ပခုက္ကူလေယာဥ်ကွင်းအနီး ရိက္ခာယာဥ်တန်းနဲ့ ယာဥ်တန်းကို ကင်ပုန်းဝပ်လုံခြုံရေးယူပေးတဲ့ စစ်ကောင်စီတပ်သားများကို မိုင်းဆွဲတိုက်ခိုက်ရာ ယာဥ် ၂ စီး ထိခိုက်သွား…

မြိုင်မြို့နယ်၊ သရက်ကွရွာက ပျူစခန်းကို ဝေဟင်ကနေ ဗုံးသီး ၁၁ လုံး ကြဲချတိုက်ခိုက်ခဲ့…

မကွေးတိုင်း၊ ပခုက္ကူမြို့က လေယာဥ်ကွင်းအနီး စစ်တပ် ရိက္ခာယာဥ်တန်းကို တိုက်ခိုက်ရာ ၂ စီး ထိခိုက်သွားတယ်လို့ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၂) (Young Force UG) က ထုတ်ပြန်ပါတယ်။

မတ်လ (၁၄) ရက်နေ့ မနက်(၉)နာရီအချိန်မှာ ပခုက္ကူမြို့က ထွက်လာတဲ့ ကား(၅)စီးပါ ရိက္ခာယာဉ်တန်းကို ကင်းပုန်းဝပ်ပြီး လုံခြုံရေးယူပေးတဲ့ စစ်ကောင်စီတပ်သားများကို ပခုက္ကူလေယာဉ်ကွင်းအနီး မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။

အဲ့ဒီစစ်‌ကောင်စီရဲ့ ရိက္ခာယာဉ်တန်းကိုလည်း ပခုက္ကူ- ရေစကြိုလမ်းတစ်နေရာမှာ မိုင်း(၃)ပွိုင့်နဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ (၂)စီးထိခိုက်သွားတယ်လို့ Young Force UGက ဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို ရေစကြိုမြို့နယ် ပ.က.ဖ၊ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(၂)(Pakokku Ranger)၊ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(၂)(Taty Gyi)နဲ့ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(၂)(Young Force UG) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် မတ်လ (၁၃) ရက်နေ့ မနက်(၁၀)နာရီကနေ နေ့လယ် ၁ နာရီခွဲအထိ မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကောင်စီတပ်စွဲထားတဲ့ သရက်ကွရွာက ပျူစခန်းကို တော်လှန်ရေးအဖွဲ့များက RC Plane များနဲ့ ဗုံးသီး(၁၁)လုံး ပစ်ချတိုက်ခိုက်ခဲ့တယ်လို့ Young Force UG က ဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို မြိုင်ပ.က.ဖ တပ်ရင်း(၁)၊ DMG အဖွဲ့၊ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(၂)(Thurain- TR)၊ ပခုက္ကူခရိုင်တပ်ရင်း(၁၀)၊ ဝံပုလွေအဖွဲ့နဲ့ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(၂)(Young Force – UG) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်သားများ ထိခိုက်ဒဏ်ရာရရှိမှုများကို အသေးစိတ်စုံစမ်းနေပြီး အချိန်နဲ့တပြေးညီ ဖော်ပြသွားမယ်လို့ Young Force UG က ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲသတင်းထုတ်ပြန်ချက်

၂၀၂၄ ခုနှစ် မတ်လ (၁၄)ရက်

တိုက်ပွဲ(၁)

မတ်လ (၁၄) ရက်နေ့ မနက်(၉)နာရီအချိန်တွင် မကွေးတိုင်း၊ ပခုက္ကူမြို့မှ ထွက်လာသော ကား(၅)စီးပါ ရိက္ခာယာဉ်တန်းအား ကင်းပုန်းဝပ်ပြီး လုံခြုံရေးယူပေးသော စစ်ကောင်စီတပ်သားများအား ပခုက္ကူလေယာဉ်ကွင်းအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ပါသည်။

အဆိုပါစစ်‌ကောင်စီယာဉ်တန်းကို ပခုက္ကူ-ရေစကြိုလမ်းတစ်နေရာတွင်လည်း ထပ်မံ၍မိုင်း(၃)ပွိုင့်ဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ (၂)စီးထိခိုက်သွားတယ်လို့ သိရှိရပါသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်‌ကောင်စီတပ်သား(၃)ဦး သေဆုံးသွားတယ်လို့ စုံစမ်းသိရှိရပါသည်။

အဆိုပါတိုက်ခိုက်မှုကို ရေစကြိုမြို့နယ် ပ.က.ဖ၊
ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(၂)(Pakokku Ranger)၊ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(၂)(Taty Gyi)နှင့် ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(၂)(Young Force UG) တို့မှ ပူးပေါင်းတိုက်ပွဲဖော်ဆောင်ခဲ့ခြင်းဖြစ်ပါသည်။

တိုက်ပွဲ(၂)

မတ်လ (၁၃) ရက်နေ့ မနက်(၁၀)နာရီမှ ညနေ(၁)နာရီခွဲအထိ မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စွဲထားသော သရက်ကွပျုရွာအား မိမိတို့ကာကွယ်ရေးအဖွဲ့များမှ RC Plane များဖြင့် ဗုံးသီး(၁၁)လုံး ပစ်ချတိုက်ခိုက်ခဲ့ပါသည်။

အဆိုပါတိုက်ခိုက်မှုကို မြိုင်ပ.က.ဖ တပ်ရင်း(၁)၊ DMG အဖွဲ့၊ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(၂)(Thurain- TR)၊ ပခုက္ကူခရိုင်တပ်ရင်း(၁၀)၊ ဝံပုလွေအဖွဲ့နှင့် ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(၂)(Young Force – UG) တို့မှ ပူးပေါင်းတိုက်ပွဲဖော်ဆောင်ခဲ့ခြင်းဖြစ်ပါသည်။

အထက်ပါတိုက်ခိုက်မှုများတွင် စစ်ကောင်စီတပ်သားများ၏ အထိအခိုက်ဒဏ်ရာရရှိမှုများကို အသေးစိတ်စုံစမ်းနေပြီး သိရှိရပါက အချိန်နှင့်တပြေးညီ သတင်းထုတ်ပြန်သွားပါမည်။

သတင်းများကို Telegram Channel တွင်လည်း ဝင်ရောက်ကြည့်ရှု့နိုင်ပါသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *