၅/သားတွေ Baby..ငှက်တွေကျွေးထားပြီ..

ကလေးနှင့် ရေဦး မြို့နယ်ရှိ ဒေသ ကွပ်ကဲရေး စစ်ဌာနချုပ်နှင့် စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ ဒေသကွပ်ကဲရေး စစ်ဌာနချုပ်နှင့် နည်းပညာတက္ကသိုလ်တွင် တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Wings of Kalay အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

မတ်လ ၉ ရက်နေ့ မွန်းလွဲပိုင်းတွင် နည်းပညာတက္ကသိုလ်(ကလေး)ဝင်း အတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက Shar Htoo Waw Drone နည်းပညာ Fixed Wing Drone များဖြင့် ဗုံးသီး ၅ လုံးကျဲ တိုက်ခိုက်ခဲ့ပြီး ညနေပိုင်းတွင် ကလေးမြို့အတွင်းရှိ ဒေသကွပ်ကဲရေးစစ်ဌာနချုပ် ကလေး(တိုင်းမှူးရိပ်သာ)ကို ဗုံးသီး ၁ လုံး ထပ်မံ ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“စစ်ခွေး သေစာရင်းတော့ ကျွန်တော်တို့ မသိရသေးပါဘူး။ ဆက်လက် စုံစမ်းနေတုန်းပါပဲ” ဟု Wings of Kalay အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ကလေးခရိုင် ပြည်သူ့ကာကွယ်ရေး Drone တပ်ဖွဲ့ (Wings of Kalay Drone Team)နှင့်အတူ Kalay Revolution Force (KRF) ကလေးဒေသ တော်လှန်ရေးတပ်၊ Chin Secret Service (CSS)၊ မြို့ပြစီမံချက် UG အဖွဲ့တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ အစည်းအဝေး ပြုလုပ်နေစဉ် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင်အမှတ် ၁၄ တပ်ရင်း ရေဦး PDF ထံမှ သိရဿည်။

မတ်လ ၁၅ ရက်နေ့ နံနက် ၉ နာရီ ၃၅ မိနစ်ခန့်တွင် ရေဦးမြို့ အထွေအထွေ အုပ်ချုပ်ရေးမှူးရုံး၊ ရွှေနဒီဦး ခန်းမတွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် ၎င်းတို့ လက်ပါးစေများ အစည်းအဝေးပြုလုပ်နေစဉ် ရွှေဘိုခရိုင်အမှတ် ၁၄ တပ်ရင်း၊ ရေဦး PDF က Fixed Wings Drone ၃ စီး ဖြင့် ဗုံးသီး ၃ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိနိုင်ပြီး စစ်ကောင်စီတပ်သားများက လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ကြောင်း သိရသည်။

ဘုတလင်မြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၄ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်ရှိ ရဲစခန်း၊ ထွေအုပ်ရုံးနှင့် ဘဏ်ရုံးတို့၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးခဲ့ကြောင်း Chindwin Brothers တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

ဘုတလင်မြို့ပေါ်ရှိ အကြမ်းဖက် စစ်သား၊ ရဲများ အထိုင်ချ တပ်စွဲထားရာ ရဲစခန်း၊ ထွေအုပ်ရုံးနှင့် ဘဏ်ရုံးတို့ကို မတ်လ ၉ ရက်နေ့တွင် ဗုံးသီး ၁ လုံး၊ မတ်လ ၁၃ ရက်နေ့တွင် ဗုံးသီး ၅ လုံး၊ မတ်လ ၁၄ ရက်နေ့က ဗုံးသီး ၃ လုံးတို့ကို ဒရုန်းဖြင့် ကျဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံး ပြီး စစ်ကောင်စီတပ်မှ အရာရှိ အပါအဝင် အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ChindwinBrothers (DGF) ခွဲ တပ်ဖွဲ့၊ B21 ကနီ ၊ Lion (LPDF)၊ အုပ်ကြီး နှင့်အဖွဲ့ ၊ မုံရွာခရိုင်တပ်ရင်း ၂၇ နှင့် နင်ဂျာတပ်ဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်၊၊

မြောင်မြို့နယ်၊ ကျောက်ရစ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုရှိ

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်စခန်းအတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း စစ်ကိုင်းခရိုင်အမှတ် ၄ တပ်ရင်း – MSPDF တပ်ဖွဲ့မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ လွင်ဂူးကပြောကြားသည်။

မတ်လ ၁၄ ရက် နံနက် ၉ နာရီ မိနစ် ၃၀ ခန့်မှ ၁၀ နာရီ မိနစ် ၃၀ ခန့်အထိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ အခြေနေထိုင်လျက်ရှိသော မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းကို “Shar Htoo WAW” နည်းပညာ တိုက်ခိုက်ရေး Fixed Wings Drone များဖြင့် AIR BOMB ၄ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ ရဲ စခန်း အတွင်း ဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင် ကြောင်း သိရသည်။

“စခန်းထဲတော့ ကျတယ်၊ အခုနောက်ပိုင်းက ထိခိုက်သေဆုံးသွားလည်း စုံစမ်းလို့မရဘူး၊ ပြန်လည် ပစ်ခတ်တာတွေတော့ အခုနောက်ပိုင်းမလုပ်ကြတော့ဘူး၊ ဗုံးချတာနဲ့ ကတုတ်ကျင်းထဲ ပြေးပုန်းနေ ကြတော့တာ၊” ဟု စစ်ကိုင်းခရိုင် အမှတ် ၄ တပ်ရင်း – MSPDF တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ လွင်ဂူးကပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်အမှတ် ၄ တပ်ရင်း-MSPDF/MSDF နှင့်အတူ ညီနောင် မဟာ မိတ်များ ဖြစ်ကြသော မြင်းခြံခရိုင်အမှတ် ၈ တပ်ရင်း-NRDF ၊ မုံရွာခရိုင်အမှတ် ၁၂ တပ်ရင်းတပ်ခွဲ ၂ ၊ မိတ္ထီလာခရိုင်အမှတ် ၃ တပ်ရင်း ၊ CHAUK PDF တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *