ပြည်သူပိုင်နေအိမ်တွေမီးပတ်ရှို့နေတဲ့စစ်ကြောင်း တိုက်ခိုက်ခံရလို့ ၁၀ ယောက်သေ

မန္တလေးတိုင်း၊ မြင်းခြံနဲ့ နွားထိုးကြီးနယ်တွေကို မီးပတ်ရှို့နေတဲ့ အကြမ်းဖက်စစ်ကြောင်းကို ပြန်လည်ခုခံတိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ယောက်မျက်မြင်သေဆုံးသွားတယ်လို့ Myingyan Black Tiger (MBT) မြင်းခြံခရိုင်ရင်း (၉)တာဝန်ခံ ဗိုလ်မိုက်ခဲက သောင်ရင်းသတင်းလွှာကိုပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၄ရက်နေ့ မနက်၇နာရီခန့်က မကျီးစုကျေးရွာ၊ သင်ပြွန်းကျေးရွာ၊ဆိတ်ကုန်းကျေးရွာ၊ပျိုးကန်ကျေးရွာ၊ကန်စွယ်ကျေးရွာတွေကိုမီးရှို့သွားတဲ့စစ်ကြောင်းကို တိုက်ခိုက်ခဲ့တာလို့ပြောပါတယ်။

“ကျနော်တို့ MBT အမှတ်၁စခန်းနယ်မြေထဲမှာမီးလာရှို့တဲ့တပ်နဲ့ တိုက်ပွဲဖြစ်တာပါ။ မျက်မြင်၁၀ယောက်သေ၊ ၅ယောက်ဒဏ်ရာရသွားတယ်။ အဲဒီခွေးကြောင်းက လေးရွာဆုံဘက်ပြန်ထိုးသွားတယ်ပေါ့။ ညီနောင်မဟာမိတ်တွေနဲ့ပေါင်းတိုက်ခဲ့တာပါ”လို့ MBT. ဗိုလ်မိုက်ခဲကပြောပါတယ်။

ဒီတိုက်ခိုက်မှုကို Myingyan Black Tiger (MBT) မြင်းခြံခရိုင်ရင်း (၉) နဲ့အတူ မြင်းခြံခရိုင် အမှတ်(၄)တပ်ရင်း ၊ မြင်းခြံခရိုင်( ပ က ဖ)၊ နွားထိုးကြီးမြို့နယ် (ပ က ဖ)၊ ဗိုလ်စားပြောက်ကျား တပ်ဖွဲ့.တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

မန္တလေးတိုင်းဒေသကြီး၊မြင်းခြံခရိုင်၊မြင်းခြံမြို့နယ်နှင့်

နွားထိုးကြီးမြို့နယ်အတွင်း 12.3.2024 ရက်နေ့ နှင့် 13.3.2024ရက်နေ့များတွင် မြင်းခြံမြို့နယ် မကျီးစုကျေးရွာ၊ သင်ပြွန်းကျေးရွာ၊ဆိတ်ကုန်းကျေးရွာ၊ပျိုးကန်ကျေးရွာ၊ကန်စွယ်ကျေးရွာ စသည့် ရွာများအား မီးရှို့ဖျက်စီးနေသော အင်အား (၆၀)ပါ စကစ စစ်ကြောင်းအား 14.3.2024 နံနက် (၇)နာရီဝန်းကျင်တွင် ကျွန်တော်တို့ Myingyan Black Tiger (MBT)နှင့် ညီနောင်မဟာမိတ်များမှ ပူးပေါင်းခုခံတိုက်ခိုက်ခဲ့သည်။

တိုက်ပွဲကြာချိန် (၁)နာရီခွဲခန့် ကြာမြင့်ခဲ့ပြီး စကစတပ်သား (၁၀)ဦးထက်မနည်းသေဆုံးကာ ၅ဦးဒဏ်ရာရရှိခဲ့ကြောင်း တိုက်ပွဲတွင်းမျက်မြင်အရ အတည်ပြုနိုင်ခဲ့သည်။

ယခုကဲ့သို့ စည်းလုံးမှုရှိရှိဖြင့် တိုက်ပွဲဝင်ခဲ့ပါသော မဟာမိတ်များအား မိမိတို့ MBTတပ်ဖွဲ့မှ အထူးပင်လေးစားဂုဏ်ပြု အသိမှတ်ပြုပါသည်။

၎င်းတိုက်ခိုက်မှုတွင် မိမိတို့ Myingyan Black Tiger (MBT) နှင့်အတူ မြင်းခြံခရိုင် အမှတ်(၄)တပ်ရင်း ၊ မြင်းခြံခရိုင်( ပ က ဖ)၊ နွားထိုးကြီးမြို့နယ် (ပ က ဖ)၊ ဗိုလ်စားပြောက်ကျား တပ်ဖွဲ့.တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့သည်။

မှတ်ချက်။ ။စည်းလုံးမှုဖြင့်တော်လှန်မည်💪💪💪

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top