ကျိုက်ဒုံတိုက်ပွဲမှာ လက်နက်ချထားတဲ့ ဗျူဟာမှူးနဲ့အဖွဲ့ကို သုံ့ပန်းအဖြစ်ဥပဒေနဲ့အညီ ထိန်းသိမ်းထား

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျိုက်ဒုံဗျူဟာစခန်းကုန်းက အလံဖြူထောင်လက်နက်ချအညံ့ခံလာတဲ့ ဗျူဟာမှူးအပါဝင် စစ်သား၆၀ကျော်ကို စစ်သုံ့ပန်းဥပဒေနဲ့အညီ ထားရှိထားတယ်လို့ KNUဘက်က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၃ရက်နေ့ မနက်အစောပိုင်းကစပြီး ကျိုက်ဒုံဗျူဟာကုန်းပေါ်က စကခ ၁၃ လက်အောက်ခံ နဗဟ ၃ ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကျော်စိုး ဦးဆောင်တဲ့စစ်အုပ်စုကို တိုက်ခိုက်ခဲ့ရာမှာ အရာရှိတွေအပါဝင် စစ်သား ၆၆ ယောက်အလံဖြူထောင်လက်နက်ချခဲ့တာလို့သိရပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်အုပ်စုဘက်က ၁၁ ယောက်သေ၊ ၄ ယောက်ဒဏ်ရာရပြီး တော်လှန်ရေးပူးပေါင်းတပ်ဘက်က ၂ဦးတိုင်းပြည်အတွက် အသက်ပေးလှူခဲ့ရပြီး စစ်အုပ်စုထံကနေ လက်နက်ခဲ့ယမ်းအများအပြားသိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။

KNU တပ်မဟာ (၆) နဲ့ပူးပေါင်းတပ်တွေရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုကိုမခံနိုင်တော့လို့ ဗျုဟာမှူး ဗိုလ်မှူးကြီးနဲ့ အရာရှိ ၁၂ဦးအပါအဝင် ၆၆ ဦး အလံဖြူထောင်လက်နက်ချအညံခံခဲ့ရာ စသ်သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းထားတယ်လို့သိရပါတယ်။

ကျိုက်ဒုံဗျူဟာစခန်းသိမ်းတိုက်ပွဲတွင် စစ်သား ၁၁ ဦးသေဆုံးပြီး လက်နက်ချသော ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကျော်စိုးနှင့် အရာရှိ ၁၂ ဦး အပါအဝင် စစ်သား ၆၆ ဦးကို ကောင်းမွန်စွာ ထားရှိဟု KNU ထုတ်ပြန်

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၆ နယ်မြေ ကော့ကရိတ်မြို့နယ်၊ ကျိုက်ဒုံမြို့ အ ခြေစိုက် ကျိုက်ဒုံ ဗျူဟာကုန်းတိုက်ပွဲတွင် စစ်သား ၁၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိကာ ဗျူဟာမှူး ဗိုလ်မှူးကြီးအောင်ကျော်စိုး နှင့် အရာရှိကြီး ၁၂ ဦး အပါအဝင် ၆၆ ဦး အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့ကြောင်း KNU ဗဟိုက တရားဝင် သတင်းထုတ်ပြန်သည်။

မတ်လ ၁၃ ရက် နံနက် ၆ နာရီအချိန်မှ စ၍ ကော့ကရိတ်မြို့နယ် ကျိုက်ဒုံမြို့ အခြေစိုက် စကခ ၁၃ လက်အောက်ခံ နဗဟ ၃ ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကျော်စိုး ဦးဆောင်သော ကျိုက်ဒုံဗျူဟာ စခန်းကုန်းအား KNU – တပ်မဟာ ၆ KNLA – ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့မှ ဝင်ရောက် တိုက်ခိုက် ချေမှုန်းခဲ့ရာ မတ်လ ၁၄ ရက် ညနေ ၃ နာရီ ၅၅ မိနစ်တွင် စစ်ကောင်စီတပ်မှ ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကျော်စိုး နှင့် အရာရှိကြီးပေါင်း ၁၂ ဦး အပါအဝင် ၆၆ ဦး အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့ပြီးနောက် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရ သည်။

ထိုသို့ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၁ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရခဲ့ပြီး MA-1 – ၂၃ လက် ၊ MA-2 – ၇ လက် ၊ MA-3 – ၂၈ လက် ၊ MA-4 – ၅ လက် ၊ MA-13 OC – ၅ လက် ၊ G-3 – ၁၁ လက် ၊ AK ရိုင်ဖယ် – ၁ လက် ၊ 60 mm ပြောင်းရှည် – ၂ လက် ၊ 60 mm ပြောင်းတို – ၂ လက်၊ 81 mm – ၁ လက် ၊ 120 mm – ၁ လက် ၊ ငါးကြင်းမြီး စက်လက် – ၁ လက်၊ RPG-7 – ၁ လက်၊ MA-5 အတို – ၂ လက် ၊ MAS Sniper – ၁ လက် ၊ Carbine – ၄၂ လက် ၊ Glock – ၁ လက်၊ Drone Slyer – ၂ လက် ၊ Drone အထိုင် Jumper – ၁ ခု ၊ ကျည်ကာ ဦးထုပ် – ၅၂ လုံး ၊ တိုက်မိုင်း – ၃၈ လုံး ၊ လက်ပစ် ဗုံး – ၁၈ လုံး ၊ ရှေ့ထွက်မှိုင်း – ၅ ခု၊ အီနာဂါ – ၂၃ လုံး၊ RPG ကျည် – ၄၆ လုံး ၊ 60 mm ကျည် – ၈၁ လုံး ၊ လက်နက်ငယ် ကျည် – ၃၃၆၀ တောင့်၊ နှာတိုကျည် – ၆၈၃၂ တောင့် ၊ 120 mm ကျည် – ၂၂ လုံး၊ လက်နက်ငယ် ကျည်ဘောက် – ၁၂၇ ဘောက် ၊ လက်နက်ငယ် ကျည်ဘောက် အဝိုင်း – ၄ ခု ၊ G-3 ကျည်ဘောက် – ၁၅ ဘောက်၊ .5 ကျည် – ၄၀၀ တောင့် ၊ ဆိုလာ အကြီး – ၁၀ ချပ် ၊ ဘက်ထရီး အကြီး – ၁၀ လုံး၊ Printer – ၄ လုံး ၊ Projector – ၂ လုံး ၊ ဓာတ်မှန်ရိုက်စက် – ၁ လုံး နှင့် မီးစက် – ၂ လုံး စ သည့် လက်နက်ခဲယမ်းများ နှင့် အခြားပစ္စည်းများအား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ယင်းစခန်းသိမ်းတိုက်ပွဲ အတွင်း KNLA – ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်နှင့် တော် လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့မှလည်း ၁ ဦး ဒဏ်ရာရရှိပြီး ၂ ဦး မှာ တိုင်းပြည်နှင့် ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေး အတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ကြောင်း၊ ထို့အပြင် တိုက်ပွဲအတွင်း လိုအပ်သည်များ ကို ပူးပေါင်းပါဝင် ကူညီ ဆောင်ရွက်ပေးသည့် ပြည်သူတစ်ဦးမှာလည်း နင်းမိုင်း ထိမှန် ဒဏ်ရာရခဲ့ ကြောင်း သိရသည်။

ကျိုက်ဒုံဗျူဟာကုန်း စခန်းသိမ်းတိုက်ပွဲ ၂ ရက်အတွင်း အကြမ်းဖက် စစ်ကောင်စီက လေကြောင်း ပစ်ကူဖြင့် ၁၅ ကြိမ် လာရောက် ဗုံးကျဲ ပစ်ခတ်ခဲ့ကြောင်း သိရသည်။

စခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်ချ အညံ့ခံခဲ့သည့် ဗျူဟာမှူး နှင့် အရာရှိကြီးပေါင်း ၁၂ ဦး အပါ အဝင် ၆၆ ဦးကို ညှင်းပန်း နှိပ်စက်ခြင်း တစ်စုံတစ်ရာပြုခြင်းမရှိဘဲ ဘေးကင်းလုံခြုံစွာပြုစုစောင့် ရှောက်ပေးထားပြီး KNU – ကရင်အမျိုးသား အစည်းအရုံးမှ စစ်သုံ့ပန်း ဥပဒေနှင့် အညီ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် တပ်မဟာ ၆ အတွင်း အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်စခန်းများအား စခန်းသိမ်းတိုက်ပွဲအဖြင့် သော်လည်းကောင်း၊ မြို့တွင်း တိုက်ပွဲအဖြင့် သော်လည်းကောင်း ဖော်ဆောင်လျက်ရှိနေပြီး နေ့စဥ်နှင့်အမျှ တိုက်ပွဲများ ပြင်းထန် လျက် ရှိကြောင်း သိရသည်။

ကျိုက်ဒုံမြို့ရှိ စစ်ကောင်စီတပ်၏ မဲသရောထစခန်းနှင့် ဂျိုးဖြူချက်ပွိုင့် တောင် ကုန်းကို KNLAနှင့် SOF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက် ၊ စစ်သားအလောင်း ၅ လောင်း၊ လက်နက် ၆၁ လက်နှင့်ခဲယမ်းများ ရရှိ

စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ဦးခန့် ထိုင်းနိုင်ငံသို့ ထွက်ပြေးပြီး ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်ကို တော်လှန်ရေးတပ်များ ထိန်းချုပ်

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့ရှိ စစ်ကောင်စီတပ်၏ မဲသရောထစခန်းကို KNLAနှင့် SOF တပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်လိုက်ရာ စစ်သားအလောင်း ၅ လောင်း၊ လက်နက် ၆၁ လက်နှင့်ခဲယမ်းများ ရရှိကြောင်း တောင်ပိုင်းစစ်ဒေသ၊ အထူးတပ်ဖွဲ့၏ တပ်ဖွဲ့မှူး ကိုအောင်စံရှားကပြောဆိုသည်။

မတ်လ ၁၉ ရက်နေ့တွင် KNU တပ်မဟာ (၆) နယ်မြေ၊ ကျိုက်ဒုံမြို့နယ်ရှိ မဲသရောထစခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းနိုင်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်၏ စကခ ၁၉ လက်အောက်ခံ ခမရ ၅၅၇ နှင့် ခမရ ၅၅၈ မှ တပ်သားများအထိုင်ချတပ်စွဲထားသော မဲသရောထ စခန်းကုန်းကို မတ်လ ၁၅ ရက်နေ့မှစ၍ ပိတ်ဆို့တိုက်ခိုက်ခဲ့ပြီး မတ်လ ၁၅ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်အချိန် တပ်ကြပ်ကြီး သက်နိုင်ဦးသည် MA4 ပူးတွဲသေနတ် ၁ လက်၊ ၄၀မမဗုံး ၁၀ လုံး၊ ၅.၅၆ ကျည် ၂၀၀ တောင့်နှင့် လက်နက်ချအညံ့ခံလာခဲ့ကြောင်း သိရှိရသည်။

မတ်လ ၁၈ ရက်နေ့တွင် KNLA နှင့် SOF ချေမှုန်းရေးတပ်ဖွဲ့က စစ်ကောင်စီတပ်စခန်းကို ထိုးစစ်ဆင်၍ တက်ရောက်ရှင်းလင်းခဲ့ရာ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာ ထွက်ပြေးသွားသောကြောင့် စခန်းကုန်းကို မီးရှို့ရှင်းလင်းနိုင်ခဲ့ကြောင်း၊ မတ်လ ၁၉ ရက်နေ့တွင် စစ်သားများ ထပ်မံအခြေချတပ်စွဲထားသည့် ဂျိုးဖြူချက်ပွိုင့် တောင်ကုန်းအားပိတ်ဆို့၍ ထပ်မံတိုက်ခိုက်ချေမှုန်းခဲ့ရာ တစ်နေကုန်တိုက်ပွဲပြင်းထန်ခဲ့ပြီး မတ်လ ၁၉ ရက်နေ့ ညနေ ၄ နာရီ ၁၅ မိနစ်အချိန်တွင် စခန်းကုန်းအား သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ပွဲတွင် စစ်သားများ၏ သေဆုံးရုပ်အလောင်း ၅ လောင်းနှင့် လက်နက်ကြီးလက်နက်ငယ် စုစုပေါင်း ၆၁ လက်နှင့် ခဲယမ်းများစွာ သိမ်းဆည်းရမိခဲ့ကြောင်း၊ ကျန်ရှိနေသာ စစ်ကောင်စီတပ်သား ၅၀ ဦးခန့်မှာ ထိုင်းနိုင်ငံဘက်ခြမ်း ပိုင်ခလိုင်ရွာဘက်သို့ ထိခိုက်ဒဏ်ရာများစွာဖြင့် ဆုတ်ခွာထွက်ပြေးခဲ့ကြောင်း၊ KNLA နှင့် SOF မှရဲဘော်များ အထိအခိုက်မရှိဘဲ နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း၊ ထိုင်း-မြန်မာနိုင်ငံဘက်ခြမ်း နယ်စပ်တလျှောက်အား နယ်မြေစိုးမိုးထားကြောင်း သိရှိရသည်။

“ကျိုက်ဒုံမြို့နယ် မဲသရောထ စခန်းသိမ်းပွဲ” မှာ ရန်သူ ၅ ဦးအလောင်းနဲ့ လက်နက် ၆၀ ကျော်ရတယ်၊ ကျန်တဲ့စကစ ၅၀ လောက် ထိုင်းဘက်ခြမ်း ပိုင်ခလိုင်ရွာကို ထွက်ပြေးသွားတယ်။ KNLA နဲ့ SOF ပူးပေါင်းအဖွဲ့ရဲ့ တိုက်ပွဲပါ” ဟု တောင်ပိုင်းစစ်ဒေသ၊ အထူးတပ်ဖွဲ့၏ တပ်ဖွဲ့မှူး ကိုအောင်စံရှားကပြောဆိုသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *