ဗျူဟာမှူး ဘယ်မှာလဲ မေးနေကြလို့ ဒီမှာတွေ့ပြီဟေ့

ဗျူဟာမှူး ဘယ်မှာလဲ မေးနေကြလို့ ဒီမှာတွေ့ပြီဟေ့

KNU က အပိုးကျိုးအောင် ဆုံးမနေတယ်တဲ့

လက်ကလေးတောင်ပိုက်လို့

ဆရာရှေ့ရောက်တဲ့ ကျောင်းသားလေးလိုပဲ🤣

ကရင်မြေထဲက ကျိုက်ဒုံစကစဗျူဟာမှူး

ဗိုလ်မှူးကြီးအောင်ကျော်စိုးနှင့် စစ်ဦးစီးG2

တို့ကတော့ KNU ရှေ့မှောက်မှာ ပြားပြားဝပ်

စျေးဦးပေါက် အပိုးကျိုးသွားပါပြီ…

သူတို့ရဲ့ နောက်လိုက်နောက်ပါ စကစ(၆၆)ဦး

အရှင်ဖမ်းမိအပါ ခဲယ-မ်းမီးကျောက် ၁၀ ဘီး

ကားနှစ်စီးတိုက်ကိုလည်း KNU/KNLA ထံ

လက်ဆောင်ပဏ္ဏာအဖြစ် ဆက်သခဲ့ပါသေး

တယ် …

ပုံကတော့ အဘသားများဖြစ်ကြသော

ကျိုက်ဒုံဗျူဟာမှူးကြီး(မျက်မှန်တပ်ထား)

နှင့် ဗျူဟာစစ်ဦးစီးG2 တို့ကို KNU က

စစ်ဆေးနေစဥ် …

မှတ်ချက်။ ။သင်္ကန်းညီနောင်အခြေချစစ်

ဗျူဟာမှူးနှင့် အပေါင်းအပါများ ၃၅၇ တပ်

ရင်း၊ မြဝတီ ၂၇၅ တပ်ရင်းတို့ကိုလည်း

စျေးဖွင့်ထားပါတယ်။

အေအေစီ ရဲမင်း

နှစ်ပေါင်း ၃၀ နီးပါးသက်တမ်းရှိ ကျိုက်ဒုံဗျူဟာကုန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ဗျူဟာမှူး ဗိုလ်မှူးကြီးအောင်ကျော်စိုး ကိုပါ အရှင်ဖမ်းဆီးရမိ

ကော့ကရိတ်မြို့နယ်တောင်ပိုင်းရှိ နှစ်ပေါင်း ၃၀ နီးပါးသက်တမ်းရှိ ကျိုက်ဒုံမြို့အခြေစိုက် စစ်ကောင်စီဗျူဟာကုန်းစခန်းကို ကရင်အမျိုးသားလွတ် မြောက်ရေး တပ်မတော် (KNLA)တပ်ဖွဲ့က မတ်လ (၁၄)နေ့ည‌ နေပိုင်းတွင် တိုက်ခိုက် သိမ်းပိုက်လိုက်ကြောင်း သိရသည်။

ကျိုက်ဒုံမြို့ရှိ စစ်ကောင်စီဌာနဆိုင်ရာ ရုံးများအားလုံးကို ပြီးခဲ့သည့် ဇန်နဝါရီလ ၂၇ရက်‌နေ့ကတည်းက KNLA ဦးဆောင်သည့် တော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ခိုက်သိမ်းပိုက်ထားနိုင်ခဲ့ပြီး ကျန်ရှိနေသည့် စစ်‌ကောင်စီဗျူဟာကုန်းစခန်းကို ယနေ့ မတ်လ ၁၄ ရက်နေ့ ညနေတွင် ၄ နာရီခန့်တွင် ထပ်မံသိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်း မြေပြင်သတင်းအရင်းက ပြောသည်။

စစ်ကောင်စီဘက်မှ ကျိုက်ဒုံ ဗျူဟာမှူး ဗိုလ်မှူးကြီးအောင်ကျော်စိုး ဦးဆောင်သော အင်အား ၆၀ ပါ တပ်ဖွဲ့က အလံဖြူထောင် လက်နက် ချ၊ ကျိုက်ဒုံဗျူဟာစခန်း တစ်ခုလုံးကို KNLA က သိမ်းပိုက်

လက်နက် ရာချီရရှိပြီး ခဲယမ်းမြောက်မြားစွာ ရရှိကာ လက်နက်ချသူများကို ကောင်းမွန်စွာစောင့် ရှောက်ထား

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ KNU တပ်မဟာ ၆ နယ်မြေ အတွင်းရှိ ကျိုက်ဒုံ ဗျူဟာ စစ်တပ်စခန်းမှ ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကျော်စိုး ဦးဆောင်သော အင်အား ၆၀ ဝန်းကျင်ပါ တပ်ဖွဲ့က KNLA ထံတွင် အလံဖြူထောင်၍ လက်နက်ချ အညံ့ခံလိုက်ကြောင်း KNU နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် သတင်းရင်းမြစ်များက အတည်ပြု ပြောဆိုသည်။

မတ်လ ၁၄ ရက်နေ့ ညနေ ၄ နာရီ ၂၀ မိနစ်အချိန်တွင် KNLA ဦးဆောင်သော တော်လှန်ရေးမဟာမိတ်တပ်များထံတွင် ဗျူဟာမှူး ဗိုလ်မှူးကြီးအောင်ကျော်စိုး ဦးဆောင်သော တပ်များက လက်နက်ချ အညံ့ခံခြင်းဖြစ်ပြီး ညနေ ၆ နာရီအချိန်တွင် နယ်မြေရှင်းလင်းလုပ်ဆောင်ပြီးစီးခဲ့ကြောင်း၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း သိရှိရသည်။

“ကျိုက်ဒုံ ဗျူဟာက မနေ့ ညနေ ၄ နာရီ ၂၀ မိနစ် မှာ ရတယ်၊ ညနေ ၆ နာရီမှာအားလုံးရှင်းလင်းပြီးတယ်၊ ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကျော်စိုး ဦးဆောင်ပြီး အားလုံး အလံဖြူထောင်ပြီး လက်နက်ချတယ်၊ စစ်သားအရေအတွက် ၆၀ ဝန်းကျင်ရှိပါတယ်” ဟု မြေပြင် စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

အဆိုပါ ကျိုက်ဒုံဗျူဟာစခန်းကုန်းကို ဇန်နဝါရီလ ၂၇ ရက်နေ့မှစတင်၍ KNLA ဦးဆောင်သော တပ်များက စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရိက္ခာနှင့် စစ်ကူ မလာနိုင်စေရန် ပိတ်ဆို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ မတ်လ ၁၄ ရက်နေ့တွင် ဗျူဟာမှူး ဦးဆောင် လက်နက်ချလာသဖြင့် အပြီးသတ် သိမ်းပိုက်ရရှိခြင်းဖြစ်ကြောင်း သိရှိရသည်။

“စတိုက်တာက ဇန်နဝါရီလ ၂၇ ရက်နေ့လောက်ကစတိုက်တယ်၊ မတ်လ ၁၃ ရက်နေ့မှာ တက်ရောက်ချေမှုန်းတယ်။ မတ်လ ၁၄ ရက်နေ့ညနေမှာ အားလုံးရတယ်။ လက်နက်အများအပြား ရာနဲ့ချီပြီးရပါတယ်၊ ကိုယ့်လူ ကျဆုံး သုံးယောက်၊ ဒဏ်ရာရတာတော့များတယ်၊ လေယာဥ်ဗုံးကျဲလို့ အနားနီးရွာကပြည်သူတွေ ထိခိုက်မှုများတယ်” ဟု KNU တပ်မဟာ ၆ ရှိ စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *