မြင်းခြံနယ်အတွင်းပစ္စည်းခိုးမီးရှို့နေတဲ့စစ်ကြောင်းပေပါမိုင်းနဲ့တိုက်ခိုက်ခံရလို့စစ်သားတွေသေ (ရုပ်သံ)

မန္တလေးတိုင်း၊ မြင်းခြံနယ်အတွင်း ရွာစဉ်ပတ်ပစ္စည်းခိုး မီးရှို့နေတဲ့ အကြမ်းဖက်စစ်တပ်ကို ဒေသတော်လှန်ရေးတပ်ဖွဲ့တွေက ပေပါမိုင်းတွေနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်က အများအပြားထိခိုက်သေဆုံးသွားတယ်လို့ နဂါးနီပြောက်ကျားတပ်ဖွဲ့ မြင်းခြံဘက်က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ မတ်လ၁၅ရက်နေ့က ဖြူတွင်းကုန်းရွာကနေမီးရှို့ပစ္စည်းခိုးပြီး နှတ်ချိုတောရွာကိုစစ်ကြောင်းထိုးလာတဲ့ အင်အား၁၀၀ပါစစ်ကြောင်းကို မနက်၉နာရီခန့်မှာ ပေပါမိုင်း ၆လုံးနဲ့မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ ၃ယောက်သေ၊ အများအပြားဒဏ်ရာရသွားလို့ စစ်ကြောင်းကရှေ့ဆက်မတိုးတော့ပဲနှတ်ချိုတောကိုပြန်ဆုတ်သွားတယ်လို့သိရပါတယ်။

အဲဒီစစ်ကြောင်းကို မတ်လ၁၇ရက်နေ့က နှတ်ချိုတောကနေပြန်ထွက်အလာ ရှေ့ပြေးအနေနဲ့ထွက်လာတဲ့ ဆိုင်၃စီးနဲ့စစ်သား၇ယောက်ဟာ မိုင်းကွင်းပေါ်အရောက် ပေပါမိုင်း ၂ လုံးနဲ့ မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ နေရာမှာ ၇ ကောင်သေသွားပြီး အများအပြားအပြင်းအထန် ဒဏ်ရာရသွားတယ်လို့သိရပါတယ်။

“နုတ်ချိုတောမှာစတည်းချပြီး အနီးနားကရွာတွေကိုစစ်ကြောင်းထိုးပစ္စည်းခိုး၊မီးရှို့နေတဲ့စခတွေကို ပေပါမိုင်းတွေနဲ့အဆော်ခံရတာ။ ဆိုင်ကယ်တွေပါစုတ်ပြတ်ကုန်တယ်။ သေတာမြင်တောင်မကောင်းဘူး။ ပြည်သူကိုဒုက္ခပေးတဲ့ခွေးတွေ အလောင်းကိုမလှဘူးဗျ”လို့ဒေသခံတဦးကပြောပါတယ်။

တိုက်ပွဲအတွင်းမှာ ထိခိုက်သေဆုံးသွားသူတွေကို နာရေးကားနဲ့လာတိုက်သွားလို့ နဂါးနီ​ပြောက်ကျားတပ်ဖွဲ့မြင်းခြံကရဲဘော်တွေ နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရာမှာ HONDA CLICK ဘီး ဆိုင်ကယ် ၁စီး သိမ်းဆည်းရမိခဲ့တယ်လို့သိရပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *