ချောင်းဦးတွင် စစ်ကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် အကြမ်းဖက်စစ်တပ်ကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ် ကောင်စီတပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ မတ်လ ၁၆ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်အချိန်ခန့်က ချောင်းဦးမြို့နယ်၊ ကျီးအုပ်ကျေးရွာ အတွင်းသို့ သံပြားကာ ၂ စီးဖြင့် စစ်ကြောင်းထိုးပြီး ချောင်းဦးမြို့သို့ ပြန်လာသော အကြမ်းဖက်စစ် သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။

“ချောင်းဦးမြို့ကနေ ကျီးအုပ်ကျေးရွာကို သံပြားကာ ကား ၂ စီးနဲ့ စစ်ကြောင်းထိုးပြီး ပြန်လာတဲ့ စစ်ကားကို မိုင်းဆွဲတိုက်ခိုက်တာ စစ်ခွေး ၃ ကောင်သေပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားတယ်လို့ သိရပါတယ်၊ အချိန်က ည ၇ နာရီခွဲပါ” ဟု ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့် BLDF တပ်ခွဲ အညာမိုင်း တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ကရင်နီပြည်နယ်တွင် မိုင်းဆွဲခံထားရသည့် စစ်ကားတစ်စီး။ (ပုံအဟောင်းဖြစ်ပါသည်။)


Comments

Leave a Reply

Your email address will not be published. Required fields are marked *