“နေပြည်တော်၊ လယ်ဝေး”

စစ်ရှုံးကောင်စီက နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ခရမ်းကိုင်းအုပ်စု၊ ညောင်ကုန်းကျေးရွာက ပြည်သူတစ်ဦးကို မတ်လ (၁၄) ရက်က စစ်မှုထမ်း ဆင့်ခေါ်စာ ထုတ်ခဲ့ပြီး မတ်လ (၁၇) ရက်နေ့မှာ လယ်ဝေးမြို့နယ် ထွေအုပ်ရုံးကို မှတ်ပုံတင် ယူဆောင်လာပြီး သတင်းပို့ဖို့ အကြောင်းကြားခဲ့ကြောင်း သိရပါတယ်။

အကြောင်းကြားစာမှာ ဖော်ပြထားချက်အရ လာရောက် သတင်းမပို့ပဲ ပျက်ကွက်ခဲ့ရင် စစ်မှုထမ်း ဥပဒေအရ အရေးယူမှာဖြစ်ကြောင်း ခြိမ်းခြောက်ထားတာကိုလဲ တွေ့ရှိရပါတယ်။

စစ်ရှုံးကောင်စီ စိုးမိုးတဲ့ နယ်မြေဒေသက လူငယ်တွေ အတွက်ကတော့ အလွန်တရာမှကို အန္တရာယ်ကြီးမားတဲ့ ခြိမ်းခြောက် စိန်ခေါ်မှု ဖြစ်နေပါပြီ။ ဘယ်လို တုန့်ပြန် ဆောင်ရွက်ကြမလဲ ဆိုတာ နည်းလမ်းရှာရတော့မယ့် အနေအထားပါ။

အခိုင်းခံ ကျွန်ဘဝနဲ့ အသက်ပေး အသေခံမလား၊ လွတ်မြောက်ရာလမ်းကို ရှာဖွေမလား ဆိုတာကတော့..။


Comments

Leave a Reply

Your email address will not be published. Required fields are marked *