မုံရွာမြို့လယ်ခေါင်က စစ်တပ်ပိုင်အင်းဝဘဏ် စီးနင်းခံရ၊ စစ်တပ်က မြို့ကိုပိတ်ဆို့ရှာဖွေနေ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့လယ်ခေါင်ရှိ စစ်တပ်ပိုင် အင်းဝဘဏ် မတ်လ ၁၃ ရက် ဒီကနေ့ နေ့လယ် ၁ နာရီဝန်းကျင်က ဝင်ရောက်စီးနင်းခံခဲ့ရပြီး အခင်းဖြစ်ပွားပြီးနောက် စစ်တပ်က မြို့ကိုပိတ်ဆို့ရှာဖွေနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဗိုလ်ချုပ်လမ်းနဲ့ ရုံးကြီးလမ်းထောင့်မှာရှိတဲ့ အဲ့ဒီဘဏ်ကို လက်နက်ကိုင်ထားတဲ့ အမည်မသိလူတစုက ဒီကနေ့ နေ့လယ်ပိုင်းမှာ ဝင်ရောက်စီးနင်းခဲ့တာလို့ ဆိုပါတယ်။

“ ဘဏ်ကိုဝင်စီးပြီး မန်နေဂျာကို ဖမ်းသွားတယ်လို့သိရတယ်။ ကျန်တာတော့ အသေးစိတ်မသိဘူး။ ခု မြို့ထဲမှာ ရှုပ်ယှက်တွေခတ်နေတယ်” လို့ မြို့ခံတဦးကပြောပါတယ်။

အခင်းဖြစ်ပွားပြီးနောက် မုံရွာတောင်ဘက်အထွက် ဘိုးဘွားရိပ်သာအနီးအဝိုင်းပတ်၊ နတ်လူထိပ်ပန်ရပ်ကွက်နဲ့ စက်မှုဇုန်နယ်မြေတွေအပါအဝင် တမြို့လုံးကို ပိတ်ဆို့ရှာဖွေတာတွေလုပ်နေပြီး ဖမ်းဆီးရမိတာမျိုးတော့ မကြားမိဘူးလို့ အဆိုပါမြို့ခံက ပြောပါတယ်။

အင်းဝဘဏ်စီးနင်းခံရတာနဲ့ပတ်သက်ပြီး ဖြစ်စဉ်အသေးစိတ်ကို ဆက်လက်စုံစမ်းနေပါတယ်။

စစ်တပ်နဲ့နီးစပ်တဲ့ လူမှုကွန်ယက်တွေမှာတော့ အင်းဝဘဏ်ဓားပြတိုက်ခံရပြီး ကျပ်သိန်း ၃၀၀ ကျော် ပါသွားတဲ့အပြင် ဘဏ်မန်နေဂျာလည်း ဓားစာခံအဖြစ်ဖမ်းဆီးခံရတယ်လို့ ဖော်ပြထားပါတယ်။

အင်းဝဘဏ်ဟာ စစ်ကောင်စီတပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း(ဦးပိုင်)လက်အောက် ဘဏ်လုပ်ငန်းတခုဖြစ်ပြီး အရာရှိလစာချက်လက်မှတ် ငွေသားထုတ်ပေးတာအပါအဝင် စစ်တပ်နဲ့ဆက်စပ်တဲ့စီးပွားရေးလုပ်ငန်းတွေ ငွေလွှဲပြောင်းမှုအများဆုံးလုပ်ဆောင်တယ်လို့ စစ်ကောင်စီတပ်အသိုင်းအဝိုင်းထံက သိရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ၊ မုံရွာမြို့၊ ရုံကြီးရပ်ကွက်၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ အင်းဝဘဏ်ကို အုပ်စုဖွဲ့ ဓ-ါးပြတိုက်မှု ဖြစ်ပွားခဲ့ပြီး ဘဏ်မန်နေဂျာကို ဓ-ားစာခံအဖြစ်ဖ-မ်းဆီးခေါ်ဆောင် သွားကြောင်း ဒေသခံလုံခြုံရေးပိုင်းနှင့် နီးစပ်သူတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ယနေ့ည (၇) နာရီခွဲဝန်းကျင်တွင် အတည်ပြု ပြောကြားသည်။

ဖြစ်စဉ်မှာ မုံရွာမြို့၊ ရုံကြီးရပ်ကွက်၊ဗိုလ်ချုပ်လမ်း၊မြို့တော် ခန်းမအနီး ဝန်းကျင်ရှိ အင်းဝဘဏ်အား ယနေ့မတ်လ (၁၃) ရက် နေ့လယ်ပိုင်းက ကားဖြင့်ရောက်လာသည့် လူတစ်စုက ဓ-ားပြတိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

” ၈ ယောက်လို့ ပြောတယ်။ ကားနဲ့လာတာ။ ဘဏ်ထဲဝင်ပြီး ‌ေ-သနတ်တွေနဲ့ ခြိမ်းခြောက်ပြီး ဓ-ားပြတိုက်သွားတာ။ ငွေသိန်း ၃၀၀ ကျော် ပါသွားတယ်။ ဘဏ်မန်နေဂျာကိုလ ည်း ဓ-ားစားခံအနေနဲ့ ဖ-မ်းခေါ်သွားတယ် ” ဟု ၎င်းက ဆိုသည်။

ဒေသတွင်း သတင်းရင်းမြစ်များနှင့် နီးစပ်သူများနှင့် အချို့သတင်းဌာနများ၏ ဖော်ပြချက်အရ အဆိုပါ လူ (၈) ဦးအနက် အမျိုးသမီးတစ်ဦးနှင့် အမျိုးသား တစ်ဦးသည်ဘဏ်သို့ ဆိုင်ကယ်ဖြင့် အရင်ရောက်လာခဲ့ခြင်းဖြစ်ပြီး ကားဖြင့်လာသူမှာ (၆) ဦးဖြစ်ကြောင်း သိရသော်လည်း ပေါ်ပြူလာနယူးစ်အနေဖြင့် သီးခြားအတည်ပြု၍ မရပေ။

အဆိုပါ ဖြစ်စဉ်တွင် ငွေသိန်း ၃၆၂ သိန်းကျော်နှင့် Dasktop View Sonic Moniter ကွန်ပျူတာ (၃)လုံး၊ Scanner Mach ime(for Seacurity) (၁)လုံး၊ ဧည့်ဝင်/ထွက် မှတ်တမ်း စာ အုပ် (၁)အုပ်နှင့် ဘဏ်ဝန်ထမ်းများ၏ ဖုန်း (၁၂)လုံး ပါသွားကြောင်း သိရသည်။

ထို့အပြင် ဘဏ်မန်နေဂျာဖြစ်သူ ဒေါ်လှလှသွယ်အား ဓ-ားစားခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်းလည်း သိရသည်။

လက်ရှိတွင် အဆိုပါ ဓ-ားပြတိုက်မှုကျူးလွန်သူများအားဖ-မ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့များက ကြိုးပမ်းနေကြကြောင်း သိရသည်။

စခ တွေတပ်စွဲထားတဲ့နားက စစ်ကောင်စီပိုင် အင်းဝဘဏ် ဓားပြတိုက်ခံရ

မုံရွာမြို့လယ်က စစ်အုပ်စုပိုင် အင်းဝဘဏ် စီးနင်းခံရပြီး ဘဏ်မန်နေဂျာ အမျိုးသမီး ဖမ်းဆီးခံရ၊

စစ်အုပ်စုက မြို့ကို ပိတ်ချလိုက်ပြီး ဖမ်းဆီးစစ်ဆေးငွေညှစ်တာတွေ လုပ်နေ၊

စစ်ကိုင်းတိုင်းရဲ့ မြို့တော် မုံရွာမြို့မှာ မြို့လယ် နာရီစင်အနီးက စစ်အုပ်စုပိုင် အင်းဝဘဏ် ဒီနေ့လည်ပိုင်းက စီးနင်း ခံရပြီး ဘဏ်မန်နေဂျာ အမျိုးသမီးကို ဖမ်းခေါ်ခံရတယ်လို့ ဒေသခံတွေက MFP ကို ပြောပါတယ်။

ဒီနေ့ မတ်(၁၃)ရက် နေ့လည်(၁)နာရီလောက်မှာ မုံရွာမြို့လယ်က စစ်အုပ်စုပိုင် အင်းဝဘဏ်ကို ကားတစ်စီးနဲ့ ရောက်လာတဲ့ လူခြောက်ဦးခန့်က စီးနင်းကာ ဘဏ်မန်နေဂျာကို ဖမ်းဆီးပြီး စစ်အုပ်စု လက်အောက်ခံ ဘဏ်ဝန်ထမ်းတွေရဲ့ ဖုန်းတွေကို သိမ်းယူသွားတာလို့ ဆိုပါတယ်။

“ဘဏ်မန်နေဂျာ အစ်မကြီး ပါသွားတယ်တဲ့။ ၀န်ထမ်းတွေရဲ့ ဖုန်းတွေလည်း ယူသွားတယ်တဲ့။ နေ့လည် (၁)နာရီလောက်က ဖြစ်သွားတာ။ ကားနဲ့ လူခြောက်ယောက် လာပြီး လုပ်သွားတာလို့ ပြောတယ်” လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

အဲ့ဒီ အင်းဝဘဏ်ဟာ မုံရွာမြို့လယ် နာရီစင်ရှေ့၊ ဗိုလ်ချုပ်လမ်းနဲ့ ရုံးကြီးလမ်းထောင့်မှာ တည်ရှိတာ ဖြစ်ပြီး မနီးမဝေးမှာ စစ်အုပ်စုတွေ အခြေပြုထားတဲ့ မုံရွာမြို့တော် ခမ်းမလည်း တည်ရှိပါတယ်။

“အဲ့ဒီဘဏ်မှာ အရင်က အစောင့်တွေ ရှိတယ်။ အခုတော့ မတွေ့တော့ဘူး။ ဘဏ်နဲ့အနီးဆုံးဆိုရင် မြို့တော်ခန်းမ တပ်စွဲထားတဲ့ နေရာ ရှိတယ်” လို့ ဒေသခံသတင်းရင်းမြစ်က ဆိုပါတယ်။

ဘယ်သူက ဘာကြောင့် အခုလို စီးနင်းဖမ်းဆီးတယ်ဆိုတာ မသိရသေးဘဲ အင်းဝဘဉ် ဝန်ထမ်းတွေဟာ စစ်အုပ်စု လက်အောက်ခံတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲ့ဒီ ဘဏ်စီးနင်းမှု ဖြစ်စဉ်နောက်ပိုင်း စစ်အုပ်စုက မြို့အဝင်အထွက်တွေကို ပိတ်ချလိုက်ကာ ဖမ်းဆီးစစ်ဆေး ငွေညှစ်တာတွေ လုပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

“မြို့အ၀င်ထွက်တွေ ပိတ်စစ်တယ်၊ ညနေပိုင်းကဆို မုံရွာ အရှေ့ဘက်ရွာက လူတွေ မြို့ထဲ အ၀င်မခံဘူး။ ထွက်တဲ့လူတော့ ရတယ်။ အဲ့လိုတွေ ဖြစ်သွားသေးတယ်။ မြို့ကို ပိတ်ချလိုက်တဲ့သဘော။ မြို့တွင်းလည်း နေရာ တော်တော်များများ တပြိုင်တည်း စစ်တာတွေ ရှိတယ်” လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

စစ်အုပ်စုဟာ မုံရွာမြို့အနှံ့ အုပ်စုဖွဲ့ လက်နက်ကိုင်ကာ ဒေသခံ ပြည်သူတွေကို လက်နက်ပြ မိုက်ကြေးခွဲ ဖမ်းဆီး ငွေညှစ်နေသလို စိတ်ထင်တိုင်း ပစ်ခတ် သတ်ဖြတ်တာတွေ ကျူးလွန်နေတာ ဖြစ်ပါတယ်။

မတ်(၁၁)ရက် နေ့လည်ပိုင်းကလည်း မုံရွာမြို့၊ မုံရွာ – ကျောက္ကာလမ်း၊ ဇလုပ်ကျေးရွာဘက်မှာ အုပ်စုဖွဲ့ လက်နက်ကိုင်ပြီး လမ်းသွားလမ်းလာ ပြည်သူတွေကို မိုက်ကြေးခွဲ ငွေညှစ်နေတဲ့ စစ်အုပ်စုက ဆိုင်ကယ်စီးလာတဲ့ လူငယ်နှစ်ဦးကို နောက်ပြန် လှည့်ပြေးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သေနတ်နဲ့ လိုက်လံ ပစ်ခတ် ဖမ်းဆီးခဲ့ပါတယ်။

မုံရွာမြို့လယ်က စစ်အုပ်စုပိုင် အင်းဝဘဏ်/Photo – CJ


Comments

Leave a Reply

Your email address will not be published. Required fields are marked *