စွပု..တို့📢ကြေကွဲခန်းကြီး

ပခုက္ကူခရိုင်အမှတ် – ၆ တပ်ရင်းတွင် ဝတ်စုံပေးအပ်ခြင်းနှင့် လူထု တွေ့ဆုံပွဲပြုလုပ်

မြိုင်မြို့နယ်၊ ပခုက္ကူခရိုင် အမှတ် – ၆ တပ်ရင်းတွင် ဝတ်စုံပေးအပ်ခြင်းနှင့် လူထု တွေ့ဆုံပွဲပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အခမ်းအနားကို အရပ်ဘက်နှင့် စစ်ဘက်မှ အကြီးအကဲများ၊ MVRF မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး ရဲဘော်များက သိလိုသည်များကို မေးမြန်းခဲ့ကြောင်း၊ ထို့ပြင် ရဲဘော်များက ယူနီဖောင်းဝတ်ပြိုင်ပွဲ၊ သံပုံးရိုက်ပြိုင်ပွဲ၊ လက်ဆင့်ကမ်းပြိုင်ပွဲများလည်း ကျင်းပခဲ့ကြောင်း သိရှိရသည်။

မုံရွာခရိုင် အမှတ် ၅ တပ်ရင်းရဲ့ စစ်ရေးလေ့ကျင့်မှုမြင်ကွင်းများ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မုံရွာခရိုင် အမှတ် ၅ တပ်ရင်း – Aung San Force (A.S.F)က တပ်ရင်းရှိ ရဲဘော်များရဲ့ စစ်ရေးလေ့ကျင့်မှု မှတ်တမ်းဓာတ်ပုံများကို ထုတ်ပြန်ထားပါတယ်။

ဆောမြို့နယ်တွင် စစ်ကောင်စီ တပ်သား ၂ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်

မကွေးတိုင်း၊ ဆောမြို့နယ်တွင် စစ်ကောင်စီ တပ်သား ၂ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်လာကြောင်း ဂန့်ဂေါခရိုင်အမှတ် ၃ တပ်ရင်းထံမှ သိရသည်။

ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ဆောမြို့နယ်၊ မြို့မရဲစခန်းမှ စစ်ကောင်စီ တပ်သားတပ်သား ၁ ဦးသည် အမှတ် ၁ စစ်ဒေသ၊ ဂန့်ဂေါခရိုင်အမှတ် ၃ တပ်ရင်းထံ MA-2 သေနတ် ၁ လက်နှင့် ခဲယမ်းများ ယူဆောင်လာကာ အလင်းဝင်လာကြောင်း သိရှိရသည်။

အလားတူ မတ်လ ၁၅ ရက်နေ့တွင် ကပစ ၂၅ မှ တပ်ကြပ် ၁ ဦး လက်နက်ခဲယမ်း အပြည့်အစုံဖြင့် ဂန့်ဂေါခရိုင် အမှတ် ၃ တပ်ရင်းထံ ထပ်မံ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်ကို စွန့်ခွာ၍ ပြည်သူ့ရင်ခွင်ခိုလှုံပြီး အလင်းဝင်ရောက် ပူးပေါင်းကာ ယူဆောင်ခဲ့သော လက်နက် အမျိုးအစားပေါ် မူတည်ပြီး ထိုက်ထိုက်တန်တန် ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း ဂန့်ဂေါခရိုင်အမှတ် ၃ တပ်ရင်းက ထုတ်ပြန်ထားသည်။

ခလရ ၂၉၇ တနိုင်း နမ့်ဂွန် တပ်ခွဲစခန်းအား ၁၈-၃-၂၀၂၄

ည ၈း၀၀ နာရီ KIA တပ်မဟာ-၂ + မှသိမ်းပိုက်ပြီးစီး။💖🚩

မတ်စိ မကိုက်ချင်သောကြောင့် သံတွဲ မှ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ အားလုံး နှုတ်ထွက်စာတင်

စစ်တပ်၏ ပြည်သူ့ စစ်မှုထမ်းဥပဒေက ဖိအားပေးမှုများကြောင့် ရခိုင်ပြည်၊ သံတွဲမြို့နယ်မှ ရပ်ကျေး အုပ်ချုပ်ရေးမှူးများအားလုံး ယနေ့ (မတ်လ ၁၈ ရက်) နေ့တွင် နှုတ်ထွက်စာတင်လိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

သံတွဲမြို့နယ်ထဲတွင် ကျေးရွာအုပ်စုပေါင်း ၇၂ ခုရှိပြီး ၄င်းအုပ်စုအုပ်ချုပ်ရေးမှူးများအားလုံးစုပေါင်းကာ ယနေ့မတ်လ ၁၈ ရက်တွင်၊ ခရိုင်ထွေအုပ်ရုံးသို့ နှုတ်ထွက်စာတင်လိုက်ကြောင်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး တစ်ဦးနှင့် နီးစပ်သူကပြောပါသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *