ရေးမြို့နယ် ချောင်းတောင်တံတားရှိ စစ်တပ် စစ်ဆေးရေးဂိတ်ကို ရေးဘီလူးတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

မွန်ပြည်နယ် ရေးမြို့နယ် ချောင်းတောင်တံတားရှိ အကြမ်းဖက်စစ်တပ် စစ် ဆေးရေးဂိတ်ကို ဝင်ရောက်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးပြီး စစ်သား ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်ကပြောဆိုသည်။

မတ်လ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် ချောင်းတောင်တံတားဂိတ်ရှိ စစ်သားများ အထိုင်ချရာ စစ်ဆေးရေးဂိတ်ကို ဝင်ရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောကြားသည်။

“ကျွန်တော်တို့တွေ ကားနဲ့ဝင်ပြီးတော့ ကားတံခါးဖွင့်ပြီးတော့ ဆင်းပစ်တယ်။ သူတို့ဘက်ကလည်း အပြန် အလှန်ပစ်ခတ်မှု ဖြစ်တယ်။ အရှေ့မှာပဲ လမ်းပေါ်မှာပဲ ၄၊ ၅ ယောက်လောက်ကို ပိုင်ပိုင်နိုင်နိုင်ပစ်နိုင်တယ်။ ၂ ကောင်သေတယ်။ ကျန်တာက မသေမရှင်။ လက်နက်တော့ မကောက်ခဲ့ဘူး။ သူတို့ဘက်က ပြန်လည်ပစ်ခတ်လို့”ဟု ရေးဘီးလူးအဖွဲ့ခေါင်းဆောင်ကပြောကြားသည်။

အပြန်အလှန်ပစ်ခတ်မှုကြောင့် ရေးဘီလူးအဖွဲ့မှ ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အသက်အန္တရာယ်မစိုးရိမ်ရကြောင်း သိရှိရသည်။

Leave a Comment