မနေ့က ရှေ့တန်း စစ်ကြောင်းတစ်ခု MI-35 နဲ့ အပစ်ခံရလို့ ရဲဘော်တွေ အတုံးအရုံးနဲ့ သေကုန်တာ
အလောင်းတွေဆို အပုံလိုက်တွေ ဖြစ်ပြီး ကျော်ခွသွားမရလို့ နင်းပြီးတော့တောင် သွားရတယ် တဲ့.. 🥺
လူရွှင်တော် ကိုစိန်သီးတို့ရဲ့ “ကျွန်တော်ပြောချင်သော စကားများ” အစီအစဉ်ထဲ လူရွှင်တော် ပေါက်စီ ပြောသလို ပြောရရင်တော့-
“အဘ.. သေတာ ခြင်းကြားနော်..”
ဟုတ်ကဲ့.. သူ့လူသူ ပြန်ပစ်သွားတာပါတဲ့..
မကြာခင် သက်ဆိုင်ရာ တော်လှန်ရေး တပ်ဖွဲ့တွေက သတင်းထုတ်ပြန်ပါလိမ့်မယ်.. 😊
ကလေးမြို့နယ်တွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်၍ ပျူရွာဒေသခံများ သေဆုံး
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်းရှိ ပျုစောထီးရွာဖြစ်သော ကျောင်းတိုက်ရွာမှ စစ်ကောင်စီတပ် စခန်းအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်စဉ် လေကြောင်းနှင့်လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်၍ ဒေသခံများ ထိခိုက်သေဆုံးမှုများပြားကြောင်း ကနဦးသတင်းရရှိသည်။
ကျောင်းတိုက်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ရှိ စစ်ကောင်စီနှင့် ပျူစောထီးစခန်းများကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက မတ်လ ၁၆ရက် နံနက်တွင် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
နေ့လယ်တွင် ကျောင်းတိုက်ရွာစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းနှင့်လက်နက်ကြီးအသုံးပြု၍ ပြင်းပြင်းထန်ထန်တုံ့ပြန်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
” ရွာခံတွေက အိမ်ထဲမှာနေတာကို ပျူခေါင်းဆောင်က သူ့အမိန့်နဲ့ ဘုန်းကြီးကျောင်းကို ရွှေ့ခိုင်းတယ်။ အဲ့ဒီကျောင်းကိုသွားတဲ့အချိန် စစ်တပ်က လေကြောင်းကနေချတာမှာ ကျောင်းကို ဗုံးကြဲသွားတာ။ ရွာခံ တွေသေဆုံးတာတွေများတယ်”ဟု အခြားဒေသတစ်ခုသို့ ရောက်နေသည့် ကျောင်းတိုက်ရွာခံတစ်ဦးက ပြောသည်။
သေဆုံးသူများအနက် ဒေါ်ခင်ဌေးမြိုင်၊ ဒေါ်မူ၊ ဒေါ်ဝိုင်း၊ ဒေါ်သေးသေး၊ ဦးဖိုးငုတ်မိသားစုပါဝင်ပြီး စာရင်းအတိအကျမသိရှိရသော်လည်း သေဆုံးသူ ၁၅ဦးထက်မနည်းရှိနိုင်ကြောင်း ၎င်းက ပြောသည်။
” မိသားစုလိုက်သေဆုံးသူတွေရှိတယ်။ စစ်တပ် က ဆက်ပစ်နေတယ်”ဟု ကျောင်းတိုက်ရွာခံတစ်ဦးက ပြောသည်။
စစ်ကောင်စီသည် ယမန်နေ့က တနေကုန်၊ ညအထိနှင့် ယနေ့(မတ်လ ၁၇ရက်)နေ့လယ်အထိ လက်နက်ကြီးများပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။ ထို့အပြင် လက်နက်ကြီးပစ်ခတ်သံများကို မကြာခဏကြားနေရသည်။
ကလေးမြို့နယ်မြောက်ပိုင်းမှ ပျူစောထီးရွာများဖြစ်သည့် ဆည်တော်ဦးနှင့် ကျောင်းတိုက်ကျေးရွာသည် စစ်ကောင်စီအခိုင်အမာတပ်စွဲထားသည့်ရွာများ ဖြစ်သည်။
ကျောင်းတိုက်ရွာသည် ကြံ့ခိုင်ရေးပါတီဝင်အများဆုံးရှိသည့်ရွာဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲမဲဆွယ်ကာလက အခြားပါတီများအား ရွာထဲသို့ပင် အဝင်မခံခဲ့ပေ။
စစ်တပ်က အာဏာသိမ်းပြီးနောက် အဆိုပါရွာသည် ပျူစောထီးရွာဖြစ်လာခဲ့သည်။
လူငယ်အချို့မှလွဲ၍ ကျန်ဒေသခံများသည် စစ်တပ်ကိုထောက်ခံသူများနှင့် တော်လှန်ရေးတွင်ပါဝင်ပတ်သက်ခြင်းမရှိသူများဟု သိရသည်။ ယခုအခါ စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုနှင့်လက်နက်ကြီးကြောင့် အရပ်သားသေဆုံးမှုနှင့်ပတ်သက်၍ ပျူစောထီးခေါင်းဆောင်ကို ဒေသခံများက ဒေါသထွက်နေကြောင်း သိရသည်။
ယနေ့တွင် ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ကလေးမြို့ပေါ်မှနေ၍ လက်နက်ကြီးများဖြင့် ဆက်လက်ပစ်ခတ်နေကြောင်း မြို့ခံများက ပြောသည်။
Leave a Reply