ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ တောင်ငူလေတပ်စခန်းကို ယမန်နေ့ ညပိုင်း ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ကြောင်း တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
မတ်လ ၁၄ ရက်နေ့ည ၈ နာရီ ၄၄ မိနစ်အချိန် ပဲခူးတိုင်း၊ တောင်ငူလေတပ်စခန်းအတွင်းသို့ Brave Warriors for Myanmar (BWM) အဖွဲ့၏ စီမံမှုဖြင့် Mountain Knights Civilian Defense Force (MKCDF) အဖွဲ့က ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ရှော့တိုက်ဒုံး ၃ လုံးမှာ စစ်ကောင်စီ၏တပ်စခန်းအတွင်း အောင်မြင်စွာထိမှန်ပေါက်ကွဲခဲ့ပြီး ကျန် ၂ လုံးမှာ ပစ္စည်းချွတ်ယွင်းမှု ဖြစ်ခဲ့ကြောင်း သိရှိရသည်။
တောင်ငူလေတပ်စခန်းသည် တောင်ပိုင်းတိုင်းရှိ တော်လှန်ရေးအင်အားစုများကို လေကြောင်းဖြင့် တိုက်ခိုက်ရာတွင် အသုံးပြုသော စစ်ကောင်စီ၏ အဓိကလေတပ်စခန်းတစ်ခုဖြစ်ပြီး ကရင်ပြည်နယ် စစ်ကိုင်းတိုင်း၊ ကရင်နီဒေသ၊ ရှမ်းပြည်တောင်ပိုင်း၊ ကချင်ပြည်နယ်၊ တို့အပါအဝင် နိုင်ငံတဝှမ်း ကလေးသူငယ်ပါမကျန် ပြည်သူများကို ရက်စက်နေသော စစ်ကောင်စီ လေတပ်၏ ယုတ်မာမှုကို လက်တုန့်ပြန်သောအားဖြင့် BWM နှင့် မဟာမိတ်အဖွဲ့က ယခုကဲ့သို့တိုက်ခိုက်ခြင်းဖြစ်ကြောင်း BWM အဖွဲ့က ထုတ်ပြန်ပြောဆိုသည်။
“နောက်ဆက်တွဲသတင်းအနေနဲ့ထပ်ပြောရမယ်ဆိုရင် ပစ်လိုက်တဲ့ ငါးလုံးထဲက သုံးလုံးစလုံးလေတပ်စခန်းထဲကျရောက်သွားပါတယ်၊ နှစ်လုံးက ပစ္စည်း Error တက်ခဲ့ပါတယ်၊ ကျရောက်တဲ့သုံးလုံးထဲက တစ်လုံးက လေယာဉ် ကိုထိတယ်လို့သိရတယ်၊ နောက်တစ်လုံးက လက်နက်တပ်ဆင်ရုံနားကျရောက်သွားတယ်လို့သိရတယ်၊ နောက်တစ်လုံးက ဆီသိုလှောင်ရုံနဲ့မလှမ်းမကမ်းကိုကျရောက်တယ်လို့သိရပါတယ်” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
ထိုကဲ့သို့ တောင်ငူလေတပ်စခန်းကို ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်မှုအတွင်း စစ် တပ်စခန်း၏ ထိခိုက်ပျက်စီးမှုနှင့် စစ်ကောင်စီတပ်သားများ ထိခိုက်မှုအခြေ အနေကို ဆက်လက် စုံစမ်းနေဆဲ ဖြစ်ကြောင်း BWM အဖွဲ့နှင့် တော်လှန်ရေးသတင်းရင်းမြစ်ထံမှ သိရှိရသည်။
တောင်ငူမြို့နယ်မှ ဒေသပြည်သူများကလည်း ယမန်နေ့ ညပိုင်း ပစ်ခတ်ပေါက် ကွဲသံတချို့ လေတပ်စခန်းဘက်မှ ကြားရကြောင်း အတည်ပြု ပြောဆိုကြသည်။
သတင်းထုတ်ပြန်ကြေညာချက်
တောင်ငူလေတပ်စခန်းအား ၁၀၇ ရှော့ဒုံးများဖြင့်တိုက်ခိုက်ခြင်း
ရက်စွဲ။ ။ ၂၀၂၄ခုနှစ်၊ မတ်လ ၁၅ ရက်
၁။ Brave Warriors for Myanmar (BWM) အဖွဲ့၏ စီမံမှုဖြင့် Mountain Knights Civilian Defense Force (MKCDF) အဖွဲ့သည် ၂၀၂၄ ခုနှစ်၊ မတ်လ ၁၄ရက်၊ ည ၀၈း၄၄ အချိန်တွင် ပဲခူးတိုင်း၊ တောင်ငူ လေတပ်စခန်းအတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သုံးလုံးမှာ ရန်သူ တပ်စခန်းအတွင်း အောင်မြင်စွာထိမှန်ပေါက်ကွဲခဲ့ပြီး ကျန် ၂ လုံးမှာ ပစ္စည်းချွတ်ယွင်းမှု ဖြစ်ခဲ့ပါသည်။
၂။ တောင်ငူလေတပ်စခန်းသည် တောင်ပိုင်းတိုင်းရှိ တော်လှန်ရေးအင်အားစုများကို လေကြောင်းဖြင့် တိုက်ခိုက်ရာတွင် အသုံးပြုသော စစ်ကောင်စီ၏ အဓိကလေတပ်စခန်းတစ်ခုဖြစ်ပြီး ကျွန်ုပ်တို့ BWM နှင့် မဟာမိတ်အဖွဲ့သည် ကရင်ပြည်နယ် စစ်ကိုင်းတိုင်း၊ ကရင်နီဒေသ၊ ရှမ်းပြည်တောင်ပိုင်း၊ ကချင်ပြည်နယ်၊ တို့အပါအဝင် နိုင်ငံတဝှမ်း ကလေးသူငယ်ပါမကျန် ပြည်သူအားရက်စက်နေသော စစ်ကောင်စီ လေတပ်၏ ယုတ်မာမှုကို လက်တုန့်ပြန်သောအားဖြင့် ယခုကဲ့သို့တိုက်ခိုက်ခြင်းဖြစ်သည်။
၃။ တိုက်ခိုက်မှုအတွင်း ရန်သူတပ်စခန်းထိခိုက်ပျက်စီးမှုနှင့် ရန်သူထိခိုက်မှုအခြေအနေကို ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါသည်။
ရုပ်သံသတင်းထုတ်ပြန်ကြေညာချက်
တောင်ငူလေတပ်စခန်းအား ၁၀၇ ရှော့ဒုံးများဖြင့်တိုက်ခိုက်ခြင်း
ရက်စွဲ၊ ၊ ၂၀၂၄ ခုနှစ်၊ မတ်လ ၁၅ ရက်
Mountain Knights Civilian Defense Force (MKCDF) အဖွဲ့က Brave Warriors for Myanmar (BWM) အဖွဲ့၏ စီမံမှု ဖြင့် ၂၀၂၄ ခုနှစ်၊ မတ်လ ၁၄ရက်၊ ည ၈း၄၄ အချိန်တွင် ပဲခူးတိုင်း၊ တောင်ငူလေတပ်စခန်းအတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံးများပစ်ခတ်တိုက်ခိုက်ခဲ့သော ရုပ်သံဖိုင်ဖြစ်ပါတယ်။
တောင်ငူလေတပ်စခန်းကို ရှော့တိုက်ဒုန်းငါးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်
တောင်ပိုင်းတိုင်းရှိ တော်လှန်ရေးအင်အားစုများအား လေကြောင်းတိုက်ခိုက်ရာတွင် အဓိကအသုံးပြုသော စစ်ကောင်စီ၏တောင်ငူလေတပ် စခန်းကို (၁၀၇) မမ ရှော့တိုက်ဒုန်းငါးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM)အဖွဲ့၏ တာဝန်ရှိသူကပြောသည်။
“BWM နှင့် မဟာမိတ်အဖွဲ့သည် ကရင်ပြည်နယ် စစ်ကိုင်းတိုင်း၊ ကရင်နီဒေသ၊ ရှမ်းပြည်တောင်ပိုင်း၊ ကချင်ပြည်နယ်၊ တို့အပါအဝင် နိုင်ငံတဝှမ်း ကလေးသူငယ်ပါမကျန် ပြည်သူအားရက်စက်နေသော စစ်ကောင်စီ လေတပ်၏ ယုတ်မာမှုကို လက်တုန့်ပြန်သောအားဖြင့် ယခုကဲ့သို့တိုက်ခိုက်ခြင်းဖြစ်သည်”ဟု BWMက ထုတ်ပြန် ထားသည်။
မတ်လ ၁၄ရက် ည ၉ နာရီ ၄၄ မိနစ်တွင် BWM အဖွဲ့၏စီမံမှုဖြင့် Mountain Knights Civilian Defense Force (MKCDF) အဖွဲ့က တောင်ငူလေတပ်စခန်းအတွင်းသို့ (၁၀၇) မမ ရှော့တိုက်ဒုန်းငါးလုံး ပစ်ခတ်ခဲ့ရာ ပစ်မှတ်ကို သုံးလုံး ထိခဲ့ပြီး နှစ်လုံးမှာ ပစ္စည်းချို့ယွင်းမှူဖြစ်ခဲ့သည်ဟု ၎င်းကပြောသည်။
“နောက်ဆက်တွဲသတင်းအနေနဲ့ထပ်ပြောရမယ်ဆိုရင် ကျနော်တို့ပစ်လိုက်တဲ့ ငါးလုံးထဲက သုံးလုံးစလုံးလေတပ်စခန်းထဲကျရောက်သွားပါတယ်၊ နှစ်လုံးက ပစ္စည်း Error တက်ခဲ့ပါတယ်၊ ကျရောက်တဲ့သုံးလုံးထဲက တစ်လုံးက လေယဥ်ကိုထိတယ်လို့သိရတယ်၊ နောက်တစ်လုံးက လက်နက်တပ်ဆင်ရုံနားကျရောက်သွားတယ်လို့သိရတယ်၊ နောက်တစ်လုံးက ဆီသိုလှောင်ရုံနဲ့မလှမ်းမကမ်းကိုကျရောက်တယ်လို့သိရပါတယ်၊” ဟု အထက်ပါတာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။
ယင်းစစ်ဆင်ရေးတွင်ပါဝင်သည့် မြေပြင်ရဲဘော်များအားလုံး ဘေးကင်းကြောင်း ၎င်းကပြောသည်။
“အစစ်အဆေးသတင်းဘာမှမကြားရသေး၊ ညက ပစ်ခါနီးမှာတင် ဂျက်ဖိုက်တာသုံးစင်းလားမသိဘူး တက်သွားတယ်သိရတယ်၊” ၎င်းက ပြောသည်။
BWM အဖွဲ့သည် ဇန်နဝါရီ ၂၃ရက်ကလည်း မြို့ပြအထူးစစ်ဆင်ရေး (U.S.O) ၊Security and Special Task Force (SSTF – MDY)တို့နှင့် ပူးပေါင်း၍ မန္တလေးမြို့ တံတားဦးလေဆိပ်ကို (၁၀၇) မမ ရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သေးသည်။
Leave a Reply