ့်မယ်။ ရှေ့လျောက် အကြမ်းဖက် စစ်သားတွေအပေါ်မှာ တော်လှန်ရေး တပ်ဖွဲ့တွေရဲ့ သက်ညှာမှုကို မြင်ရဖို့ အတော်နည်းသွားပါပြီ။

ဒီလို ကောက်ကျစ်ပြီး အောက်တန်းကျတဲ့ လုပ်ရပ်က ရက္ခိုင့်တပ်တော်က အာရက္ခ စစ်သည်တော်တွေကိုသာမက တစ်နိုင်ငံလုံးမှာ ရှိနေတဲ့ တော်လှန်ရေး တပ်ဖွဲ့ဝင်တွေကိုပါ အကြီးအကျယ် စိန်ခေါ်လိုက်တာပါ။

နောက်ဆို အရှင် ဖမ်းဆီးခံရတဲ့ စစ်ရှုံးကောင်တွေ ကံကောင်းကြပါစေလို့ပဲ..။


Comments

Leave a Reply

Your email address will not be published. Required fields are marked *