KNLA ၊ PDF နဲ့ပူး​ပေါင်းတပ်​တွေ မတ် ၇ ရက်​ကစ၍ထိုးစစ်ဆင်သိမ်းပိုက်ထားတဲ့စခန်း​များ

KNU/KNLA ဦး​ဆောင်ပြီး​တော့PDF ​တွေ ၊မဟာမိတ်တပ်​တွေဟာ မတ် ၇ ရက်ကစပြီးစစ်​ကောင်စီတပ်စခန်း​တွေကို အရှိန်မြှင့်ထိုးစစ်ဆင်တိုက်ခိုက်​နေပါတယ် ။

နှစ်ပါတ်အတွင်းမှာ ဗျူဟာကုန်း​တွေ၊တပ်ရင်း​စခန်းတွေ အပါအဝင် စစ်​ကောင်စီရဲ့ အဓိက စခန်းကြီး ၅ ခုကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဒီတိုက်ပွဲ​တွေအတွင်း စစ်​ကောင်စီတပ်က စစ်သုံ့ပန်း တစ်ရာ​ကျော်ရှိခဲ့သလို လက်နက်မျိုးစုံအလက် ၄၀၀ ​ကျော်ကို ​တော်လှန်​ရေးတပ်​တွေက သိမ်းပိုက်နိုင်ခဲ့ပါတယ် ။

KNU ဦး​ဆောင်တဲ့ ​တော်လှန်​ရေးတပ်​တွေဟာ သိမ်းပိုက်ဖို့ ကျန်နေ​သေးတဲ့သင်္ဃန်းညီနောင် စစ်ဗျူဟာစခန်း၊ ခမရ-၃၅၇ တပ်ရင်း၊ ခလရ-၂၇၅ တပ်ရင်း​တွေကိုလည်း ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်​နေပါတယ်။

KNU တပ်မဟာ(၇)နယ်မြေ၌ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်သား ၁၁ ဦး ဖမ်းဆီးရမိ

ထိုင်း- မြန်မာနယ်စပ်၊ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၇) နယ်မြေ မဲသဝေါအကျော်တွင် စစ်ကောင်စီတပ်သားများနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KNU တပ်မဟာ (၇) သတင်းရင်းမြစ်ထံက သိရသည်။

မတ်လ ၁၇ ရက်နေ့က တပ်မဟာ (၇) နယ်မြေ၊ မဲသဝေါအပေါ်ဘက်ရှိ စစ်ကောင်စီတပ်စခန်းများသို့ ဘူဒိုဇာကားများဖြင့် လမ်းပြင်ရန်ဟူသည့် အကြောင်းပြချက်ဖြင့် ရောက်လာသည့် အင်အား ၂၀ ဝန်းကျင်ပါ စစ်ကောင်စီတပ်သားများနှင့် နယ်မြေတွင်းရှိ KNLA အကြား တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်းရင်းမြစ်​၏ ပြောကြားချက်အရ ဘူဒိုဇာကားများတွင် လက်နက်ခဲယမ်းများထည့်၍ ယူဆောင်လာကြောင်း သိရသည်။

“ ၁၇ ရက်နေ့ကဖြစ်တာ။ မဲသဝေါအကျော် နော်တ- မာနယ်ပလော လမ်းမှာ ဖြစ်တာ။ လက်နက်တွေ ရလိုက်တယ် သူတို့က လမ်းပြင်မယ်ဆိုပြီး သွားတယ်လေ၊ ဒီဘက်က သူတို့ကို အဲ့ဒီလိုမသွားဖို့ ပြောထားတယ်၊ သွားရင် ပစ်မယ်လို့ပြောထားတာ သူတို့ဘက်ကလည်း မင်းတို့ပစ်ရင် ငါတို့ပြန်ပစ်မှာပေါ့ဆိုတော့ ပစ်ရောပေါ့” ဟု KNU တပ်မဟာ (၇) သတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၁ ဦး ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်းအချို့သိမ်းဆည်းရမိခဲ့ကာ စစ်ကောင်စီတပ်သားတဦး လက်နက်အပြည့်အစုံဖြင့် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးလွတ်မြောက်သွားကြောင်း သတင်းရင်းမြစ်ထံက သိရသည်။

ယခု တိုက်ပွဲဖြစ်ပွားမှုသည် စစ်ကောင်စီအာဏာသိမ်းပြီး သုံးနှစ်ကျော်အတွင်း KNU တပ်မဟာ (၇) နယ်မြေတွင် ပထမဆုံးအကြိမ် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း သိရသည်။

Leave a Comment