ဖင်ယားမှုအတွက် အာမခံ ရမသွားရှာတဲ့ ဆွမ်ပရာဘွမ်က ရဲခွေး

အထက်လူကြီးက မြေပြင်အခြေ အနေမှန်ကိုသိလို့ အလံဖြူထောင် လက်နက်ချခဲ့ပေမယ့်

ဦးနှောက် မုဒိမ်းကျင့်ခံရပြီး ငါမသေ ငါ့စခန်းမကျစေရဆိုပြီး ဖင်ယားကာ

စခန်းမှာ တယောက်ထဲ နေခဲ့တဲ့ ရဲခွေး

မနေ့ကတည်းက လေယာဉ်ပစ်ကူခေါ်တာ မရဘဲ သေသွားလို့

ဘောမရပ်ကွက်မှာတော့ Profile တွေ မိုးချုပ်ကုန်ပြီ။

အသက်ကို ဉာဏ်စောင့်တယ် ဆိုတဲ့စကားက အလကားထားခဲ့တာ မဟုတ်ဘူး။

စခန်းကို လာတိုက်တဲ့အင်အားကို သူတစ်‌ယောက်ထဲ ပြန်တိုက်မယ်ဆိုတဲ့ စိတ်ကူးက ရူးနေတဲ့သူကလွဲရင် ဘယ်သူမှလုပ်မယ်မထင်ဘူး။

ကောင်းပါတယ် တိုင်းပြည် အတွက်လည်း စောက်သုံးမကျ မိသားစုအတွက်လည်း စောက်သုံးမကျတဲ့ကောင်တွေ

မြန်မြန်‌သေတော့ မြေကြီးပေါ့တာပေါ့ကွာ။

အခုတော့ မင်းအောင်လှိုင်ပေးတဲ့ သေဟဘွဲ့ ကြီးရတာကလွဲရင် မင်းခေါင်းအုံးကို အိပ်မယ့်ကောင်လည်း အိမ်ပေါ်ရောက်နေလောက်ပြီ။

ဘောမတွေ အသေမဦးခင် ဉာဏ်ဦးအောင်

လုပ်ကြကွာ အသက်တချောင်း အလကားရတာမဟုတ်ဘူး👌

ဆွမ်ပရာဘွမ် ရဲစခန်းမှ မြိုနယ်မှူး ရဲမှူး ဝင်းကို အပါအဝင် ရဲတပ်ဖွဲဝင် ၁၃ ဦး လက်နက်ချ အလံဖြူထောင်ချိန် အညံ့မခံသော ရဲအုပ် နေလင်းဟိန်း သေဆုံး

ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်မြို့နယ်ရဲစခန်းမှ မြို့နယ်မှူး ရဲမှူး ဝင်းကို အပါအဝင် ရဲတပ်ဖွဲ့ဝင် ၁၃ ဦး KIA ထံတွင် လက်နက်ချ အညံ့ခံချိန်တွင် အလံဖြူမထောင် အညံ့မခံသော ရဲအုပ် နေလင်းဟိန်းမှာ ပစ်ခတ်မှုများအတွင်း သေဆုံးသွားပြီဖြစ်ကြောင်း ရဲသတင်းရင်းမြစ်တစ်ခုက ပြောဆိုသည်။

မတ်လ ၈ ရက်နေ့တွင် ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ်မှ ရဲမှူး ဝင်းကို အပါအဝင် ရဲတပ်ဖွဲ့ဝင် ၁၃ ဦးက KIA နှင့် ပူးပေါင်းတပ်ဖွဲ့များထံတွင် လက်နက်ချအညံ့ခံခဲ့ကြောင်း၊ သို့ရာတွင် ဆွမ်ပရာဘွမ် ရဲစခန်းမှ ရဲအုပ်နေလင်းဟိန်းမှာ လက်နက်မချဘဲ စခန်းအတွင်း တစ်ဦးတည်း တပ်စွဲနေခဲ့ကြောင်း ၊ ယင်းနောက် လူမှုကွန်ရက်တွင် ပို့စ်များ ဆက်တိုက်တင်ကာ လေယာဉ်ပစ်ကူ အကူအညီပေးရန်နှင့် စခန်းတွင် တစ်ဦးတည်း ခံချမည်ဖြစ်ကြောင်း အသိပေးခဲ့ကြောင်း၊ မတ်လ ၁၄ရက်နေ့တွင်မူ အဆက်အသွယ် ပြတ်ပျောက်ဆုံးသွားပြီး သေဆုံးပြီဟု သိရှိရကြောင်း ရဲသတင်းရင်းမြစ်တစ်ခုက ဆိုသည်။

“ရဲအုပ်နေလင်းဟိန်း က ဆွမ်ပရာဘွမ်စခန်းမှာ ရှိတယ်။ လူမှုကွန်ရက်မှာ စခန်းနဲ့ပတ်သက်ပြီး သူတင်တာတွေကလည်း အမှန်ပါ။ အကောင့်တုမဟုတ်ဘူး။ သူက ဒုရဲအုပ်သင်တန်း အပတ်စဉ် ၆၈/၁၀ သူရ ကျောင်းဆင်းဖြစ်တယ်။ မြိုင်ရဲစခန်းကနေ ဆွမ်ပရာဘွမ်ကို ရာထူးတိုး အပြောင်းကျခဲ့သူဖြစ်ပါတယ်။ ကျဆုံးတာကတော့ အတည်ပြု နိုင်ပြီဖြစ်ပါတယ်” ဟု ရဲသတင်းရင်းမြစ်က ရှင်းပြသည်။

ရဲအုပ်နေလင်းဟိန်းသည် မတ်လ ၁၄ ရက်နေ့ညနေပိုင်းတွင် စခန်းအတွင်းမှ ခုခံပစ်ခတ်နေကြောင်း၊ လေကြောင်းပစ်ကူ ပေးရန် လူမှုကွန်ရက်တွင် ပို့စ်များ တင်ခဲ့ကြောင်း၊ မတ်လ ၁၄ ရက်နေ့ ညနေပိုင်းမှစတင်၍ လူမှုကွန်ရက်တွင် နောက်ထပ် ပို့စ်များ မတင်နိုင်တော့ဘဲ မတ်လ ၁၅ ရက်နေ့မှစတင်၍ ရဲအုပ်နေလင်းဟိန်းအတွက် RIP လုပ်သည့် လူမှုကွန်ရက်မျှဝေမှုများစွာ တွေ့မြင်လာရခြင်းဖြစ်သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *