မန္တလေးတွင် မင်းအောင်လှိုင်သား ပိုင်ဆိုင်သော ရတနာပုံခန်းမကို အရှေ့တည့်တည့်မှ နေရာယူ၍ ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်(ရုပ်/သံ)
မန္တလေးတွင် မင်းအောင်လှိုင်သား ပိုင်ဆိုင်သော ရတနာပုံခန်းမကို အရှေ့တည့်တည့်မှ နေရာယူ၍ ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း No More Dictatorship People Defense Force – NMD မှ ကိုချာလီက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၁၉ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်အချိန် မန္တလေးမြို့လယ်ခေါင်ရှိ မဟာအောင်မြေမြို့နယ်၊ ၇၈လမ်းနှင့် ၃၈လမ်း စစ်တပ်ဝင်းအတွင်း တည်ဆောက်ထားသော ရတနာပုံခန်းမကို ၁၀၇ မမ ရှော့တိုက်ဒုန်းဖြင့် အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။
ထိုခန်းမသည် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏သား အောင်ပြည့်စုံ ပိုင်ဆိုင်ပြီး ၂၀၂၁ခုနှစ် မေလ၊ ၁၇ ရက်နေ့တွင် မင်းအောင်လှိုင် ကိုယ်တိုင် ဦးစီးဖွင့်လှစ်ခဲ့သော ခန်းမဖြစ်ပြီး စစ်အုပ်စု ခေါင်းဆောင် အကြီးပိုင်းများ အစည်းအဝေး ပြုလုပ်ခြင်း၊ အထိမ်းအမှတ်ပွဲများ ပြုလုပ်ခြင်း၊ စကစနောက်လိုက် ဝန်ထမ်းများအား ဝါဒဖြန့်ရန် အသုံးပြုလျက်ရှိသော အရေးပါသော ခန်းမနေရာ ဖြစ်သောကြောင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို No More Dictatorship People Defense Force_ NMD နှင့် Security & Special Task Force (SSTF-MDY) တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ “No More Dictatorship People Defense Force _ NMD” မှ ဗျူဟာမြောက်သော မစ်ရှင်များကို ဖော်ဆောင်ရန် ပြည်သူများ၏ အထောက်အပံ့များ လိုအပ်လျက် ရှိပါသောကြောင့် ထောက်ပို့ပြည်သူများအနေဖြင့် ပါဝင်ကူညီကြရန် ဖိတ်ခေါ်ထားသည်။
မန္တလေးတွင် စစ်ကောင်စီပိုင် ရတနာပုံခန်းမဘက်မှ ပြင်းထန်သော ပေါက်ကွဲသံထွက်ပေါ်ပြီး ပြည်သူ များ ကြားရ ၊ လူငယ်များကို စစ်မှုထမ်းခိုင်းရန် ပြင် ဆင်နေသည့် စင်္ကြာနွယ်စဉ် ရပ်ကွက်ရုံးကို ဗုံးပစ်တိုက်ခိုက်
မန္တလေးမြို့တွင် စစ်ကောင်စီပိုင် ရတနာပုံခန်းမဘက်မှ အလွန်ပြင်းထန်သော ပေါက်ကွဲသံထွက်ပေါ်လာပြီး ပြည်သူအများစုကြားလိုက်ရကြောင်း မန္တလေးဒေသပြည်သူများနှင့် တော်လှန်ရေး သတင်းရင်းမြစ်တချို့ကပြောဆိုသည်။
မတ်လ ၁၉ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်အချိန် ၊ မန္တလေးမြို့၊ ၇၈လမ်း×၃၈လမ်း ရတနာပုံ ခန်းမဘက်မှအလွန် ပြင်းထန်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့ကြောင်း၊ နေအိမ်များပင် တုန်ခါသွားခဲ့ကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။
“အိမ်တောင်တုန်သွားတယ်။ မိုးခြိမ်းသံလိုပဲ။ အသံက အရမ်းကို ကျယ်လွန်းတယ်။ လန့်တောင် နိုးသွားတယ်” ဟု မန္တလေးမှ ပြည်သူတစ်ဦးက ပြောဆိုသည်။
မန္တလေးမှ တော်လှန်ရေးသတင်းရင်းမြစ်တစ်ခုကမူ စစ်ကောင်စီပိုင် ရတနာပုံခန်းမကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားသည်ဟု ကြားသိရကြောင်း၊ ပြည်သူများ၏ သတင်းပေးပို့မှုများ ရရှိထားကြောင်း၊ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု ရှိသည်ဟု သိရှိရကြောင်း၊ အသေးစိတ်အခြေအနေများကိုမူ သက်ဆိုင်ရာ မစ်ရှင်လုပ်သည့် အဖွဲ့က ထုတ်ပြန်မှသာ သိရှိနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
ထိုစစ်ကောင်စီပိုင် ရတနာပုံခန်းမသည် ၂၀၂၁ ခုနှစ် မေလတွင် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် ဖွင့်လှစ်ခဲ့သော ခန်းမလည်းဖြစ်သည်။
ထို့ပြင် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်တွင် စစ်မှုထမ်းရန် လူငယ်များကို လိုက်လံ စည်းရုံးနေသော စင်္ကြာနွယ်စဉ် ရပ်ကွက်ရုံးကို လက်ပစ်ဗုံးသွင်း တိုက်ခိုက်ခဲ့ကြောင်း Mandalay UG Wolf ARMY အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
မတ်လ ၁၈ ရက်နေ့ ည ၉ နာရီ ၂၀ မိနစ်ခန့်တွင် မဟာအောင်မြေမြို့နယ်ရှိ စစ်မှုထမ်းရန် လူငယ်များကို လိုက်လံ စည်းရုံးနေသော စစ်ကောင်စီ တပ်သားများရှိရာ စင်္ကြာနွယ်စဉ် ရပ်ကွက်ရုံးကို Mandalay UG Wolf ARMY အဖွဲ့က လက်ပစ်ဗုံး ၁ လုံး ပစ်သွင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“မန္တလေး ၇၄ လမ်း၊ ၇၅လမ်း၊ ၃၇ လမ်းပေါမှာရှိတဲ့ စင်္ကြာနွယ်စဉ် ရပ်ကွက်ရုံးထဲမှာ လူငယ်တွေကို စစ်မူထမ်းဖို့ လိုက်လံ ပြောကြားနေတဲ့ စစ်ခွေးတွေရှိတဲ့ ရပ်ကွက်ရုံးကို အသီး ၁ လုံး ပစ်သွင်း တိုက်ခိုက်ခဲ့တယ်။ ထိခိုက်မှု အခြေအနေတော့ အတည်မပြုနိုင်သေးဘူး” ဟု Mandalay UG Wolf ARMY အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
Leave a Reply