ကလေးမြောက်ပိုင်း တိုက်ပွဲ = ၈

ကလေးမြို့နယ်၊ ကျောင်းတိုက်ရွာနှင့် အောင်မြင်သာရွာတိုက်ပွဲတွင် စစ်တပ်မှ ဗိုလ်ကြီး ၁ ဦးအပါ အဝင် စစ်သား ၈ ဦးသေဆုံးပြီး လက်နက်ငယ် ၁၉ လက် သိမ်းဆည်းရရှိ၊ PDF တပ်ဖွဲ့ ၂ ဦးကျဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပြီး စစ်ကောင်စီတပ်မှ ဗိုလ်ကြီး ၁ ဦးအပါ အဝင် ၈ ဦးသေဆုံးကာ လက်နက်ငယ် ၁၉ လက်သိမ်းဆည်းရရှိခဲ့ကြောင်း အမှတ် ၁ စစ်ဒေသက ထုတ်ပြန်သည်။

မတ်လ ၁၆ ရက်နေ့က ကလေးမြို့နယ်၊ ဗိုလ်ကြီး ကျော်လင်းမောင် ဦးစီးသောစစ်ကောင်စီထုတ်နုတ် အင်အား ၂၂ ဦးနှင့် ပျူစောထီး ပူးပေါင်းအင်အား ၄၀ ဦး အခြေချနေထိုင်သည့် အောင်မြင်သာရွာနှင့် ဗိုလ်ဖြိုးသန့် ဦးစီးသော စစ်ကောင်စီ ထုတ်နုတ်အင်အား ၂၇ ဦးနှင့်ပျူစောထီး ပူးပေါင်းအင်အား ၅၉ ဦး အခြေချနေထိုင်သည့် ကျောင်းတိုက်ရွာတို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးပြီး ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိုသို့ ဝင်ရောက်တိုက်ခိုက်မှုအတွင်း ကျောင်းတိုက်ရွာကို အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ကျောင်းတိုက်ရွာမှ စစ်သားများ ဆည်တော်ဦးရွာနှင့် အောင်မြင်သာရွာသို ဆုတ်ခွာသွားကြောင်း၊ ထို့နောက် ကျောင်းတိုက်ရွာကို ကလေးမြို့မှ တက်လာသော Mi-35 ဖြင့် လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့ရာ တော်လှန်ရေးတပ်ဖွဲ့ဝင် ၂ ဦးမြင့်မြတ်စွာ ကျဆုံးခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း MA-15 (ငါးကြင်းမြှီး)နှင့် MA-10 (RPG-7) အပါအဝင် လက်နက်ငယ် ၁၇ လက်၊ ကျည်မျိုးစုံ ၁၃၀၀ ကျော်၊ ဗုံးသီးမျိုးစုံ အလုံး ၁၀ ကျော်၊ ကျည်အိမ် ၃၀ ကျော်နှင့် စစ်သုံးပစ္စည်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို အထူးလှုပ်ရှား တပ်ရင်း ၂၊ တပ်ရင်း ၆ ၊ ကလေးခရိုင် လှုပ်ရှားတပ်ဖွဲ့၊ ကလေး မြို့နယ် ပကဖ၊ CDF-KKG၊ RKDF၊ RCDF၊ EFDF၊ HNB နှင့် ဒေါင်းသွေးရာဇာ ပူးပေါင်းအဖွဲ့တို့ ပူး ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် ကလေးမြို့နယ်၊ နန်းစောင်းပုရွာသစ်နှင့် ကံသာယာရွာသို့ စစ်ကြောင်းထိုးလာသော တပ်မ-၂၂ လက်အောက်ခံ စစ်ကောင်စီ ထုတ်နုတ်အင်အားနှင့် ပျူစောထီး ပူးပေါင်းအင်အား ၁၃၀ ခန့်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ဗိုလ်ကြီး ၁ ဦးနှင့် ဒုတပ်ကြပ် ၁ ဦး ၏ရုပ်အလောင်းအပါအဝင် လက်နက်ငယ် ၂ လက်၊ MA ကျည် ၁၇ တောင့်နှင့် ကျည်အိမ် ၂ ခု သိမ်း ဆည်း ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို အထူးလှုပ်ရှား တပ်ရင်း ၂၊ တပ်ရင်း ၅ ၊ ကလေးခရိုင် ဒရုန်းတပ်ဖွဲ့၊ ကလေး ခရိုင် တပ်ရင်း ၂၊ တပ်ရင်း ၄၊ တပ်ရင်း ၅ ၊ ကလေးမြို့နယ် ပကဖ၊ RKDF၊ HNB၊ EFDF၊ ဒေါင်းသွေး ရာဇာ၊ S2UG၊ GRF နှင့် TCDF ပူးပေါင်းအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုများအတွင်း ကလေးခရိုင် မြို့ပြစစ်ဆင်ရေးတပ်ဖွဲ့မှလည်း မင်းလှရွာအား ဖြတ် တောက်ရေးတာဝန် ယူပေးခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွာခြင်းမရှိသည့် ကလေးမြို့ အနီးဝန်းကျင်ရှိ နေရာများသို့ လက်နက်ကြီး၊ မီးလောင်ဗုံးအပါအဝင် ဗုံးအလုံး ၂၀၀ ကျော် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ပြည်သူ အချို့ထိ ခိုက် ဒဏ်ရာရရှိခဲ့ပြီး ပြည်သူ့နေအိမ် အချို့ မီးလောင်ခဲ့ကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *