နေပြည်တော်နဲ့ အနီးဆုံးရှိပင်လောင်းမြို့နယ် စစ်စခန်းအချို့ကို တော်လှန်ရေးတပ်ဖွဲ့များသိမ်းပိုက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ပင်လောင်းမြို့နယ်၊ဆောင်းပြောင်းရွာရှိ PNO ပြည်သူ့စစ်နှင့်စစ်ကောင်စီတပ်များ ပူးပေါင်းတပ်စွဲထားသောဆောင်းပြောင်းရဲစခန်းနှင့် စစ်စခန်းအချို့ကို တော်လှန်ရေးအင်အားစုများက သိမ်းပိုက်လိုက်ကြောင်း ဒေသခံစစ်ရေးသတင်းရင်းမြစ်များက ပြောပါသည်။

အဆိုပါဒေသတွင် မတ်လ ၁၇ ရက်မှစ၍ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး နောက် မတ်လ ၁၈ ရက်ကဆောင်းပြောင်းရဲစခန်းအပြင် လုံးပြင်၊တောင်မဲသင်း၊ နန်းနိမ် နှင့်ပင်ပုံရွာများရှိ စစ်ကောင်စီစခန်းများကိုပါ ရရှိခဲ့ခြင်းဖြစ်သည်ဟုလည်းသိရပါသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *