ကျိုက်ထိုမြို့နယ်အတွင်း စစ်မှုထမ်း ဥပဒေကို အကောင်အထည် ဖော်နေသူများကို အရေးယူမည်သွားဟု ကျိုက်ထို တော်လှန်ရေး အင်အားစု ထုတ်ပြန်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ရာတွင် ပါဝင် ဆောင်ရွက်နေသူများကို အရေးယူသွားမည် ဖြစ်ကြောင်း ကျိုက်ထိုတော်လှန်ရေး အင်အားစုက ယနေ့မတ်လ ၁၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီ၏ စစ်မှုထမ်း ဥပဒေကို အကောင်အထည်ဖော်ရန် ကျိုက်ထို မြို့နယ်အတွင်းရှိ ရပ်ကျေး အုပ်ချုပ်ရေးမှူးများကို အစည်းအဝေးခေါ်ယူပြီး စစ်မှုထမ်းရန်အတွက် တစ်ရွာလျှင် ၁၀ ဦးနှုန်း စာရင်းပေးသွင်းရမည်ဟု မကြာမီအချိန်ကာလ တစ်ခုတွင် ညွှန်ကြားခဲ့ ကြောင်း သိရသည်။

အဆိုပါ စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စစ်ကောင်စီဘက်မှ ကိုယ်တိုင် ကိုယ်ကျပါဝင်၍ဖြစ်စေ၊ အားပေးကူညီ၍ဖြစ်စေ၊ လိုက်ပါ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်သူ ဌာန ဆိုင်ရာ ဝန်ထမ်းများ၊ မြို့နယ်နှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများများနှင့် ထောက်တိုင်များကို အဖွဲ့အစည်းလိုက်ဖြစ်စေ၊ တစ်ဦးချင်းဖြစ်စေ မည်သူ့ကိုမဆို စစ်ရေးအဖြစ် သတ် မှတ်ကာ ထိထိရောက်ရောက် အပြစ်ပေး အရေးယူသွားမည်ဖြစ်ကြောင်း ကျိုက်ထိုတော်လှန်ရေးအင် အားစု – KRF က ထုတ်ပြန်ထားသည်။

ကျိုက်ထိုတော်လှန်ရေးအင်အားစု – KRF အနေဖြင့် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ၏ စစ်မှု ထမ်း ဥပဒေကို ဆန့်ကျင်ရှုံ့ချကြောင်း ကျိုက်ထိုမြို့နယ်အတွင်းရှိ ပြည်သူများကို အသိပေးထား သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *