ရေတာရှည်မြို့နယ်နှင့် ဆွာမြို့တွင် စစ်တပ် ကင်းပုန်းများကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး

ပဲခူးတိုင်း ၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ဒိုးတန်းရွာ သင်္ချိုင်းကုန်းနှင့် ဆွာမြို့ အရှေ့ဘက် စစ်တောင်းမြစ် ကူးတို့ဆိပ်တွင် ကင်းပုန်းဝပ်နေသော စစ်သားများကို တိုက်ခိုက်ခဲ့ရာ ၄ ဦး သေဆုံးခဲ့ကြောင်း ပုဝါနီစစ်ကြောင်းထံမှ သိရသည်။

မတ်လ ၁၆ ရက်နေ့ ည ၈ နာရီခန့်တွင် ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အနောက်ဘက်ကမ်းရှိ ဒိုးတန်းကျေးရွာ သုသာန်တွင် ၀င်ရောက် ကင်းပုန်း၀ပ်နေသော အကြမ်းဖက် စစ်သားများကို ပုဝါနီစစ်ကြောင်းက ၄၀ မမ ဖြင့် ပစ်ခတ်ခဲ့ပြီး လက်နက်ငယ်များဖြင့် ထပ်မံ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးခဲ့ပြီး နံနက် ၅ နာရီအချိန်တွင် စစ်သား အလောင်းများကို သုံးဘီးဖြင့် လာရောက် သယ်ဆာင်သွားကြောင်း သိရသည်။

အလားတူ မတ်လ ၁၆ ရက်နေ့ ည ၉ နာရီ မိနစ် ၃၀ အချိန်ခန့်တွင် ဆွာမြို့ အရှေ့ဘက်ရှိ စစ်တောင်းမြစ်ကူး ကူးတို့ဆိပ်တွင် ကင်းပုန်း ၀ပ်နေသော စစ်သား ၂၀ ကျော်ခန့်ကို တော်လှန်ရေး အင်အားစုများက ၄၀ မမ လက်နက်ငယ်များဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ် တိုက်ပွဲ မိနစ် ၂၀ ခန့် ကြာမြင့်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်သား ၂ ဦးအပြင်းအထန်ဒဏ်ရာရရှိကာ အရေးပေါ်လူနာ တင်ယာဉ်ဖြင့် လာရောက်သယ်ဆောင်သွားပြီး ဆေးရုံ အရောက်တွင် သေဆုံးသွားကြောင်း၊ ထို့ပြင် ထိခိုက်ဒဏ်ရာရရှိသူအချို့လည်း ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပုဝါနီစစ်ကြောင်း၊ ကီးကူ စစ်ကြောင်း၊ တပ်ရင်း ၃၅၀၁ တပ်ခွဲ ၄ နှင့် ရေတာ ရှည်မြို့နယ် ပကဖ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး ကာ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

ရန်သူ့တပ်ကင်းပုန်း၀ပ် အထိုင်ချထားသောစစ်တောင်းမြစ်အနောက်ဘက်ကမ်းရှိနေရာများသို့ တော်လှန်ရေးအင်အားစုများမှ ၀င်ရောက်တိုက်ခိုက်။

ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊ရေတာရှည်မြို့နယ်စစ်တောင်းမြစ်အနောက်ဘက်ကမ်းရှိ ဒိုးတန်းကျေးရွာသုသာန်တွင် ၀င်ရောက်ကင်းပုန်း၀ပ်နေသောစကစကို ပုဝါနီပြောက်ကျားပွိုင့်မှ 16.3.2024 ည 8:00အချိန်ခန့်တွင် 40mm နှင့် လက်နက်ငယ်အချို့ဖြင့်သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။

အလားတူ 16.3.2024 ည 9:30 မိနစ်ခန့်တွင် ဆွာမြို့အရှေ့ဘက်ရှိ စစ်တောင်းမြစ်ကူး ကူးတို့ဆိပ်တွင်ကင်းပုန်း၀ပ်နေသော စစ်ကောင်စီအင်အား 20 ကျော်ခန့်ကို တော်လှန်ရေးအင်အားစုများမှ 40mm၊ လက်နက်ငယ်များဖြင့်သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ တိုက်ပွဲဖြစ်ပွားချိန် မိနစ်20 ခန့်ကြာမြင့်ခဲ့ပါသည်။အဆိုပါတိုက်ခိုက်မှု့ကို ပုဝါနီစစ်ကြောင်း၊ကီးကူစစ်ကြောင်း၊3501(တပ်ခွဲ ၄)နှင့် ရေတာရှည်မြို့နယ် ပကဖ တို့ကပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။

ဒိုးတန်းကျေးရွာ သုသာန်တွင်ပု၀ါနီစစ်ကြောင်းပြောက်ကျားပွိုင့်မှ၀င်ရောက်ပစ်ခတ်ရာ စကစဘက်မှ ထိခိုက်မှု့တစ်ချို့ရှိခဲ့သည်ဟု သိရပြီး နံနက် 5:00 အချိန်တွင် သုံးဘီးဖြင့် အလောင်း2လောင်းလာရောက်သယ်ဆောင်သွားသည်ဟု အရပ်ဘက်သတင်းအရ သိရှိရပြီး အတည်ပြုနိုင်ရန်ဆက်လက်စုံစမ်းဆဲဖြစ်သည်။

16.3.2024 ည 9:30 ကူးတို့ဆိပ်တိုက်ပွဲတွင်လည်း စကစဘက်မှ ထိခိုက်ဒဏ်ရာရရှိသည်ဟုသိရပြီး ဆေးရုံတွင် 2 ဦးသေ၍ ထိခိုက်ဒဏ်ရာရရှိမှုများရှိသည်ဟု အရပ်ဘက်သတင်းအရသိရှိရပြီး တော်လှန်ရေးအင်အားစုဘက်မှ အထိခိုက်မရှိအောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့ပါသည်။

မှတ်ချက်။ ။ကူးတို့ဆိပ်တိုက်ပွဲတွင် ထိခိုက်ဒဏ်ရာရရှိခဲ့သော စကစများကို အရေးပေါ်လူနာတင်ကား 2 စီးဖြင့်လာရောက် သယ်ဆောင်သွားသည်ဟုသိရှိရပါသည်။

ပုဝါနီစစ်ကြောင်း


Comments

Leave a Reply

Your email address will not be published. Required fields are marked *